အဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူများက တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်၊ ရှေ့နေပါဝါ ရုပ်သိမ်းရန် ပြောဆို

E-mail Print
စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးလှုပ်ရှားသူများက ၎င်းတို့ကိုတရားစွဲဆို ရုံးထုတ်ရာ တရားခွင်ကို အယုံအကြည်မရှိသောကြောင့် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုနိုင်ကြောင်းနှင့် အကျိုး ဆောင် ရှေ့နေပါဝါများကို ရုပ်သိမ်းရန် တောင်းဆိုကြကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် သောကြာနေ့က ရွှေသံစဉ် ကိုဝင်းမော်၊ ကိုမြတ်စံ၊ ကိုတင့်ဆန်း၊ ကိုအောင်သွင်၊ ကိုအောင်မြင့်၊ ကိုအောင်ဇော်ဦး၊ ကိုကျော်စိုး၊ ကိုမောင်ကံ တို့ကို အင်းစိန်ထောင် မင်္ဂလာ တောင်ညွန့် သီးသန့် တရားရုံး၌ ရုံးထုတ်ချိန်တွင် တရားရုံးကို တရားမျှတသည်ဟု အယုံအကြည်မရှိ၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်မည် မဟုတ်သော ကြောင့် ရှေ့နေပါဝါများကို ပြန်လည် ရုပ်သိမ်းရန် တောင်းဆို သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

“ကျနော်တို့ကတော့ ရှေ့နေနဲ့ အမှုသည်နဲ့ တာဝန်ယူ ဆောင်ရွက်မှုမှာ အမှုသည်က ရပ်ပါဆိုရင် ရပ်ရတယ်၊ ရှေ့နေကြီးတို့ရဲ့ ပါဝါကို ပြန်ရုပ်ပါဆိုရင် ကျနော်တို့ က အမှုသည်ရဲ့ ဆန္ဒအတိုင်း လက်ခံရပါတယ်၊ ကျနော်တို့ ဆောင်ရွက်မှုအပေါ်မှာ မကျေ နပ်လို့ မဟုတ်ဘူး၊ တရားရုံးကို ပူးပေါင်းဆောင်ရွက်မှု မလုပ်တော့တဲ့အတွက် ရှေ့နေလည်း မလိုဘူးဆိုတဲ့ သဘောပဲ၊ သူတို့က အပြန်အလှန် အမေးအဖြေ လုပ်မှာ မဟုတ်ဘူးလို့ ပြောတယ်” ဟု ဦးခင်မောင်ရှိန်က ဧရာဝတီသို့ ပြောဆိုသည်။

ယခုအမှုနှင့်ပတ်သက်ပြီး လာမည့် သောကြာ ရုံးချိန်းမှ စတင်၍ ရှေ့နေပါဝါ ရုပ်သိမ်းမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ယင်းရွှေသံစဉ် ကိုဝင်းမော်အား ၂၀၀၇ ခု နိုဝင်ဘာ လကုန်ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(ခ) နှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ပုဒ်၁၃(၁)တို့ ဖြင့် စွဲဆိုထားကြောင်းသိရသည်။

ယခင်အပတ် အင်္ဂါနေ့ကလည်း အင်းစိန်ထောင် စမ်းချောင်းမြို့နယ် သီးသန့်တရားရုံးတွင် ရုံးထုတ်သည့် ပုဒ်မ ၁၃(၁)၊ ၁၇(၁)၊ ၁၇(၂၀) စသည်တို့ဖြင့် စွဲဆိုခံထားရသော ဘိုကလေးမြို့မှ ကိုပြည့်ဖြိုးလှိုင် အပါအ၀င် ၉ ဦးအမှု ကို ရုံးထုတ်ရာ ၎င်းတို့က ရှေ့နေပါဝါရုပ်သိမ်းရန် တောင်းဆိုသည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

“ဘာကြောင့်လည်း ဆိုတော့ သူတို့က တောင်းဆိုချက် ၃ ခုတောင်းဆိုတယ်၊ Free and fair လွတ်လပ်မှု၊ တရားမျှတမှု ရှိဖို့၊ အခုမရှိဘူး၊ နောက်တခုက မိသားစု အပါအ၀င် အများပြည်သူရှေ့ မှောက် မှာ တရားစီရင်ဖို့၊ တရားစီရင်မှုမှာ အာဏာပိုင် အဖွဲ့အစည်းက ၀င်ရောက်စွက်ဖက်မှု မပြုဖို့ ၊ ဒီ ၃ ချက်မရှိ ရင်၊ မရရင် သူတို့က တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး၊ မေးတာဖြေတာတွေ မလုပ်ဘူး၊ ဒါကြောင့် ရှေ့နေပါဝါ ပြန်ရုပ် သိမ်းခိုင်းတာပါ”ဟု ၎င်းက ပြောပြသည်။

ယခင်အပတ် တနင်္လာနေ့ကပင် ပုဒ်မ ၁၃(၁) ၊ ၁၇(၁)၊ ၂၉၅(က)၊ ၁၄၃၊ ၁၄၅ တို့ဖြင့် စွဲဆိုထားသော ကိုထွန်းထွန်းဦး၊ ကိုမောင်မောင်လတ်၊ ကိုအောင်ကျော်မိုး၊ မထားထားသက် တို့ ၄ ဦး အမှုကို အင်းစိန်ထောင် အရှေ့ပိုင်း ခရိုင် သီးသန့် တရားရုံးတွင် ရုံးထုတ်ရာ၌ ၎င်းတို့က မိသားစုများကြားနာခွင့်မရ၊ တွေ့ခွင့်မရသည့် အတွက် အမေး အဖြေ မပြုလုပ်နိုင် ကြောင်းနှင့် ရှေ့နေပါဝါရုပ်သိမ်းရန် စဉ်းစားနေကြောင်း ပြောသည်ဟုလည်း ဦးခင်မောင်ရှိန်က ဆိုသည်။

“ကျနော်တို့ကတော့ ဒီတရားစီရင်ရေးမှာ အမှုသည်ကငှားလာရင် ဥပဒေနဲ့ အညီ ကာကွယ် ခုခံပိုင်ခွင့်ကို ဆောင်ရွက် ပေးတယ်၊ အမှုမှန်ဖြစ်ရေးကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးတယ်”ဟု ဦးခင်မောင်ရှိန်က ဆက်လက်ပြောသည်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတော် တပါးဖြစ် သည့် အရှင်ဂမ္ဘီရ အပါအ၀င် ၁၁ ဦး အမှုကို အင်းစိန်ထောင် အလုံမြို့နယ် သီးသန့်ရုံး၌ ရုံးထုတ်ရာတွင် ယင်း တရားရုံး ၏ လုပ်ထုံး လုပ်နည်းမှာ တရားမျှတမှု မရှိဟုဆိုကာ ရှေ့နေကြီး ဦးအောင်သိန်းက ၎င်း၏ ရှေ့နေပါဝါ ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

တချိန်တည်းတွင်ပင် ယမန်နှစ် ဧပြီလက ဟင်္သာတမြို့နယ် အုပ်ပုံကျေးရွာ၌ လူ့အခွင့်အရေး လှုပ်ရှားမှုများပြုလုပ်သော ကြောင့် ရိုက်နှက်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့ (HRDP)မှ ကိုမြင့်နိုင်က ရိုက်နှက်သူများကို စွဲဆိုထားသည့် အမှုအား ဟင်္သာတမြို့နယ်တရားရုံးက အမှု အထ မမြောက်ဟုဆိုကာ တရားခံများကို အောက်တိုဘာ ၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်သည့်အတွက် ယင်းသို့ မတရားသဖြင့် တရားစီရင်မှုကို မကျေနပ်သောကြောင့် ကိုမြင့်နိုင်က ဥပဒေကြောင်းအရ ထပ်မံတရားစွဲ ဆိုရန် စီစဉ်နေကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်