အန်အယ်လ်ဒီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ မကျန်းမမာဖြစ်နေ

E-mail Print

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အတွင်းရေးမှူး ၃ ဦးထဲမှ တဦးဖြစ်သူ ဦးလွင် အသက် ၈၆ နှစ်သည် ကျန်းမာရေးမကောင်း၍ တုတ်ကောက်ဖြင့် လမ်းလျှောက်နေရပြီး

ရုံးမတက်နိုင်ကြောင်း အန်အယ်လ်ဒီ က ပြောကြားသည်။

အလားတူ ဥက္ကဌ ဦးအောင်ရွှေ အသက် ၉၁ နှစ်သည်လည်း မကျန်းမမာ ဖြစ်နေသဖြင့် ယနေ့အထိ ရုံးမတက်နိုင်သေး ကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

“လွန်ခဲ့တဲ့ သုံးပတ်လောက်က အန်အယ် ဦးအောင်ရွှေက တုပ်ကွေး မိတယ်၊ အဆုတ်အအေးမိတာပါတယ်။ အသက်ကြီး တော့ နလန်မထူနိုင်သေးဘူးပေါ့။ အန်ကယ် ဦးလွင်ကတော့ အရင်ကလေဖြတ်ထားတဲ့ ခြေ ထောက်တဘက်က သိပ်မလျှောက်နိုင်လို့ တုတ်ကောက်နဲ့လျှောက်ရတော့ နည်းနည်းခက်ခက်ခဲခဲဖြစ်နေ တယ်။ ရုံးမတက်နိုင်တာ နှစ်ပတ် လောက်တော့ရှိပြီ”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယခု ကျန်းမာရေးအခြေအနေအရ ဦးလွင်သည် ပါတီတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန် မလွယ်ကူကြောင်းလည်း သိရသည်။

လက်ရှိ အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေမှူး ဦးလွင်တို့သည် ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဦးနေဝင်း ၏ အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ(မဆလ)အဖွဲ့ဝင်များလည်း ဖြစ်သည်။

ဦးအောင်ရွှေသည် ၁၉၆၁ခုနှစ်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချူပ်တိုင်းမှူး တာဝန်ထမ်းဆောင်နေရာမှ အနားယူခိုင်းခံခဲ့ရပြီး ၁၉၆၁ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ သြစတေးလျ၊ ပြင်သစ်၊ စပိန်၊ အီဂျစ်၊ နယူးဇီလန် နိုင်ငံများတွင် သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

ဦးလွင်သည် ဦးနေဝင်း၏ မဆလ ပါတီ လက်ထက် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ကောင်စီဝင် တဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၎င်းတို့ နှစ်ဦးလုံးသည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် အန်အယ်လ်ဒီနှင့် မျိုးချစ်ရဲဘော် ဟောင်းများအဖွဲ့ချူပ် တို့တွင် ခေါင်းဆောင်များဖြစ် လာကြသည်။

၁၉၈၈ခုနှစ် အရေးအခင်းကာလအတွင်း တပ်မှူးဟောင်း ၈၀ ကျော်နှင့်စတင် ဖွဲ့စည်းခဲ့သည့် မျိုးချစ်ရဲဘော် ဟောင်များ အဖွဲ့ချူပ်ကို တရားဝင်ပါတီအဖြစ်မှ ၁၉၉၀နောက်ပိုင်းတွင် စစ်အစိုးရက ဖျက်သိမ်းခဲ့သည်။

၁၉၉၀ခုနှစ်အစောပိုင်းကာလတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ပါတီမှနုတ်ထွက် ရန် ဖိအားပေး ခဲ့သည့်အချိန်မှစပြီး  ဦးအောင်ရွှေသည် အန်အယ်လ်ဒီ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။

ဦးအောင်ရွှေသည် ၁၉၉၀ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များဖြင့်ဖွဲ့စည်းထားသည့်  ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဥက္ကဌ တဦးလည်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်