သင်္ဃန်းကျွန်းဈေးမီးက ရှို့မီးလား

E-mail Print
သောကြာနေ့ညက  ဆိုင်ခန်း ၆၀၀ ကျော် ပြာကျခဲ့သည့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းဈေး မီးလောင်ကျွမ်းမှုသည် ရှို့မီး ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဈေးသူ ဈေးသားများက သံသယ ဖြစ်နေကြသည်။

ဈေးအတွင်း မည်သူမျှ ၀င်ရောက်ခွင့် မရှိသည့် အချိန်တွင် လောင်ကျွမ်း ခဲ့သည်ဟူသော အချက်က ရှို့မီးဖြစ်နိုင်သည် ဟူသော သံသယကို ကြီးထွား စေသည်ဟု ဈေးသူ ဈေးသားတဦးက ပြောသည်။

“အဲဒီနေ့က တနေကုန် ဈေးပိတ်တဲ့နေ့။ ဈေးပိတ်တဲ့နေ့ ညကျမှ မီးလောင်တာ” ဟု ဈေးသူ ဈေးသားတဦးက ဆိုသည်။

သင်္ဃန်းကျွန်း ဈေးမီးသည် ၀ါယာရှော့ခ် ဖြစ်ပွားရာမှ စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ အရာရှိ တဦးက ဆိုသည်။

သို့သော်လည်း ဈေးသူ ဈေးသား များကမူ ၀ါယာရှော့ခ် ဖြစ်ခဲ့သည် ဟူသော အချက်ကို အယုံအကြည် မရှိကြပေ။

၅ ပေ ပတ်လည် ဆိုင်ခန်းပေါင်း ၇၀၀ ကျော်ရှိသည့် သင်္ဃန်းကျွန်း ဈေးသည် အ၀တ် အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ် ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအ၀င် ကုန်စည်မျိုးစုံ ရောင်းချခဲ့သော ရန်ကုန်မှ နာမည်ကျော် ဈေးကြီးတခု ဖြစ်သည်။

မီးလောင်မှုကြောင့် ပစ္စည်းများ ဆုံးရှုံးသွားသည့် ဆိုင်ခန်း ပိုင်ရှင်များသည် လျော်ကြေး ရနိုင်သည့် အခြေ အနေလည်း မရှိကြောင်း သိရသည်။

“အဲဒီနေရာမှာ ဈေးပြန် ဆောက်မယ်၊ မဆောက်ဘူး ဆိုတာက တိတိကျကျ မသိရသေးပါဘူး။ မူလ ဆိုင်ပိုင်ရှင်တွေကို နေရာအစား ပြန်ပေးဖို့ မရှိပါဘူး” ဟု မြို့တော် စည်ပင် အရာရှိ တဦးက ဆိုသည်။

ဆိုင်ခန်း ပိုင်ရှင်များသည် မီးအာမခံ ပြုလုပ်ထားခြင်း မရှိဟု သိရသည်။

“ဘယ်ဆိုင်ခန်းမှ မီးအာမခံ မရှိပါဘူး။ လျှော်ကြေးပေးဖို့ မရှိပါဘူး” ဟု မြန်မာ့ အာမခံ လုပ်ငန်းမှ အငယ်တန်း အရာရှိ တဦးက ဆိုသည်။

မီးလောင်ကျွမ်းမှု မဖြစ်ခင်ကပင် သင်္ဃန်းကျွန်း ဈေးသာမက ရန်ကုန်မြို့ပေါ်ရှိ ဈေးများကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (မြို့တော်စည်ပင်) က  ပြုပြင် တည်ဆောက်မည် ဟူသော သတင်းများ ထွက်ပေါ်လျက် ရှိသည်။

“ဈေးတခုလုံး ပြာကျသွားတော့ သူတို့ (မြို့တော် စည်ပင်) လုပ်ချင်တာ လုပ်လို့ ရပြီပေါ့” ဟု အထည်ဆိုင် ပိုင်ရှင်တဦးက ဆိုသည်။

အာဏာပိုင်တို့က သင်္ဃန်းကျွန်းဈေး မီးလောင်မှုနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မပြုသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်