မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့အစည်းများကို အိုင်စီဂျီ တောင်းဆို

E-mail Print

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသည့် ဧရာဝတီတိုင်း ပြန်လည်ထူထောင်နေသည့်ကာလတွင် မြန်မာစစ်အစိုးရ နှင့် ပူးပေါင်း ဆောင်ရွက်ရန် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်

အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကပ်ဘေးဒုက္ခကယ်ဆယ်ရေး အဖွဲ့ (အိုင်စီဂျီ) က နိုင်ငံတကာ အဖွဲ့အစည်းများကို တောင်းဆိုကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။

၎င်း အစီအရင်ခံစာတွင် “မြန်မာစစ်အစိုးရနဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအပြီး ကူညီမှုပေးနေတဲ့ လူမှုကူညီရေးအေဂျင်စီ တွေရဲ့ မယုံနိုင်လောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ် အခြေတည်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက ဆက်ဆံရေးကို တည်ဆောက်သင့်တယ်။ ပြီးတော့ ကာလကြာရှည် အကျိုးမရှိတဲ့ ကူညီထောက်ပံ့ရေးတွေကိုလည်း ပြောင်းပြန်လှန်ပစ်လိုက် သင့်ပြီ” ဟု ဆိုထားသည်။

ကူညီထောက်ပံ့ခြင်းသည် လူသားခြင်းစာနာထောက်ထားမှုနှင့် ပတ်သက်၍ မရှိမဖြစ် လိုအပ်သော် လည်း ၎င်းကိစ္စရပ်ကို နိုင်ငံတကာအဖွဲ့အစည်းများက အကောင်းဆုံး အခွင့်အရေးတရပ်ဟု ယူဆကာ မြန်မာနိုင်ငံကို အပြုသဘောဆောင်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အတွက် ဆောင်ရွက်သည့် နေရာတွင် အသုံးချသင့်သည်ဟု အိုင်စီဂျီ၏ အစီအရင်ခံစာတွင် ရေးသားထားသည်။

“အရေးပါတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကျန်သေးတယ်။ ကူညီထောက်ပံ့ရေး လုပ်ငန်း တွေကို အင်နဲ့အားနဲ့ လုပ်ဆောင်နိုင်ခဲ့ပေမယ့် နိုင်ငံရေးနဲ့ပတ်သက်လို့ ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး” ဟု အိုင်စီဂျီ၏ စီမံကိန်းဒါရိုက်တာ ဂျွန်ဗားဂိုးက အစီအရင်ခံစာတွင် ပြောထားသည်။

ကူညီထောက်ပံ့မှု ဆိုသည်မှာ နာကျင်ခံစားနေရသော ဝေဒနာများ သက်သာစေရန် များစွာ တန်ဖိုးရှိ သကဲ့သို့ တံခါးပိတ်နေ သည့် နိုင်ငံများကို ပွင့်လင်းစေရန်လည်း အလားအလာရှိသည်ဟု ဗားဂိုးက ဆိုသည်။

“အပြုသဘောဆောင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ အရှိန်ထပ်တင်သင့်တယ်။ ပြီးတော့ နိုင်ငံတကာအနေနဲ့ လည်း ပရိယာယ်ကြွယ်ဝတဲ့ ဖိအားပေးမှု နည်းလမ်းတွေ သုံးဖို့လိုအပ်တယ်” ဟု အိုင်စီဂျီ အစီအရင်ခံစာတွင် ဖော်ပြထား သည်။

နိုင်ငံတကာအနေနှင့် ကူညီထောက်ပံ့ရေး ကိစ္စရပ်ကို နိုင်ငံရေးကိစ္စနှင့် ချိတ်ဆက်တွေးခေါ်သည်မှာ မှားယွင်းသည်ဟု ထိုအစီအရင်ခံစာတွင် ရေးသားထားသည်။

အိုင်စီဂျီက နာဂစ်ဆိုင်ကလုန်း နောက်ပိုင်း ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဝေဖန်ထားသည်။

မြန်မာအစိုးရသည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်း ပြည်သူလူထုအပေါ် ဖိနှိပ်မှု၊ လာဘ်စားမှုနှင့် စီမံခန့်ခွဲရေးလွဲချော် မှုများ ပိုမိုများပြားလာသည့်ပြင် အနောက်နိုင်ငံများ အပါအဝင် နိုင်ငံတကာက မြန်မာစစ်အစိုးရကို အထီးကျန်ဖြစ်စေရန်သာ ကြိုးပမ်းအားထုတ် ကြသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်ရန်၊ လူထုအင်အားကို တည်ဆောက်ရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အခွင့်အရေးများစွာ ဆုံးရှုံးသွားသည်ဟု ဝေဖန်သည်။

ယူအန်၊ အာဆီယံ၊ အနောက်အုပ်စုများနှင့် အိမ်နီးချင်းနိုင်ငံများ၏ စွမ်းအား၊ ကူညီ ထောက်ပံ့ရေး အေဂျင်စီများ နှင့် အလှူ ရှင်များသည် မြန်မာစစ်အစိုးရနှင့်လက်တွဲကာ ကပ်ဘေးပြဿနာများကို ဖြေရှင်းသင့်သည်ဟုလည်း အိုင်စီဂျီက အကြံပြု သည်။

“အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်အစိုးရကို ဖိအားပေးတာ၊ စီးပွားရေး ပိတ်ဆို့တာတွေ လုပ်တာထက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့ တောင်းဆိုပါတယ်” ဟု ၎င်း၏ အစီအရင်ခံစာတွင် ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်