ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်ခရီးစဉ် မသေချာ

E-mail Print
ကမ္ဘကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးတိုးတက် ပြောင်းလဲမှု မတွေ့ရှိပါက လာမည့်ဒီဇင်ဘာလအတွင်း သွားရောက်မည့် မြန်မာနိုင်ငံခရီးစဉ် မသေချာကြောင်း ပြောသည်။

ယမန်နေ့က နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချူပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များကို ဤကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မစ္စတာဘန်ကီမွန်းက “ကျနော့်အနေနဲ့မြန်မာနိုင်ငံကို သင့်တော်တဲ့အချိန်မှာ ပြန်သွားချင်ပါ တယ်၊ ဒါပေမယ့် ကုလသမဂ္ဂက တောင်းဆိုထားတဲ့အတိုင်း မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ် ပေးဖို့ဆိုတဲ့ တိုးတက်ပြောင်းလဲမှု တစုံတရာမျှော်လင့်စရာ မရှိဘူးဆိုရင် ကျနော် မြန်မာနိုင်ငံကို ထပ်သွားမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် လကုန်ပိုင်းကကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း ၀န်ကြီးအဆင့်များပါဝင်သော “မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများ အဖွဲ့”နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံ ခရီးစဉ်အတွက် အခြေခံလိုအပ်ချက်တွေ လုပ်ဆောင်ဖို့ အချိန်ပိုယူရပါဦးမယ်၊ ကျနော့်အနေနဲ့ အခြေအနေ အချိန်အခါကိုလည်း ထည့်စဉ်းစားရမှာဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်း ကပြောခဲ့သည်။

အဆိုပါ “မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများအဖွဲ့”သည် နိုင်ငံပေါင်း ၁၄နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက် ဆက်နွယ်သည့် ပြဿနာမျာကို ဖြေရှင်းရာတွင် ကူညီရန် နှင့် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များကိုအထောက် အကူပြုရန်အတွက် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်း မစ္စတာဘန်ကီမွန်းက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မစ္စတာ ဘန်ကီမွန်း၏ ဒီဇင်ဘာ မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ က ယခုနှစ် သြဂုတ်လအတွင်းက သွားရောက်ခဲ့သော ၎င်း၏ ၆ ကြိမ် မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း၌ ပြောဆိုကြေညာခဲ့ခြင်းဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံသို့ ပထမအဆုံးအကြိမ် သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင် ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။ ခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်