ပါတီ ၄ ခု ရက်ပိုင်းအတွင်း မှတ်ပုံတင်

E-mail Print
နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ပြုရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားသည့် ပါတီသစ် ၄ ခု ရှိသည်ဟု အစိုးရ သတင်းစာများတွင် ရေးထားသည်။

ကော်မရှင်တွင် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီပေါင်း ၁၁ ခု ရှိသွားပြီ ဖြစ်သည်။

ယမန်နေ့က ကော်မရှင်တွင် လျှောက်ထားသည့် ပါတီ ၂ ခုမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီတို့ ဖြစ်သည်။

“ပါတီမူဝါဒကတော့ စက်မှုအရင်းရှင်စနစ်ကို အစွမ်းကုန်ထူထောင် သွားမယ်၊  စက်မှု အရင်းရှင် စနစ်ရဲ့အောက်မှာသာ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ဆင်းရဲသားတွေဟာ အစွမ်းကုန် ဖွံ့ဖြိုးနိုင်တယ်” ဟု ခေတ်သစ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောသည်။

အဖွဲ့ဝင် အင်အား များပြားသည့် ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ၊ မန္တလေး စသည့် တိုင်းများ နှင့် ရခိုင်ပြည်နယ်တို့တွင် အဓိကထား အရွေး ခံမည် ဖြစ်ကြောင်း၊ အဖွဲ့ဝင်ပေါင်း ၂ သိန်းကျော် ရှိသွားပြီ ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ဧရာဝတီကို ပြောသည်။

ဦးထွန်းအောင်ကျော်သည် အစိုးရ၏ သတင်းစာများတွင် အောင်မိုးစံ၊ ထွန်းအောင်ကျော် (မာန်အောင်) စသည့် ကလောင် အမည်တို့ဖြင့်  ဆောင်းပါးများ ရေးသားခဲ့သည်။ ယခင်က အလံနီ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုး၏ ကိုယ်ရေး အရာရှိ အဖြစ် ၉နှစ်ခန့် အမှုထမ်းခဲ့သည်။

အခြား ပါတီ တခု ဖြစ်သော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဒု ဥက္ကဋ္ဌဖြစ်သူ ဦးတင်မောင်အေးက ၎င်းတို့ ပါတီသည်  ဒီမိုကရက်တစ် လုပ်နည်း လုပ်ဟန်များကို ကျင့်သုံးမည်ဟု ဆိုသည်။

“ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူသားမျိုးနွယ်တွေရဲ့ အကျိုး စီးပွားကို မျက်ကွယ်မပြုဘူး၊ လူသားဆန်ဆန် ရပ်တည်သွားမယ်၊ နိုင်ငံတကာတွေနဲ့ ဆက်သွယ်သွားမယ်” ဟု  ဦးတင်မောင်အေးက ဧရာဝတီကို ပြောသည်။

ထူးခြားသည့် အမည် ပေးထားသည့် ထိုပါတီက  ရန်ပုံငွေအတွက် အများ ပြည်သူထံမှ  အလှူခံကာ  နိုင်ငံတ၀န်းလုံးတွင် ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။

တနလာင်္နေ့က ကော်မရှင်တွင် လျှောက်ထားသည့် ပါတီ ၂ ခုမှာ ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ ၀င်မည့် KSPP ဥက္ကဋ္ဌ ဒေါက်တာ မနန် တူးဂျာက “ဒီမိုကရေစီ ထွန်းကားလာဖို့ ပါတီစုံ စနစ်ကို ထောက်ခံတယ်၊ ကိုယ့်ပြည်နယ် ကိုယ့်ဒေသကို တိုးတက်စေချင်တယ်” ဟု ပြောသည်။

ပါတီဝင်ဖြစ်ရန် စာရင်းသွင်းထားသူ ၃၀၀၀ ၀န်းကျင် ရှိသည်ဟု ဒေါက်တာတူးဂျာက ပြောသည်။ ဒေါက်တာ တူးဂျာသည်  ကချင်ပြည်နယ် အခြေစိုက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဒုဥက္ကဋ္ဌ ဟောင်းဖြစ်သည်။ ၂၀၀၉ ခုနှစ် မတ်လတွင် KSPP ကို ထူထောင်ခဲ့သည်။

KSPP နည်းတူ တိုင်းရင်းသား လူမျိုးစု ပါတီများ ဖြစ်သော ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ တို့လည်း မကြာသေးမီက ပါတီ မှတ်ပုံတင်ခွင့် ပြုရန် လျှောက်ထားခဲ့ကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်၊ ၈၈ မျိုး ဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ဒီမိုကရက်တစ် ပါတီ ( မြန်မာနိုင်ငံ)၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ၊ ပြည်ထောင်စု အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့  တို့လည်း ပါတီ မှတ်ပုံတင်ခွင့်ရရန် လျှောက်ထားပြီး ဖြစ်သည်။

ရွေးကောက်ပွဲအတွက် ထိုသို့ ပြင်ဆင်နေသော နိုင်ငံရေးအဖွဲ့များ ရှိသကဲ့သို့ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အဖွဲ့များလည်း ရှိသည်။ အထင်ရှားဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်သည်။

အစိုးရက ထုတ်ပြန်ထားသည့် ဥပဒေများမှာ တရားမျှတမှု မရှိသဖြင့် ပါတီ မှတ်ပုံတင်ခြင်း မပြုသည့်အပြင် ရွေးကောက်ပွဲ ၀င်မည် မဟုတ်ကြောင်း  NLD က မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

NLD  ၏ ထိုဆုံးဖြတ်ချက်ကို  ကြိုဆို ထောက်ခံကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ က ယနေ့ ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်