အန္တရာယ်ရှိသည့် တိုက်များမှ ၃ ရက်အတွင်း ထွက်ရမည်

E-mail Print
အန္တရာယ် ရှိသည်ဟု သတ်မှတ် ထားသည့် ရန်ကုန်မြို့မှ သက်တမ်းရင့် အဆောက် အအုံများတွင် နေထိုင်သူများကို ၃ ရက် အတွင်း ထိုနေရာများမှ ဖယ်ရှားကြရန် အကြောင်း ကြားထားသည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (မြို့တော် စည်ပင်) အရာရှိ တဦးက ပြောသည်။

မတ်လ ၁၈ ရက်နေ့မှ စတင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု မြို့တော် စည်ပင်၏ အင်ဂျင်နီယာ ဌာန (အဆောက် အအုံ) အရာရှိ တဦးက ပြောသည်။

“သတ်မှတ်ရက် အတွင်း မပြောင်းရင် အင်အား သုံးပြီး ဆင်းခိုင်းမယ်” ဟု သူက ဆိုသည်။

ညွှန်ကြားချက်ကို မလိုက်နာပါက ထိုအဆောက် အအုံနှင့် မြေနေရာကို မြို့တော်စည်ပင်က သိမ်းမည် ဟုလည်း သူက ရှင်းပြသည်။

အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ် ထားသည့် ပန်းဘဲတန်း မြို့နယ်ရှိ ၃ ထပ်တိုက် ၁ လုံး မတ်လ ၁၄ ရက်နေ့က ပြိုကျခဲ့သည်။ အမျိုးသမီးငယ် တဦး သေဆုံးပြီး လူ ၁၂ ဦး ဒဏ်ရာ ရခဲ့သည့် ထိုဖြစ်ရပ် နောက်ပိုင်းတွင် မြို့တော် စည်ပင်က ရန်ကုန်ရှိ အဆောက် အအုံများ၏ အရည်အသွေး၊ အန္တရာယ် ကင်းရှင်းရေးတို့ အတွက် အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

သို့သော်လည်း အန္တရာယ်ရှိသည့် သက်တမ်းရင့် အထပ်မြင့်တိုက်များတွင် နေထိုင်သူအများအပြားက နေရာသစ်များသို့ ပြောင်းရွှေ့ရန် အဆင်သင့် မဖြစ်ကြသေးပေ။

“ချက်ချင်းကြီးကျတော့ ဘယ်ပြောင်းပေးနိုင်မလဲ၊ အန္တရာယ်ရှိ အဆောက်အအုံလို့ သတ်မှတ်ပြီး ၃ လ လောက် အရင်က နေလို့ ရတယ်၊ အခုကျတော့ ချက်ချင်း သတ်မှတ်ပြီး ချက်ချင်း ပြောင်းခိုင်းတော့ လူတွေ အခက်အခဲ ဖြစ်ကုန်တာပေါ့” ဟု လက်ရှိနေထိုင်သည့် တိုက်မှ ၃ ရက်အတွင်း ပြောင်းရွှေ့ရန် ညွှန်ကြားစာ ရရှိထားသည့် လသာမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

မတ်လ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြချက်အရ ရန်ကုန်တွင် အန္တရာယ်ကြီးသည်ဟု  သတ်မှတ်ထားသည့် အဆောက်အအုံများသည် တာမွေမြို့နယ်တွင် ၈ လုံး၊ ပန်းဘဲတန်းမြို့နယ်တွင်  ၈လုံး၊ လသာမြို့နယ်တွင်  ၆လုံး၊  ဗိုလ်တထောင်မြို့နယ်တွင်  ၄ လုံး ရှိသည်ဟု သိရသည်။

ထိုအဆောက်အအုံ ၂၆ လုံးကို  ဖြိုဖျက်ပြီး အသစ် ပြန်လည် တည်ဆောက်မည်၊ အန္တရာယ်ရှိ အဆောက် အအုံများ စာရင်းကို ဆက်လက် ကြေညာ သွားမည် ဖြစ်ကြောင်း မြို့တော်စည်ပင် အရာရှိ တဦးက ဆိုသည်။

ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းနှင့် အနော်ရထာလမ်းထောင့် အမှတ် ၉၃/၉၅ ရှိ အန္တရာယ်ရှိ အဆောက်အအုံတွင် နေထိုင်သူများကို မြို့တော်စည်ပင်က ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အင်အားသုံး ဖယ်ရှားခဲ့သည်ဟု သိရသည်။ ထို တိုက်ကို ၂၀၀၇ ခုနှစ် မေလ ၁၉ ရက်နေ့မှ စတင်ပြီး အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်