နယူးဒေလီ မြန်မာသံရုံးရှေ့ဆန္ဒပြ၍ တရားစွဲခံရသူများ ပြန်လွတ်

E-mail Print
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် တရားရင်ဆိုင် နေရသူ ၂၆ ဦး ကို အိန္ဒိယ တရားရုံးက ယနေ့ ဒဏ်ငွေများ ချမှတ်၍ ပြန်လွှတ်ပေး လိုက်သည်။

ယင်းတရားစွဲ ခံထားရသူ သံဃာတော် တပါးအပါအ၀င်၂၆ ဦးကို ယနေ့ နေ့လယ်ပိုင်းက Partiala တရားရုံးတွင် ရုံးတင် စစ်ဆေး ခဲ့ပြီး တဦးလျှင် ဒဏ်ငွေ ရူပီး၂၀၀၀ စီကျခံစေ၍ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ ရှေ့နေတွေက မြန်မာနိုင်ငံမှာ ဖြစ်နေတာ တွေကို တင်ပြပြီး အသက်ညှာဆုံး စဉ်းစားပေးဖို့ လျှောက်လဲတော့ တရားသူကြီးက ကျနော် တို့ကို တယောက်ကို ရူပီး ၂၀၀၀ စီ ဆောင်ခိုင်း လိုက်တယ်၊ ဒါပြီးရင်တော့ ကျနော်တို့ တရားသေ လွတ်ပါပြီ”ဟု ဆန္ဒပြပွဲ ဦးဆောင်သည့် Burma Center Delhi မှ ကိုကင်မ်က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သော အားဖြင့် ကန့်သတ် နယ်မြေ သတ်မှတ် ထားသော မြန်မာ သံရုံးရှေ့တွင် ပြီးခဲ့သည့် သောကြာနေ့က အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၆၉ ဦး သွားရောက် ဆန္ဒခဲ့ကြရာ ဆန္ဒပြသူ တချို့က သံရုံးရှေ့ရှိ ဆိုင်းဘုတ်၊ ကင်းတဲ၊ မီးတိုင်များ၊ တံခါးများကို ရိုက်နှက် ဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။ ထိုဆန္ဒပြသူ အားလုံးကို အိန္ဒိယရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီး ထိန်းသိမ်းထားသူများထဲမှ သံဃာတော်တပါး အပါအ၀င်၂၆ ဦးကို အိန္ဒိယနိုင်ငံ၏ တရားဥပဒေကို မထီလေးစားပြု မှု၊ ကန့်သတ်နယ်မြေတွင်း ၀င်ရောက် ဆန္ဒပြုမှု၊ ပစ္စည်းများကို ဖျက်ဆီးမှု တို့ဖြင့် စွဲချက်တင်ခဲ့ပြီး ကျန်သူများကို ပြန်လွှတ် ပေးခဲ့သည်။

ယခုကဲ့သို့ ဖမ်းဆီး အရေးယူခံရသော်လည်း မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကိုကင်မ်က ပြောသည်။

“ဒီလိုဖြစ်တော့ ကျနော်တို့စိတ်ဓာတ်နဲ့ လှုပ်ရှားမှုအတွက်ကတော့ ဘာမှ မဖြစ်သွားပါဘူး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တွေအတွက် ဆန္ဒပြတာတွေ လုပ်နေဦးမှာပဲ၊ ဒီလို ဖျက်ဆီးမိတာမျိုးတော့ ရှောင်ရမှာပေါ့လေ”ဟု ၎င်းက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်