မိုးသက်လေပြင်းကျ ကလေး ၂ ဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

E-mail Print
မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် တချို့၌ မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ယနေ့ ဖော်ပြ ထားသည်။

မိုးသက်လေပြင်းသည် ရှမ်းပြည်နယ် မူဆယ်ခရိုင် အတွင်းရှိ ကြူကုတ် (ပန်းဆိုင်း)၊ တာမိုးညဲ၊ လားရှိုး၊ ကွမ်းလုံ၊ မန္တလေး တိုင်း ညောင်ဦး၊ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့များ၌ ပြီးခဲ့သည့် အင်္ဂါနေ့က တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

လားရှိုးမြို့နယ် ပန်ဟုန်ရွာတွင်လည်း လေပြင်းတိုက်ခတ်ပြီး သစ်ပင်များ ပြိုလဲမှုကြောင့် သစ်ကိုင်းကျိုးပိ၍ ကလေးငယ် ၂ ဦး သေဆုံးပြီး ကလေး၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းမိုးသက်လေပြင်း တိုက်ခတ်ရာ မြို့နယ်များရှိ ဒေသခံ စုစုပေါင်း ၁၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းစာ က ဖော်ပြထားသည်။

လားရှိုးမြို့မှ ဦးစိုင်းမြင့်မောင်က“လားရှိုးမြို့ပေါ်မှာတော့ အများကြီးတော့ မဟုတ်ဘူး၊ မိုးလေကျပြီးတော့ ၁၀ မိနစ်လောက်ပါပဲ၊ ခြံထဲမှာ အပင်လေး နည်းနည်းပါးပါး ကျိုးတယ်၊ လမ်းတွေမှာ အပင်တွေ ကျိုးတယ်၊ ဒါလောက်ပါပဲ”ဟု ဧရာဝတီသို့ ပြောပြသည်။

ယင်း မိုးသက်လေပြင်း တိုက်ခတ်သောကြောင့် အဆောက်အအုံ တချို့ အမိုးလန်ခြင်း၊ သစ်ပင်များပြိုလဲခြင်း နှင့် တယ်လီဖုန်းတိုင် ပြိုလဲပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူများမှာ သက်ဆိုင်ရာ မြို့နယ်ရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူလျက် ရှိ ကြောင်း သိရသည်။

အလားတူပင် ယခုလ ၁၆ ရက်နေ့ (သင်္ကြန် အတက်နေ့)တွင်လည်း မိုးသက်လေပြင်း တိုက်ခတ်ခဲ့သည့် အတွက် မန္တလေးမြို့ ကျုံးမြောက်ဘက်ခြမ်းရှိ ရေကစား မဏ္ဍပ်တချို့ ပြိုကျပျက်စီးခဲ့သည်။

ထို လေပြင်း တိုက်ခတ်မှုမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း မန္တလေးနန်းတွင်း၏ မြောက်ဘက်ခြမ်းရှိ မဏ္ဍပ် ၁၄ ခုခန့် ပျက် စီးသွားကြောင်း၊ အလုပ်သမားဆေးရုံကြီးရှေ့ရှိ ကျန်းမာရေးဝန်ကြီးဋ္ဌာန မဏ္ဍပ် နှင့် တခြားသော မဏ္ဍပ်တခုတို့ ပြိုကျသွား ကြောင်း မန္တလေးမြို့ခံများက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်