အမေရိကန် ၀န်ကြီးနှင့် မြန်မာ့အရေးလှုပ်ရှားသူများ တွေ့မည်

E-mail Print
အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ရှဝပ်(ဇ်)သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများနှင့် လာမည့် စနေနေ့တွင် တွေ့ဆုံရန်ရှိ ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)နှင့် မြန်မာ ဒီမိုကရေစီ အင်အားစု (Forum for Democracy in Burma) အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့ ၁၅ဖွဲ့မှ တာဝန်ရှိသူများကိုလည်း တွေ့ဆုံရန်ရှိကြောင်း AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

ဝန်ကြီး အဲရစ် ရှဝပ်(ဇ်)သည် ထိုင်း အာဏာပိုင်များနှင့် မြန်မာဒုက္ခသည်များ အရေးကို ဆွေးနွေးမည် ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အမေရိကန် သံရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

ယနေ့ညတွင် ဘန်ကောက်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက် သောင်း ခန့် ရှိကြောင်း သိရသည်။

ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေး လာကြသူများရှိနေကြောင်း သိရသည်။  မကြာသေးမီ နှစ်များအတွင်း မြန်မာ ဒုက္ခသည် အများအပြားသည် အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်ခွင့် ရရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်