ရွှေပြည်သာ ကြာဆံ စက်ရုံ အလုပ်သမားများ ဆန္ဒပြ

E-mail Print
ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် စက်မှုဇုန် ၂ ရှိ အိုကေ ကြာဆံ စက်ရုံမှ အလုပ်သမား ၁၀၀ ကျော်သည် ရွှေပြည်သာ မြို့နယ် အလုပ်သမား ဦးစီးဌာနရုံးသို့ လုပ်ခတိုးမြှင့် ရရှိရေးအတွက် ယန်မနေ့ နေလယ် ပိုင်းတွင် သွားရောက် အရေးဆို ဆန္ဒပြခဲ့သည်ဟု ဆန္ဒပြ အလုပ်သမားများနှင့် နီးစပ်သူများက ပြောသည်။

“မနေ့က ၁၂ နာရီလောက်က ဖြစ်တာ။ ညနေ ၄ နာရီလောက်မှာမှ သိရတယ်။ အိုကေ ကြာဆံစက်ရုံက အလုပ်သမားတွေ ပထမ ၁၀ ယောက်လောက် အလုပ်သမားရုံးကိုသွားတာ။ နောက်တော့ စက်ရုံကနေ လူ ၁၀၀ လောက်လိုက်သွားတယ်”ဟု ဆန္ဒပြသူများနှင့် နီးစပ်သူတဦးက ဧရာဝတီကိုပြောသည်။

ဆန္ဒပြအလုပ်သမားများက ရွှေပြည်သာအလုပ်သမားဦးစီးဌာနရုံးကို သွားရောက်၍ တနေ့လုပ်ခ၂၅၀၀ ကျပ် ကိုတိုးမြှင့်ပေးရန်နှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တို့ကို အလုပ်သမားရုံးမှဖြေရှင်း ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

ဧရာဝတီက ရွှေပြည်သာ အလုပ်သမားဦးစီးဌာနရုံးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အလုပ်သမားများ ဆန္ဒပြရ ခြင်းနှင့်ပတ်သက်၍ ပြန်လည် ဖြေဆိုခဲ့ခြင်းမရှိပါ။

စက်ရုံ အနီးရှိ ရွှေပြည်သာဒေသခံ တဦးကလည်း“သူတို့ ဆန္ဒပြတဲ့ ပုံစံကလည်း ရွှေပြည်သာ အလုပ်သမားရုံး ကို သွားပြောပြီးမှ ပြတာမျိုး ထူးထူးခြားခြားပဲ။ နောက် အလုပ်သမားအများစုက မိန်းကလေးတွေ၊ နယ်က လာလုပ်ကြတဲ့သူတွေများတယ်။ မနေ့ကတော့ သူတို့ အလုပ်မဆင်းကြတော့ဘူး။ သူတို့တောင်းဆိုတာရမှ အလုပ်ပြန်ဆင်းမယ်လို့ ပြောတယ်”ဟု ဆိုသည်။

ယင်း အိုကေ ကြာဆံ စက်ရုံရှိ အလုပ်သမားများ၏ တနေ့ အလုပ်ချိန်မှာ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ အလုပ်လုပ်နေရပြီး လျှပ်စစ်မီးပြတ်တောက်သွား၍ ညနေပိုင်း လျှပ်စစ်မီး ပြန်လာလျှင် မီးပြန်လာသည့်အချိန် အထိ အလုပ်ဆက်လုပ် နေရကြောင်း သိရသည်။

“သူတို့ အလုပ်ချိန်က ထူးခြားသလို တရက် လုပ်အားခ ကလည်း ထူးခြားတယ်၊ အလုပ်ချိန်က မီးလာရင် လာသလောက်ဆင်းရတာမျိုးတဲ့၊ အိုတီကြေးသက်သက်၊ ရက်ပြည့်ကြေး မရဘူး”ဟု စက်ရုံ အလုပ်သမား များနှင့် နီးစပ်သူက ပြောသည်။

၂၀၁၀ နှစ်ဆန်းပိုင်းမှစတင်ခဲ့သော လှိုင်သာယာ စက်မှုဇုန်မှဖြစ်ပွားခဲ့သည့် ယင်း အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းရှိ မင်္ဂလာဒုံ၊ တောင်ဒဂုံနှင့် ရွှေပြည်သာစက်မှုဇုန်များသို့ ပျံ့နှံ့ သွားခဲ့သည်။

ယခုလဆန်းပိုင်းတွင် ကျင်းပသော စက်မှု ကုန်ထုတ်လုပ်သူများ အသင်း နှစ်ပတ်လည် အစည်းအဝေးတွင်  အမှတ် (၁) စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက ရန်ကုန်မြို့စက်ရုံ အလုပ်သမားများ၏ ဆန္ဒပြမှု များသည် ပြီးခဲ့သည့် ၂ လ အတွင်း ၁၄ ကြိမ် ဖြစ်ပွားခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုနှင့် ပတ်သက်ခြင်း မရှိ သဖြင့် အင်အားသုံးဖြိုခွင်းခြင်း မပြုခဲ့ကြောင်း၊ အလုပ်သမားများက လစာ တိုးမြှင့်ရေး အတွက် ဆန္ဒပြခဲ့ကြ ခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

သို့သော်လည်း အလုပ်သမား လုပ်အားခ တိုးမြှင့်ပေးရေး ဆန္ဒပြမှုများသည် တနှစ်ထက် တနှစ် ပိုမို များပြား လာပြီး ၂၀၀၇-၀၈ ခုနှစ်အတွင်း  ၆ ကြိမ်၊ ၂၀၀၈-၀၉ ခုနှစ်တွင် ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အထည်ချုပ် လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ယူထားသူ ၀န်ကြီး ဦးအောင်သောင်းက ထောက်ပြသည်။

မြန်မာနိုင်ငံရှိ အောက်ခြေ၀န်ထမ်းများ၏ လုပ်ခလစာမှာ ကျပ် ၄၀၀၀၀ ခန့်သာရရှိသောကြောင့် အများစုမှာ စားဝတ်နေရေး မပြေလည်ကြကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်