ဗိုလ်ချုပ်ကြီး သိန်းစိန် ပါတီ ခေါင်းဆောင် လုပ်မည်ဟုဆို

E-mail Print
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရာထူးမှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း (ကြံ့ဖွံ့) က တည်ထောင်မည့် ပါတီကို ခေါင်းဆောင် ရမည်ဟု စစ်အစိုးရ အသိုင်းအ၀န်း ကြားတွင် ပြောဆိုနေကြကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်က လက်ရှိ နေထိုင် နေသည့် အိမ်နှင့် တခြားသော ပိုင်ဆိုင် မှုများကို အစိုးရထံတွင် ပြန်လည် အပ်နှံကြောင်း၊ ပါတီ ခေါင်းဆောင် အဖြစ် ပြောင်းလဲ သွားမည့် သူများထဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဗိုလ်ချုပ် ဌေးဦးတို့လည်း ပါဝင်မည်ဟု အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။

ရွေးကောက်ပွဲပြီးလျှင် ထိပ်တန်း စစ်ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ တို့သည် တပ်မတော်တွင် ဆက်လက် တာဝန် ယူမည်ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ယုံကြည် အားထားမှုကို ရရှိထားသူများ ဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများအရ သိရသည်။

ယခုနှစ်တွင် ပြုလုပ်မည်ဟု အကြိမ်ကြိမ် ကြေညာထားသည့် ရွေးကောက်ပွဲတွင် ပါတီ ခေါင်းဆောင်များအဖြစ် အသွင်ပြောင်းမည်ဟု ဆိုသည့် ဗိုလ်ချုပ်ကြီး ၃ ဦး မည်သို့ ပါဝင်မည်ကို အတိအကျ မသိရသေးပေ။  ကြံ့ဖွံ့အသင်းက ဖွဲ့စည်းမည့် ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ၀င်ရောက်နိုင် သကဲ့သို့ ရွေးကောက်ပွဲ မ၀င်လျှင်လည်း လွှတ်တော်တွင် စစ်အရာရှိများ အတွက် သတ်မှတ်ထားသည့်  ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များ နေရာတွင် ထိုဗိုလ်ချုပ်ကြီးများ ပါဝင်နိုင်ကြောင်း သိရသည်။

ဗိုလ်ချုပ်ဌေးဦးသည် ကြံ့ဖွံ့အဖွဲ့ကြီးတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။  ကြံ့ဖွံ့ အဖွဲ့ကြီးကို နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲမည်ဟု ၂၀၀၅ ခုနှစ်  နိုဝင်ဘာလတွင် ဗိုလ်ချုပ်ဌေးဦးက ပြောကြားခဲ့သေးသည်။

ကြံ့ဖွံ့ အသင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး နောက်တနှစ် ၁၉၉၃ ခုနှစ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသင်းဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်များသည် အသင်းကြီး၏ နာယက အဖွဲ့ဝင်များ ဖြစ်ကြသည်။ 

အသင်းကို လူမှုရေး လုပ်ငန်းများအတွက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက ကြေညာခဲ့သော်လည်း ဒီမိုကရေစီ အင်အားစုများကို တိုက်ခိုက်ရာတွင် ကြံ့ဖွံ့အသင်းက တက်တက်ကြွကြွ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ဤအတောအတွင်း အသင်း၏ လူမှုရေး လုပ်ငန်း ဆောင်ရွက်မှု သတင်းများကို စစ်အစိုးရ၏ မီဒီယာများတွင် ဦးစားပေး ဖော်ပြလျက်ရှိရာ ရွေးကောက်ပွဲအတွက် မဲဆွယ်မှု လုပ်ငန်းများအဖြစ် အများက ရှုမြင်ခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်