ကြွက်ကြောင့် လပွတ္တာလယ်သမားများ အခက်ကြုံရ

E-mail Print
လပွတ္တာခရိုင် အတွင်းရှိ ကျေးရွာများတွင် ကြွက်များ များပြားလာပြီး စပါးခင်းများကို ၀င်ရောက် ဖျက်ဆီး နေသဖြင့် လယ်ယာလုပ်ကိုင် သူများ စားဝတ်နေရေး အခက်ကြုံနေရကြောင်း ဒေသခံများက ပြောကြသည်။

“မနှစ်က မုန်တိုင်းကြောင့် လယ်စိုက်လို့မရဘူး။ ဒီနှစ်ကျတော့ အေးအေးဆေးဆေး လယ်စိုက်မယ် တွေးထားတာ ကြွက်က ဒုက္ခပေးပြန်ပြီ။ စပါးတွေ စသီးပြီး နို့ရည်ဆမ်းတဲ့ အချိန်မှာ ကြွက်တွေ ၀င်ကိုက်တော့ ပျက်ပြီပေါ့ဗျာ” ဟု လပွတ္တာခရိုင် ကညင်ကုန်းကျေးရွာမှ လယ်ယာ လုပ်ကိုင်သူ ဦးသောင်းဌေးက ပြောသည်။

အဆိုပါ ကြွက်များသောင်းကျန်းမှုကြောင့် လယ်ယာလုပ်ကိုင်သူများမှာ ငွေကြေးများစွာ ဆုံးရှုံးနေရသည်ဟု သူက ဆိုသည်။

လယ်ကြွက်များသည် အရွယ်အစားအားဖြင့် သာမန်ထက် ပိုမိုကြီးနေကာ နာဂစ် ဆိုင်ကလုန်း တိုက်ခိုက်ပြီး တနှစ်ကျော်အကြာတွင် ပိုမိုများပြားလာကာ စိုက်ခင်းများကို အန္တရာယ်ပြုလာကြောင်း လပွတ္တာခရိုင်တွင် ပြန်လည်ထူထောင်ရေး လုပ်ကိုင်နေသော NGO ၀န်ထမ်းတဦးက ပြောသည်။

“ဧက ၆၀ စိုက်တဲ့သူဆို စပါးရိတ်ချိန်မှာ ဧက ၃၀ လောက်ပဲ ရတော့တယ်၊ ကျန်တာ ကြွက်ကိုက်လို့ ပျက်စီးသွားတာ၊ ကျန်တဲ့ စပါးအတွက်တောင် မအိပ်မနေ စောင့်ရှောက်ကြရတာ၊ ကြွက်နှိမ်နင်းရေးတွေ သိပ်မထိရောက်ဘူး” ဟု ၎င်းက ဆိုသည်။

လပွတ္တာ ခရိုင်အတွင်းတွင် ပြန်လည်ထူထောင်ရေး လုပ်ကိုင်သော အဖွဲ့အစည်းများနှင့် ရွာလူကြီးများ ပူးပေါင်းကာ ကြွက်နှိမ်နင်းရေး လုပ်ငန်းစဉ်တရပ်အဖြစ် လူတဦးလျှင် တနေ့ ကြွက်မြီး ၅ချောင်း၊ ၇ ချောင်း ရှာခိုင်းပြီး ကြွက်မြီး မရှာနိုင်သူများကို ဒဏ်ရိုက်သည့် စနစ် ကျင့်သုံးကြကြောင်း လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူ ဦးမြမောင်က ပြောသည်။

“ပြောရရင် ကြွက်တွေသတ်ပြီး ယူလာခဲ့လို့ မပြောဘဲ ကြွက်မြီးတွေ ယူခဲ့ခိုင်းတာ။ အစောပိုင်းတော့ လိုက်ရှာသတ် အမြီးဖြတ်ကြတာပေါ့၊ နောက်ပိုင်းကျတော့ ဖမ်းလို့မရတော့ဘူး။ အမြီး ၅ ချောင်းမပေးနိုင်ရင် ဒဏ်က အရိုက်ခံ ရမှာဆိုတော့ အမြီးအတုတွေ လုပ်ပြီး သွားအပ်တယ်။ ကြွက်ဒုက္ခပေးရတဲ့ အထဲ ဒဏ်ငွေကြောင့် စိတ်ပျက် ရတယ်” ဟု သူက ဆက်ပြောသည်။

ဧရာဝတီတိုင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံကာကွယ်ရေးဌာန အနေဖြင့်လည်း ကြွက်များကို ကာကွယ်နိုင်နင်းနိုင်ရန် နည်းလမ်းများ ညွှန်ကြားထားသော်လည်း ထိရောက်စွာ မနှိမ်နင်းနိုင်ကြောင်း ဦးသောင်းဌေးက ပြောသည်။

“လယ်လုပ်ဖို့ ပိုက်ဆံတွေက အတိုးနဲ့ ယူပြီး လုပ်ကြရတာ၊ အမြတ်ကောင်းကောင်း မရတဲ့အပြင် ရှုံးတဲ့သူက ရှုံးနေတော့ စားဝတ်နေရေး အရမ်းခက်ခဲနေတယ်၊ လာလှူတဲ့သူတွေလည်း မရှိတော့ဘူး။ အဲဒီလို မရှိလည်း ကိုယ့်အလုပ်ကိုယ် လုပ်နိုင်ရင် အဆင်ပြေတာပေါ့ဗျာ” ဟု ကြားကုန်းလေး ကျေးရွာမှ ဒေသခံ တဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်