ရန်ကုန် တိုက်ခန်းပိုင်ရှင်များ အာမခံကို စိတ်ဝင်စား

E-mail Print
မကြာသေးခင်က ရန်ကုန်မြို့လယ်တွင် တိုက်ပြိုကျမှု ဖြစ်ပွားခဲ့ သောကြောင့် လူနေအိမ်နှင့် တိုက်ခန်းများ အာမခံ ထားရှိရေးကို ရန်ကုန်ဒေသခံ အများအပြားက စိတ်ဝင်စားလျက် ရှိကြောင်း မြန်မာ့ အာမခံလုပ်ငန်း တာဝန်ရှိသူများထံမှ စုံစမ်း သိရှိရသည်။

“ကျနော်တို့ဆီမှာ လူနေအိမ် အတွက် အာမခံထားတာ မရှိ သလောက်ကို ရှားခဲ့တာ၊ ခုတော့ လူတွေက စိုးရိမ်လာကြပြီး အာမခံထားဖို့ လုပ်လာကြပြီ” ဟု မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

သို့သော်လည်း အဆောက် အအုံများကို မီးဘေးနှင့် သဘာဝ ဘေးအန္တရာယ် များဖြစ်သော မိုးကြိုး၊ ငလျင်၊ ရေဘေးတို့ အတွက်သာ အာမခံ ထားရှိနိုင်သည် ဟု သိရှိရသည်။

“စပြီး လက်ခံ ကတည်းက အဆောက် အအုံကို စစ်ဆေးပါတယ်။ ဟောင်းတာတွေ၊ စည်ပင်က အန္တရာယ် ရှိတယ်လို့ သတ်မှတ်တဲ့ အဆောက် အအုံတွေ ဆိုရင် လက်မခံပါဘူး။ ငလျင်ကြောင့် ပြိုကျဦးတော့ ဟောင်းနေတယ် ဆိုရင် အာမခံ လျော်ကြေး မရနိုင်ပါဘူး” ဟု မြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

မတ်လ ၁၄ ရက်နေ့က ပြိုကျခဲ့သည့် ပန်းဘဲတန်းမြို့နယ်ရှိ ၃ ထပ်တိုက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် ယခင်ကပင် ကြေညာထားခဲ့ကြောင်း သိရှိရသည်။ ပြိုကျမှုကြောင့် အမျိုးသမီးငယ်တဦး သေဆုံးပြီး လူ ၁၂ ဦး ဒဏ်ရာ ရခဲ့သည်။

ထိုအဆောက်အအုံ ကဲ့သို့ပင် သက်တမ်း ၇၀ ၀န်းကျင် အထက် ကိုလိုနီခေတ်လက်ရာ အထပ်မြင့် တိုက်များတွင်  အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတိပေးထားသော အနီရောင် ဆိုင်းဘုတ် များကို တွေ့နေရသည်။

“ကျမတို့ အိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက မနေသင့်တော့ဘူး ဆိုပြီး သတိပေးချက် ထုတ်ပြန်တယ်၊ ခုလို အိမ်ပြိုတာတွေ ဘာေ တွဖြစ်တော့ စည်ပင်သာယာက ဒီလကုန်မှာ မဖြစ်မနေ ပြောင်းရမယ်လို့ လာထပ်ပြောတယ်” ဟု ကျောက်တံတားမြို့နယ်၊ ဘဏ်လမ်းရှိ သက်တမ်းရင့် အဆောက်အအုံ တခုတွင် နေထိုင်သူ အမျိုးသမီး တဦးက ပြောပြသည်။

အိမ်ရှင်များနှင့် ဆောက်လုပ်မည့် ကန်ထရိုက်များကြားတွင် စေ့စပ် ညှိနှိုင်းမှု မရရှိသောကြောင့်  ထိုသို့သော အဆောက်အအုံများတွင် ဆက်လက် နေထိုင်သူ အများအပြားကို တွေ့နိုင်သည်။

သက်တမ်းရင့် အဆောက်အအုံ ပိုင်ရှင်များက ကျွမ်းကျင်သည့် အင်ဂျင်နီယာဖြင့် စစ်ဆေး ပြုပြင်သင့် သကဲ့သို့ မြို့တော် စည်ပင်၏ အဆောက်အအုံပိုင်း ဆိုင်ရာ အင်ဂျင်နီယာဌာနကလည်း စစ်ဆေးရန် တာဝန်ရှိသည်ဟု  အင်ဂျင်နီယာတဦးက ဧရာဝတီကို ရှင်းပြသည်။

အန္တရာယ်ရှိသည်ဟု စစ်ဆေးတွေ့ရှိရသည့် အဆောက်အအုံနှင့် ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်သင့်ကြောင်း၊ လိုက်နာမှု မရှိပါက အရေးယူမှု ပြုလုပ်သင့်ကြောင်း သူက ဆက်ပြောပြသည်။

ထို့ပြင် အထပ်မြင့်တိုက် ဆောက်ရာတွင် စနစ်တကျ တည်ဆောက်မှု မရှိခြင်း၊ အောက်ခံမြေ အမျိုးအစား ကျစ်လစ် သိပ်သည်းမှု နည်းသည့် စိမ့်မြေဖြစ်ခြင်း၊ အောက်ခြေပိုင်းသို့ ၀န်အား သက်ရောက်မှု များစေသည့် ပုံစံ ဖြစ်နေခြင်း တို့သည် အဆောက်အအုံ ပြိုကျစေနိုင်သော အချက်များ ဖြစ်ကြောင်း ဗိသုကာတဦးက ပြောဆိုသည်။

“တွေးကြောက်ဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတိထားဖို့တော့ လိုအပ်နေပြီ ဆိုတာ သိစေချင်တယ်။ ငလျင် လာရင် ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုလည်း အစိုးရ ပိုင်းကော၊ လူထုပိုင်းမှာပါ ကြိုတင် ပြင်ဆင်ဖို့ လိုနေပြီလို့ မြင်တယ်” ဟု သူက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်