ရန်ကုန်သင်္ကြန် စည်းကမ်းချက်များ ထုတ်ပြန်

E-mail Print
ရန်ကုန်မြို့တွင် သင်္ကြန် ရေကစားသူများ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက တိုးချဲ့ထုတ်ပြန် ထားကြောင်း သိရသည်။

ယခုနှစ် ရန်ကုန် သင်္ကြန် အတွက် မဏ္ဍပ် အပြင် အဆင်၊ ဖျော်ဖြေမှုနှင့် အစားအစာ ကျွေးမွေးမှုများ အတွက် လိုက်နာရန် စည်ကမ်းချက် စုစုပေါင်း ၃၉ ချက် ရှိသည်ဟု ရန်ကုန် ဒေသခံများက ဆိုသည်။

ယခင်နှစ်များနှင့် မတူသော စည်းကမ်းချက် အသစ် တချို့မှာ သင်္ကြန် မဏ္ဍပ်၏ နောက်ခံ အပြင်အဆင် များကို မြန်မာ့ရိုးရာ ပန်းချီ ဒီဇိုင်းများနှင့် ပြုလုပ်ရန်၊ သင်္ကြန် မဏ္ဍပ် အမည်ကို မြန်မာ ဆန်ဆန် ပေးကြရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မအပ်စပ်သော ၀တ်စား ဆင်ယင်မှု ကခုန်မှု သရုပ်ပျက်မှု များအား လုံးဝ ခွင့်မပြုရန်၊ မဏ္ဍပ်တွင် မြန်မာ့ရိုးရာ အစားအစာ ကိုသာ ဧည့်ခံ ကျွေးမွေးရန် စသည် တို့ ပါဝင်သည်။

ထို့အပြင် ဖွင့်ပွဲနေ့တွင် မဏ္ဍပ်အားလုံးက ငွေဖလားတွင် အမွှေးနံ့သာရည် ထည့်ပြီး ရေကစားရန်၊ အကျယ်ပေ ၅၀ နှင့် အထက် ရှိသော မဏ္ဍပ်ကြီးများ အနေဖြင့် ယိမ်းအဖွဲ့များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဗဟိုမဏ္ဍပ်တွင် ယှဉ်ပြိုင်ရေး စေလွှတ်ရန်၊ အထက်မှ ညွှန်ကြားပါက အလှပြယာဉ်တစီး ပါဝင် ယှဉ်ပြိုင်ပေးရန်တို့လည်း ပါဝင်ကြောင်း သိရသည်။

“စည်းကမ်းချက်တွေ မလိုက်နာတဲ့ သူတွေကို တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖမ်းမယ်လို့ ထုတ်ပြန်ထား တယ်”ဟု ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက ပြောသည်။

သင်္ကြန်မဏ္ဍပ်များတွင် ဆေးလိပ်နှင့် အရက် ကုမ္ပဏီ ကြော်ငြာများကို ခွင့်မပြုသည့် စည်းကမ်းချက်လည်း ထုတ်ထားသောကြောင့် မဏ္ဍပ်များ ဖြစ်မြောက်ရေး အခက်အခဲ ရှိကြောင်း သိရသည်။

နှစ်စဉ် လူစည်ကားရာ နေရာများ ဖြစ်သော အင်းလျားလမ်း၊ တက္ကသိုလ် ရိပ်သာလမ်းများတွင် မဏ္ဍပ်ဆောက်ခွင့် မပြုသဖြင့် ယခုနှစ် ရန်ကုန်သင်္ကြန် စည်ကားမည် မထင်ကြောင်း ရန်ကုန်မြို့ခံ လူငယ်များက ပြောသည်။

“ဒီနှစ် ရန်ကုန်သင်္ကြန်ကတော့ စည်ဖို့ အလားအလာမရှိပါဘူး။ ကုမ္ပဏီကြီးတွေ၊ သရုပ်ဆောင်တွေ၊ အဆိုတော်တွေ အကုန်လုံး နီးပါးက နေပြည်တော်ကို သွားမှာဆိုတော့ နေပြည်တော်မှာတော့ စည်မယ် ထင်တယ်”ဟု အမျိုးသမီး တဦးက ပြောသည်။

ရန်ကုန်မြို့တွင် ယမန်နှစ်က သင်္ကြန် မဏ္ဍပ်ပေါင်း ၂၀၀ ကျော် ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်