အဖမ်းဆီးခံ နိုင်ငံရေးလှုပ်ရှားသူများ၏ မိသားစုဝင်များ တရားခွင်တွင်ကြားနာခွင့်ရရန် စာရေးတောင်းဆို

E-mail Print
၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုဝင်များက တရားခွင်တွင် တက်ရောက်နားထောင်ခွင့်ပြုရန် နေပြည်တော်တွင်ရုံး ထိုင်သည့် နိုင်ငံတော်တရားသူကြီးချုပ်ထံသို့ တောင်းဆိုထားကြောင်း သိရသည်။

စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို ရုံးထုတ်စစ်ဆေးရာ၌ မိသားစုဝင်များ တက်ရောက်ကြားနာခွင့်ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ယခုလဆန်းပိုင်းကစ၍ ပိတ်ပင်ခဲ့သဖြင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုဝင်များက နိုင်ငံတော်တရာသူကြီးချုပ်ထံ စာရေးတောင်းဆိုကြခြင်း ဖြစ်သည်။

ယင်းမိသားစုဝင်များ ပေးပို့သည့်စာတွင် "ထောင်အာဏာပိုင်များ၏ တားမြစ်ပိတ်ပင်မှုသည် နည်းလမ်း ကျမှု မရှိပါ ကြောင်း၊ ထိုသို့အာဏာပိုင်များက တားမြစ်ပိတ်ပင်ထားခြင်းသည် တရားစီရင်သည့် တရားသူကြီးများ ၏ အခွင့်အာဏာကို တစိတ် တပိုင်း ၀င်ရောက်စွက်ဖက်နေခြင်း ရှိကြောင်းမှတ်ယူသည်” ဟု ဖော်ပြထား သည်။

မိသားစုဝင်များက မြန်မာနိုင်ငံတရားရုံးများလက်စွဲကိုကိုးကား၍ ရုံးထိုင်တရားသူကြီးများသည် မိမိ၏ လုပ်ပိုင်ခွင့်အာဏာကို သုံးစွဲပြီး မိသားစုဝင်များကို လွတ်လပ်စွာ ကြားနာတက်ရောက်ပိုင်ခွင့်ပြုရန် ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟုလည်း ရေးသား ထားသည်။

“နိုင်ငံတကာနဲ့ ပြည်တွင်းကတရားစီရင်ရေးစနစ်မှာ လက်ခံထားတဲ့အခြေခံမူ ရှိတယ်၊ အဲဒါက ‘အများပြည်သူ ရှေ့ မှောက်မှာ ကြားနာစီရင်ခြင်း’ ဆိုတဲ့မူကို နအဖ ရော ဘယ်ဥပဒေပညာရှင်မဆို အငြင်းပွားခြင်းမရှိခဲ့တဲ့ ဥပဒေဖြစ်တယ်။ ဒီလိုပဲနိုင်ငံ တကာအခြေခံမူမှာလည်း တရားမျှတတဲ့ တရားခွင်အောက်မှာ အများပြည်သူ ရှေ့မှာ မစစ်ဆေးဘူးဆိုရင် ဒီမှုခင်းဟာ လုပ်ကြံထားတဲ့မှုခင်းဖြစ်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီအဖွဲ့ အတွင်းရေးမှူး ရှေ့နေ ဦးအောင်ထူးကပြောသည်။

၈၈ မျိုးဆက် မိသားစုအဖွဲ့ဝင်တဦးက “ကျမတို့ကလေးတွေ ထောင်ထဲမှာယမန်ယူနေချိန် တနှစ်ပတ်လုံး မိသားစုတွေနဲ့ တွေ့ခွင့်မပေးခဲ့ဘူး၊ အခုထောင်ထဲမှာရုံးထုတ်တော့လည်း ကျမတို့မိသားစုတွေကို အခုလို ကန့်သတ်တယ်ဆိုတော့ နားမလည်နိုင်အောင်ဖြစ်ရတယ်” ဟု ဧရာဝတီကို ပြောသည်။

“ကျမတို့က တရားစီရင်ရေးကို အနှောင့်အယှက်ပေးတာမဟုတ်ဘူး၊ တရားခွင်မှာလည်း ဥပဒေအရ ငြိမ်ငြိမ် သက်သက် လိုက်ကြားနာပါတယ်၊ အခုလည်း စာနဲ့ မေတ္တာရပ်ခံပါတယ်၊ နေ့စဉ် ကျမတို့ကလေးတွေကို ရုံးထုတ်တဲ့အခါတိုင်း အခုလာ တဲ့သူတွေထက်မနည်း လာခွင့်ပေးပါလို့မေတ္တာရပ်ခံထားပါတယ်”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

စစ်အစိုးရက ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၃၇ ဦးကို လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက စတင်၍ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ အများစုသည် စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ၁၅ နှစ်ကျော် ပြစ်ဒဏ်ချမှတ်ခံရဖူးသူများဖြစ်ပြီး ယမန်နှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးကို အစိုးရက အဆမတန်မြှင့် တင်သည့်အတွက် လမ်းလျှောက် ဆန္ဒပြသောကြောင့် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်