၂၀၁၀ ရွေးကောက်ပွဲ လိုချင်သည့် ပုံစံလုပ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး ယုံထားလား

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးခင်က ပြုလုပ်သော အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေး (လေးလပတ် အစည်းအဝေး) တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် နိုင်ငံရေး အကြောင်းမပါဝင်ဘဲ ရွေးကောက်ပွဲလွန် အနာဂတ် ဖွံ့ဖြိုးမှုများကိုသာ ပြောဆိုသည့် အတွက် ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

ယင်း စစ်ဗိုလ်ချုပ်ကြီးများ၏ လေးလပတ် အစည်းဝေးတွင် စစ်အစိုးရ အာဏာ ရယူခဲ့သော နှစ်ပေါင်း၂၀ အတွင်း တည်ဆောက်ခဲ့သည့် စီးပွားရေး စီမံကိန်းများ၊ လမ်းတံတား စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့ စီမံကိန်းများ၊ ရေအားလျှပ်စစ် စီမံကိန်းများသည် အနာဂတ်တွင် မလွဲမသွေ တိုးတက်လာမည် ဖြစ်ကြောင်းကိုသာ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သည်ဟု ဧရာဝတီက ရရှိထားသော အထောက်အထား များအရ သိရှိရသည်။

၎င်းအစည်းအဝေးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း စစ်တပ်အသိုင်းအ၀ိုင်းကပြောသည်။

ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးပြောဆိုခဲ့သည့် မြန်မာပြည်စီးပွားရေးဖွံဖြိုးတိုးတက်မှု အကြောင်းများသည် တရုတ် နိုင်ငံ၏ အကျိုးစီးပွားအား ပိုမိုအကျိုးဖြစ်ထွန်းစေမည့် ကိစ္စများဖြစ်သည်ဟု စစ်တပ်အတွင်းဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အရေးပါသည့် ကိစ္စရပ်တခု အဖြစ် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် သဘောထားလျှင် ပထမဆုံး ကြားဖြတ်အစိုးရ တခုကို ဖွဲ့စည်းရန်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ကြားဖြတ်အစိုးရတွင် လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးများကို အဓိကတာဝန်ပေးရမည်ဖြစ်ပြီး လစ်လပ်သွားသည့် နေရာများတွင် အစားထိုးရန် မျိုးဆက်သစ်စစ်အရာ ရှိများကို ခန့်အပ်တာဝန်ပေးရမည်ဖြစ်သော်လည်း ပြီးခဲ့သည့်အစည်းအဝေးတွင်ပြင်ဆင်ပြုလုပ်ခဲ့ခြင်း မရှိခဲ့ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသည် ၎င်းထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့်စာနှင့် ပတ်သက်၍ အကြောင်းပြန်ကြားမှု မရှိခြင်း၊ စစ်တပ် အတွင်း ရာထူးအပြောင်းအလဲများမပြုလုပ်ခြင်း၊ ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေများကို မထုတ်ပြန် သေးခြင်း စသည့်အချက်အလက်များကို ကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး၏ရည်မှန်းချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး မဟုတ်ဘဲ ၊နိုင်ငံတကာအား လှည့်စားနိုင်ရန်အတွက် ထိတွေ့ဆက်ဆံမှုပြုလုပ်ပြီး လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို လိုချင်သည့် ပုံစံအတိုင်းကျင်းပနိုင်ရန်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

မကြာသေးမီက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံစေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်းသို့ ရေကူးဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောအား ပြန်လည်လွှတ်ပေးခြင်း စသည့်ကိစ္စရပ်များကို ပြုလုပ်ခြင်းသည် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အားနည်းချက်များရှိသည့်အချိန်တွင် လုပ်ဆောင်လေ့ရှိသည့် မဟာဗျူဟာမြောက် လှုပ်ရှားမှုများသာဖြစ်သည်ဟု စစ်တပ်အတွင်း ပြောဆိုဝေဖန်နေကြသည်။

အလားတူ ပြီးခဲ့သည့် သောကြာနေ့ကပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေး တွင်လည်း တိုင်းပြည်၏ တည်ဆောက်ပြုပြင် ကဏ္ဍများနှင့် အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်ရေးကိုသာ ဗိုလ်ချုပ်မှူးကြီးက အလေးပေးပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးက အမျိုးသားပြန်လည်သင့်မြတ်ရေးထက် အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ရေးအတွက် ပိုမိုဦးစားပေးနေသည် ဟု နိုင်ငံရေး လေ့လာသူများကလည်း ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်