အဆိုတော်ချစ်ကောင်း ဓားဒဏ်ရာရ

E-mail Print
အာရှပလာဇာ အရှေ့တွင် အဆိုတော် ချစ်ကောင်း ဓားဒဏ်ရာရကြောင်း ဂီတအသိုင်းအ၀န်းမှတဆင့် သိရသည် ။

လွန်ခဲ့သည့် ၂ ရက်က အဆိုတော် ချစ်ကောင်းအား ၎င်းနှင့်ပတ်သက်သည့် အမျိုးသမီးတဦးက ဓားဖြင့် ရန်ပြုသဖြင့် ညာဘက်ခြေထောက်တွင် ပြတ်ရှသည့်ဒဏ်ရာရရှိပြီး စိုးရိမ်ဖွယ်မရှိကြောင်းနှင့် ရန်ကုန်ဆေးရုံကြီးမှ ယနေ့ဆင်းမည်ဟု ဂီတအသိုင်းအ၀န်းက ပြောသည်။

အဆိုတော် ချစ်ကောင်း၏ ပရိသတ်တဦးက “ကြားရတာ စိတ်မကောင်းပါဘူး။ ချစ်ကောင်းက ဒီဘက်နောက်ပိုင်း ပွဲတွေမှာ အစီအစဉ်မှူးလဲ လုပ်သဗျ၊ သူက အသံသြဇာနဲ့ ဟန်ပန်တွေလဲ ကောင်းတယ်” ဟု ပြောသည်။

တခြား ပရိသတ်တဦးကလည်း “အနုပညာနယ်ပယ်မှာ ကြာရှည်ရပ်တည်နိုင်တဲ့ သူ့အစွမ်းအစ လေးကို သဘောကျပေမယ့် သူ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက်တော့ အထူးတလည် မခံစားမိပါဘူး” ဟု ပြောသည်။

အခင်းဖြစ်ပွားမှုသည် အဆိုတော် ချစ်ကောင်း၏ ကိုယ်ရေးကိုယ်တာများနှင့် ပတ်သက်နေ သောကြောင့် အနုပညာ အသိုင်းအ၀န်းက အကျယ်တ၀င့် ပြောကြားခြင်း မရှိပေ။

အနုပညာအသိုင်းအ၀န်းနှင့် ရင်နှီးသူများက ဗိုလ်ချစ် ဟုခေါ်သော အဆိုတော် ချစ်ကောင်းသည် ၁၉၈၀ ကျော် ကာလများ ကတည်းက တေးရေး ၀င်းမင်းထွေး၏ ကော်ဖီခါးခါး တေးစီးရီးဖြင့် အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်