နာဂစ် မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ်တွင် အဓမ္မလုပ်အားပေး ခိုင်းစေမှုများရှိ

E-mail Print
နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒေသများ ပြန်လည် ပြုပြင် တည်ဆောက်ရေးအတွက် ဒေသခံ ရွာသူရွာသားများကို အတင်းအကျပ် လုပ်အားပေး စေခိုင်းမှုများ ရှိနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် လပွတ္တာ - သင်္ကန်းကြီးမြို့နယ် ကားလမ်းဖောက်လုပ်နေရာ လိုအပ်သည့် အလုပ်သမားများအဖြစ် ဒေသခံ အမျိုးသမီး၊ အမျိုးသားများကို စစ်အာဏာပိုင်များက ဖိအားပေး ခိုင်းစေလျှက်ရှိကြောင်း ၀ါးဘိုးကုန်းကျေးရွာသူ တဦးက ပြောပြသည်။

“ကားလမ်းဖောက်နေတဲ့ ကုန်းကြီး ကျေးရွာကို မနက် ၈ နာရီ မထိုးခင် ရောက်ရတယ်။ အဲလိုရောက်ဖို့ ကျမတို့ ရွာကနေ မနက် ၅ နာရီခွဲကတည်းက ထလာခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ သူက ကိုယ်ဝန်လေးလ လွယ်ထားရသူဖြစ်သည်။

ကားလမ်းဖောက်ရာတွင် ပြင်စလူအုပ်စုအတွင်းမှ ကျေးရွာများတွင် နေထိုင်သူတိုင်း တမိသားစုလျင် တယောက်ကျ မဖြစ် မနေ ပါဝင်လုပ်အားပေးရမည်ဟူသော အမိန့်ထွက်လာပြီး နောက်ပိုင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ လုပ်အားပေး ဆင်းနေရကြောင်း သူက ဆက်ပြောသည်။

“ကျမယောက်ျားကလည်း ပြင်စလူမြို့ပေါ်က ဆောက်လုပ်ရေးတွေမှာ သွားပြီးလုပ်အားပေး နေရတယ်၊ အိမ်မှာလည်း သူနဲ့ ကျမကလွဲရင် ၅ နှစ်အရွယ် သမီးလေးပဲ ကျန်တော့ ကျမဘဲ လုပ်အားပေး ဆင်းပေးရတာပေါ့” ဟု သူကဆိုသည်။

ပြင်စလူမြို့နယ်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပြင်စလူအုပ်စုခွဲမှ ကျေးရွာ တရွာလျင် လုပ်နိုင် ကိုင်နိုင်သော အမျိုးသား အယောက် ၅၀ ကို မဖြစ်မနေ ထည့်ပေးလိုက် ရကြောင်း ကုန်းကြီးကျေးရွာ ရယက ဥက္ကဌက ပြောသည်။

ကုန်းကြီးရွာမှ အရွယ်ကောင်း ယောက်ျားသား အတော်များများမှာ ပြင်စလူ ဆောက်လုပ်ရေးများတွင် သွားရောက် လုပ်အား ပေးနေသောကြောင့် ယခုကဲ့သို့ လမ်းဖောက်ရန် တအိမ် တယောက် မဖြစ်မနေ ပါဝင်ရသည့်အခါ၌ အိမ်ရှိ နေမကောင်းသူ များ၊ ကိုယ်ဝန်ဆောင် အမျိုး သမီးများပါ ပါဝင်နေရကြောင်း ကုန်းကြီးရွာခံများထံမှ သိရသည်။

ယခုကဲ့သို့ မဖြစ်မနေ လုပ်အားပေး ဆင်းနေရသည်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ကတည်းက ဖြစ်ပြီး မည်သည့် နေ့ရက် အထိ ဆက်လက် လုပ်ဆောင် နေရမည်ဆိုခြင်းကို မသိရသေးဘဲ လုပ်အားပေးမဆင်းလျင် ခွဲတမ်းပစ္စည်းများ ပေးမည် မဟုတ်ဟု သက်ဆိုင်ရာအာဏာပိုင်များက အကြောင်းကြားထားသည်ဟု ဒေသခံ ရွာသားများက ဆိုသည်

လေဘေးသင့် ဒုက္ခသည်များအတွက် ခွဲတမ်းပစ္စည်းများမှာ ယူနီဆက်ဖ်၊ ယူအန်ဖက်ဖ်ပီနှင့် တခြားသော အိုင်အန်ဂျီအို၊ အန်ဂျီအိုများမှ လှူဒါန်းထားသည့် အိမ်ဆောက်ပစ္စည်းများ၊  ပြည်တွင်း စေတနာရှင်များ လှူဒါန်းထားသော မိုးရေကာ ဖျင်များ၊ အ၀တ်အထည်များ၊ အစားအသောက်များနှင့် ဆေးဝါးပစ္စည်းများ စသည်တို့ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်