နေပြည်တော်တွင် ၀က်တုပ်ကွေးဖြစ်

E-mail Print
နေပြည်တော် မြို့တော်သစ်၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း A (H1N1) ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံသူ တချို့ကို တွေ့ရှိကြောင်း  သတင်းရရှိသည်။

နေပြည်တော်ရှိ အစိုးရ၀န်ထမ်း အပါအ၀င် အရပ်သား တချို့ ၀က်တုပ်ကွေး ကူးစက်ခံနေရပြီး အစိုးရက ဆေးဝါးကုသမှု ပေးနေသည်ဟု ရန်ကုန်မြို့ရှိ စာနယ်ဇင်းသမား တဦးက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်သော တိုင်းရင်းသား ခေါင်းဆောင်တချို့ A (H1N1) ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသဖြင့် ဆေးကုသမှုခံယူ နေရသည်ဟု သိရသည်။

စစ်အစိုးရက နေပြည်တော်တွင် ရောဂါပိုးကူးစက်ပျံနှံ့သည့် သတင်းနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ခြင်းမရှိသဖြင့် ရောဂါကူးစက်ခံရသူ မည်မျှရှိကြောင်း အတိအကျ မသိရပေ။

၂၀၁၀ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ရန်ကုန်မြို့တွင် အဆိုပါ ရောဂါကူးစက်ခံရသူ ၂၇ ဦးရှိပြီး ၎င်းတို့ အားလုံးသည် ဒဂုံမြို့သစ် မြောက်ပိုင်းမှ ကျောင်းသူ ကျောင်းသားများ ဖြစ်ကြသည်။

“မြန်မာနိုင်ငံမှာက ရောဂါကြိုတင် ကာကွယ်ကြတာမရှိဘူး၊ တကယ်လို့များ ရောဂါပိုး ဗီဇအသွင်ပြောင်းပြီး ကူးစက်လာရင်တော့ စိုးရိမ်စရာ အခြအနေ ရှိတယ်”ဟု ရန်ကုန်မှ တိရစ္ဆာန်ကု ဆရာဝန် ဦးဇော်ရဲမြင့်က ပြောသည်။

သို့သော် ယခုလအတွင်း A(H1N1) ရောဂါပိုးရှိသူများကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်ရှိ ပြင်ပ စာသင်ကျောင်းတခုတွင် ၂ဦး၊ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတခုတွင် ၃ဦး၊ မှော်ဘီမြို့နယ်ရှိ ဘာသာရေးကျောင်း တကျောင်းတွင် ၆ဦး ထပ်မံ တွေ့ရှိပြီး တခြား ပြည်နယ်နှင့် တိုင်းများတွင် ရောဂါဖြစ်ပွားမှု ဖြစ်စဉ် ထပ်မံ မတွေ့ရှိရသေးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် (D.S.M.A)၌ ကျောင်းသား ၃ဦးတွင်လည်း ရောဂါပိုးတွေ့ရှိသဖြင့် ဆေးကုသမှုခံနေကြောင်း၊ အဆိုပါ ကျောင်းသား ၃ဦးတွင် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း ၏ သားလည်းပါဝင်ကြေားင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

မြန်မာနိုင်ငံမှ A(H1N1) ၀က်တုပ်ကွေး ရောဂါပိုးကို စင်္ကာပူ လေကြောင်းလိုင်းဖြင့် ၂၀၀၉ခုနှစ် ဇွန်လတွင် ပြန်လာသော အသက် ၁၃နှစ်အရွယ်ရှိ ကျောင်းသူတဦး ထံမှ စတင်တွေ့ရှိခဲ့သည်။

A(H1N1) ၀က်တုပ်ကွေး ရောဂါပိုးကို၂၀၀၉ခုနှစ် ဧပြီလတွင် မက္ကဆီကို နိုင်ငံရှိ ၀က်များမှ စတင်တွေ့ရှိပြီးနောက် လူများသို့ ကူးစက်ဖြစ်ပွားခဲ့သည်။ ထို့နောက် ကမ္ဘာအနှံ့သို့ ရောဂါကူးစက်ပျံ့ပွားခဲ့ရာ ၇၁ရက် အကြာတွင် မြန်မာနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်