စားစရာ ဆန်ဖူလုံဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို

E-mail Print
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ကဏ္ဍပိုင်း၌ အထူးဖွံ့ဖြိုးလာပြီး ယခုအခါ နိုင်ငံသား အားလုံး အတွက် စားသုံးရန် ဆန်မှာ ဖူလုံရုံသာမက နောင်တိုးတက် လာဦးမည့် လူဦးရေအတွက်ပင် လုံလောက်နေပြီ ဖြစ်ကြောင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ပြောကြားလိုက်သည်။

ယနေ့ ကျရောက်သော တောင်သူ လယ်သမား နေ့တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပေးပို့သည့် သ၀ဏ်လွှာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “တနှစ်လျှင် မိုးစပါးနှင့် နွေစပါး စိုက်ဧက သန်း ၂၀ ကျော်ရှိပြီး စပါးတင်း သန်းပေါင်း ၁၅၀၀ ကျော် ထွက်ရှိနေပြီ ဖြစ်ပါသည်။ နိုင်ငံသားအားလုံး စားသုံးရန် ဆန်မှာဖူလုံရုံသာမက နောင် တိုးတက်လာဦးမည့် လူဦးရေ အတွက်ပင်လျှင် လုံလောက် နေပြီး ဖြစ်သည်”ဟု ပြောကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ထို့အပြင် စိုက်ပျိုးရေ ရရှိရန် အတွက် ရေလှောင်တမံ ၂၀၀၊ ရေထိန်းတံခါး ၃၁ခု၊ မြစ်ရေတင် စီမံကိန်း ၃၂၂ခု၊ မြေအောက်ရေ ရရှိရေးအတွက် အ၀ီစိတွင်း ၈၀၀၁ ခုနှင့် ကျေးလက်ဆည်ငယ် ကန်ငယ် ၆၅၈ ခုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ရာ စိုက်ပျိုးရေး ကဏ္ဍတွင် အထူးဖွံ့ဖြိုးလာပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂ ဗေဒ )ကမူ စစ်အစိုးရက ထုတ်ပြန်သည့် စပါးအထွက်နှုန်း ခန့်မှန်း ချက်မှာ လုံ လောက်မှုရှိသည်ဟု ယူဆရကြောင်း ဧရာဝတီသို့ ပြောသည်။

“အခါတိုင်းဆိုရင် အောက်မြန်မာပြည်ကနေ အထက်မြန်မာပြည်ကို ဆန်ပို့တယ်၊ အခု အထက်မြန်မာပြည်က ဆန်က အောက် မြန် မာ ပြည်ကို ပြန်ဝင်တယ်၊ အဲဒီလိုဟာတွေ တွေ့ရတယ်၊ အတိုင်း အတာ တခု အထိတော့ မှန်တယ်လို့ယူဆတယ်၊ သူပြော သလောက်လဲ ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါပေမယ့် မျက်မြင်ကို ကြည့်တဲ့အခါမှာ ဆန်ဈေးတွေလဲ သိသိသာသာ တက်တာတို့ ဘာတို့ ညာတို့ တ ခုမှ မရှိဘူး၊ ပြည်ပ ပိုဖို့တောင် လုပ်နေတယ်”ဟု ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူ လယ်သမားများကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေအရ ပေါ်ပေါက်လာမည့် လွှတ်တော် ကိုယ်စားလှယ်များကို ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပပြီး ရွေးချယ် တင်မြှောက် ရမည်ဖြစ်ကြောင်း ပြောသည်။

“တောင်သူ လယ်သမားကြီးများသည် မြန်မာ့ နိုင်ငံရေး သမိုင်းတွင် ကြီးမားသော အခန်းကဏ္ဍ အသီးသီးမှ ပါဝင်ခဲ့ကြပြီး ဒီမိုကရေ စီ စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို ဆက်လက်ဖော်ဆောင်နိုင်ရန် မိမိတို့၏ ကိုယ်စားလှယ် အသီးသီးကို ရွေးချယ်ပေးကြရမည်ဖြစ်သည်”ဟု ၎င်းက ပြောကြားသည်။

စစ်အစိုးရက ၂၀၀၈ ခုနှစ်မေလအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်တွင် ၎င်းတို့ အလိုကျ ရေးဆွဲထားသော အခြေခံ ဥပ ဒေကို အတည်ပြု မဲဆန္ဒပေးစေခဲ့ရာ ၉၀ ရာနှုန်းကျော် ထောက်ခံမဲ ရရှိသည် ဟူ၍ ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကို ၂၀၁၀ တွင် လွတ်လပ်၍ တရားမျှတစွာဖြင့် ပြုလုပ်မည်ဟု စစ်အစိုးရက ဆိုထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်