နာဂစ် ဒုက္ခသည် ကူညီသည့် သံဃာ ထောင် ၇ နှစ်ချခံရ

E-mail Print
ထိုင်ဝမ် နိုင်ငံမှအပြန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်တွင် ၂၀၀၉ သြဂုတ်လ ၂၉ ရက် က ဖမ်းဆီး ခံခဲ့ရသော သံဃာတော် အရှင် ဃောသိတကို အာဏာပိုင်များက ယမန်နေ့တွင် ထောင်ဒဏ် (၇) နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ယင်း ဦးဃောသိတ ခေါ် ဟံမြင့်ကို သံဃာ့တပ်ပေါင်းစုနှင့် ဆက်သွယ်မှု၊ သံဃာ့လှုပ်ရှားမှုဖြစ်စေရန်လှုံ့ဆော် မှု များအပါအ၀င် လူဝင်မှုကြီးကြပ်ရေးဥပဒေ အရေးပေါ်ပြဋ္ဌာန်းချက် ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၃နှစ်၊ အသင်းအဖွဲ့ ပုဒ်မ ၇ ဖြင့် ထောင်ဒဏ် ၂နှစ်၊ နိုင်ငံခြားငွေ လက်ဝယ်ထားရှိမှု ပုဒ်မ ၂၄/၁ ဖြင့် ထောင်ဒဏ် ၂နှစ် စုစုပေါင်း ထောင် ဒဏ် ၇နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

အရှင်ဃောသိတအား ယခုကဲ့သို့ ဥပဒေ ပုဒ်မများသုံး၍ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရားမျှတမှု မရှိဟု လည်း ၎င်းက ဆိုသည်။

ဦးဃောသိတကို ပြီးခဲ့သည်နှစ် သြဂုတ်လက စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သော်လည်း တရားစတင်စွဲဆိုသည့် ဒီဇင်ဘာလမှသာ ချုပ်ရက်ခံစားခွင့်စတင်ရေ တွက်သည့်အတွက် လေးလခန့် ချုပ်ရက်ခံစားခွင့် မရကြောင်း၊ စတင်ဖမ်းဆီးစဉ်ကလည်း ဦးဃောသိတ အပါအ၀င် သံဃာ ၈ ပါးအား ထိုင်ဝမ်နိုင်ငံမှ အလှူရှင်များ လှူဒါန်းသည့် နိုင်ငံခြားငွေများလက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊သို့သော် ဖမ်းဆီးစဉ်က အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခြင်းဖြစ်သည့်အတွက် နိုင်ငံခြားငွေ လဲလှယ်ရန် အခွင့်အရေးရှိသော်လည်း လဲလှယ်ခွင့်မရကြောင်း၊ထို့အပြင် နိုင်ငံခြားသို့ တရားမ၀င် သွားရောက်ခြင်းမဟုတ်ဘဲ နိုင်ငံကူး လက်မှတ်ဖြင့် သာ သွားရောက်ခြင်းဖြစ်သည့်အတွက် စွဲဆိုသည့် ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ဦးအောင်သိန်းက  ထောက်ပြပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်ကလည်း“သေချာတာက သူတို့ကို အခုလို စီရင်ချက်ချတဲ့နေရာမှာ မျှတတဲ့ တရားစီရင်မှုကို မရ ရှိ ကြဘူး၊ လွတ်လပ်တဲ့ တရားစီရင်မှု မရှိသမျှ ကာလပတ်လုံး ဒီလိုမျှတမှုမရှိတဲ့ တရားစီရင်မှုတွေ ရှိနေဦးမှာ ပါပဲ”ဟု ပြောသည်။

အရှင်ဃောသိတကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီး ဦးတင်ထွဋ်က စီရင်ချက်ချ လိုက်ခြင်း ဖြစ်ပြီး တရားလိုမှာ ဒုရဲမှူး မျိုးသန့် (လ/ ၁၂၇၀၉၁) သတင်းတပ်ဖွဲ့  ဖြစ်သည်ဟု သိရသည်။

ဒုရဲအုပ် မျိုးသန့် က အရှင်ဃောသိတအား ပြည်ပအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဦးဣဿရိယနှင့် ဆက်သွယ်ကာ ပြည်တွင်းဆူပူမှုများ ပြုလုပ်ရန် ကြိုးပမ်းမှုကြောင့်ဟု စွပ်စွဲ တရားစွဲဆို ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်းစိန် စီအိုင်ဒီ အသိုင်းအ၀ိုင်းမှ ရဲဝန်ထမ်းတဦးက ပြောပြသည်။

အရှင်ဃောသိတအား ထောင်ဒဏ်စီရင်ချက်ချခြင်းနှင့် ပတ်သက်၍ ရွှေဝါရောင် သောတုဇန ဘိက္ခု အဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံ အရှင်နေမိန္ဒက နအဖ စစ်အစိုးရသည် သာသနာကွယ်ပျောက်သွားစေရန် စနစ်တကျ စီစဉ်ဆောင်ရွက်နေမှု တခုသာဖြစ်ကြောင်း မိန့်ကြားသည်။

အရှင်ဃောသိတသည် သက်တော် (၃၅)နှစ်၊ သိက္ခာတော် (၁၅)၀ါ ရှိပြီး ဓမ္မာစရိယဘွဲ့ ရ ဖြစ်ပြီး ရန်ကုန်မြို့  ဗဟန်းမြို့ နယ် ငါးထပ်ကြီးကျောင်းတိုက် မြောက်ရပ်ကွက်၊ လိပ်ပြာကန် ၃၄/ ၀၉ ကျောင်း အလယ်တိုက်မှ  တိုက်အုပ် စာချဆရာတော်တပါးဖြစ်သည်။ 

အရှင်ဃောသိတသည် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်စဉ်က ဒုက္ခသည်များကို စွမ်းစွမ်းတမံ ကူညီ ပေး ခဲ့သော ဆရာတော်တပါးဖြစ်သည်။ ထို့ကြောင့် အလှူရှင်များ၏ ပင့်ဖိတ်ချက် အရ ထိုင်ဝမ် နိုင်ငံသို့ ကြွရောက်ပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယခု ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနှင့် လည်းကောင်း၊ မျိုးဆက်သစ် လူငယ်အဖွဲ့ အစည်းများနှင့် လည်းကောင်း ဆက်သွယ်သည်ဟု ဆိုကာ သံဃာတော် (၃)ပါး နှင့် လူပုဂ္ဂိုလ် (၂) ဦးတို့ကို ထောင်ဒဏ် (၆) နှစ်မှ (၉) နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

AAPP ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက် အရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်ထဲတွင် သံဃာတော် (၂၃၇) ပါး ရှိနေကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်