ခိုင်ရွှန်းလဲ့ရည်မိသားစု နာရေးကူညီမှုအသင်းကို သိန်း ၁၅၀ လှူ

E-mail Print
မခိုင်ရွှန်းလဲ့ရည်၏ မိသားစုက နာရေးကူညီမှု အသင်း၏ သုခကုသိုလ်ဖြစ် ဆေးခန်းအတွက် ဓာတ်မှန် အဆောက်အအုံ ဆောက်လုပ်ရန် ကျပ် သိန်း ၁၅၀ လှူဒါန်းခဲ့ကြောင်း အသင်း တာဝန်ခံ တဦး ဖြစ်သည့် ဦးကျော်သူက ယနေ့ ပြောကြားလိုက်သည်။

ဓာတ်မှန် အဆောက်အအုံကို ယခုလကုန်တွင် စတင် ဆောက်လုပ်မည် ဟု ဦးကျော်သူက ပြောသည်။

“လူနာတွေ ဓာတ်မှန်ရိုက်ဖို့ ဆရာဝန်က ညွန်ကြားလိုက်ရင် အပြင်မှာ သွားရိုက်ရတယ်၊ သူတို့ အတွက်လည်း တကူးတက ဖြစ်နေတယ်။ အဲဒီတော့ ဆေးခန်းမှာပဲ ဓာတ်မှန်စက်ထားဖို့ စီစဉ်လိုက်တာ”ဟု ဦးကျော်သူက ရှင်းပြသည်။

အသက် ၁၅ နှစ်အရွယ် ကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည် လွန်ခဲ့သည့် ၄ လခန့်က ရန်ကုန်မြို့ရှိ အထူးကု ဆေးခန်းတခုတွင် ကုသမှု ခံယူနေစဉ် သေဆုံးခဲ့ရာ ဆေးခန်းက ကာယကံရှင်မိသားစုသို့ လျော်ကြေး ကျပ် သိန်းတထောင်  ပေးအပ်ခဲ့ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည် အတွက် ရရှိသည့် လျော်ကြေးငွေ အားလုံးကို နာရေးကူညီမှုအသင်း အပါအ၀င် ကျန်းမာရေး လုပ်ငန်းများ အကူအညီပေးသည့် အဖွဲ့တချို့ထံ ပြန်လည် လှူဒါန်းခြင်း ဖြစ်သည်ဟု ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

မခိုင်ရွှန်းလဲ့ရည်မိသားစု၏ လှူဒါန်းငွေ အပါအ၀င် ပြည်တွင်းပြည်ပ အလှူရှင်တို့၏ အကူအညီဖြင့် ဆောက်လုပ်မည့် ဓာတ်မှန်ဆောင်တွင် ဒေါ်လာ နှစ်သောင်းခွဲခန့် တန်ဖိုး ရှိသော ဓာတ်မှန်စက်ကို တပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။

၂၀၀၁ ခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး နာရေးကူညီမှုအသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် သရုပ်ဆောင် ဦးကျော်သူက  ဦးစီးတည်ထောင်ပြီး ရန်ကုန်မှ နာရေးလုပ်ငန်းများကို အခမဲ့ ကူညီခဲ့သည်။ ၇ နှစ် အကြာတွင် သုခ ကုသိုလ်ဖြစ်ဆေးခန်းကို တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။

ယခုအခါ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သုခ ကုသိုလ်ဖြစ် ဆေးခန်းသို့ သွားရောက် ပြသသော လူနာပေါင်း ၂၀၀ ခန့် နေ့စဉ် ရှိကြောင်း၊ ဆေးခန်းတွင် မျက်စိ၊ အရိုးအကြော၊ မီးယပ် သားဖွား၊ ကလေး၊ အရေပြား၊ သွား နှင့် ခံတွင်းဆိုင်ရာ အထူးကု ဆရာဝန်များ လုပ်အားပေးနေပြီး အသေးစား ခွဲစိတ်ကုသမှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်