ရွေးကောက်ပွဲပြီးလျှင် ဒုက္ခသည်များ ပြန်ပို့မည်ဟု တာ့ခ် ခရိုင်မှူးပြော

E-mail Print
မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးပါက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၃ ခုတွင် နေထိုင်သော ဒုက္ခသည် များကို မြန်မာ နိုင်ငံသို့ ပြန်ပို့နိုင်ရန် မျှော်လင့်ကြောင်း ယမန်နေ့က တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

ယမန်နေ့က မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သော ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော အစည်း အ ဝေး၌ တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး စမတ် လွိုင်ဖာ့ က ဒေသခံ သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မြ၀တီမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ အုန်းဖျံနှင့် မယ်လ ဒုက္ခသည် စခန်း၌ လူဦးရေ တသိန်းခန့် ရှိကြောင်း သိရသည်။

စမတ် လွိုင်ဖာ့ က ယင်းဒုက္ခသည် အများစုသည် ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စ များနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ အနေဖြင့် ၀န်ထုပ်ဝန်ပိုး ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ၍ တည်ငြိမ် အေးချမ်းသွားပါက ဒုက္ခသည်များကို မိမိနေရပ်သို့ ပြန်ပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ရာတွင်လည်း နိုင်ငံတကာ စံချိန်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်၍ မြန်မာနိုင်ငံ အတွင်း၌ ၎င်း တို့၏ လုံခြုံရေးနှင့် ဆန္ဒအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စမတ် လွိုင်ဖာ့ က ဆိုသည်။

စမတ် လွိုင်ဖာ့ က ယင်းသို့ ပြောကြားခဲ့သော်လည်း ထိုင်းအစိုးရ အနေဖြင့် ဒုက္ခသည်စခန်းများကို ပိတ်ပင်၍ ပြန်ပို့မည့် ဆုံးဖြတ် ချက် မရှိသေးကြောင်း သိရသည်။   

မယ်လဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းကမူ“၂၀၁၀ ရွေးကောက်ပွဲကတော့ သူတို့ အနေနဲ့ အကောင်းဆုံးဖြစ်မယ် လို့ မျော်လင့်တာပေါ့၊ ဒါပေမယ့် ဒုက္ခသည်တွေ ပြန်ပို့မယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲသည် စစ်မှန်သော ရွေးကောက်ပွဲ မဟုတ်သည့်အတွက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို ဖော်ဆောင်နိုင် မည် မဟုတ်သောကြောင့် ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ နေရပ်သို့ ပြန်ရန် ဆုံးဖြတ်ချက်ချမည် မဟုတ်သကဲ့သို့ ပြန်ချင်ကြမည် မဟုတ်ကြောင်းလည်း ကိုထွန်းထွန်းက ပြောသည်။

ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေး လာကြသူများရှိနေကြောင်း သိရသည်။ ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက် သောင်း ခန့် ရှိကြောင်း သိရသည်။ 

ထို ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)က အခြေခံ ရိက္ခာများဖြစ် သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးခဲ့ပြီး NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။ TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေး နေသော အစိုးရမဟုတ်သည့် အဖွဲ့များ စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

လွန်ခဲ့သည့် ဇန်န၀ါရီလဆန်း ပိုင်းကလည်း ယင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးကပင် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရား မ၀င် ဖွဲ့စည်းလှုပ်ရှားနေသည့် မြန်မာ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လူမှုရေးကို ဗန်းပြပြီး နိုင်ငံရေး လုပ်နေခြင်း၊ ကိုယ်ကျိုး စီးပွားရှာဖွေနေခြင်းများ တွေ့ရှိပါက ထိုင်းနိုင်ငံမှ နှင်ထုတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်