ဧရာဝတီ လင်းပိုင် ၅ ကောင် တလအတွင်း သေဆုံး

E-mail Print
မြန်မာနိုင်ငံရှိ ဧရာဝတီ လင်းပိုင်များ၏ သေဆုံးမှုသည် ဧပြီလတွင်းက အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ တလအတွင်း ဧရာဝတီ လင်းပိုင် ငါးကောင် သေဆုံးကြောင်း လင်းပိုင်များအား သုတေသနပြု ထိန်းသိမ်း လေ့လာသူများ ထံမှ သိရှိရသည်။

“ပထမဆုံး စစ်ကိုင်း တိုင်းထဲမှာ သေသွားတဲ့ ဧရာဝတီလင်းပိုင် နှစ်ကောင် တွေ့တယ်၊ သေတာကတော့ ဗန်းမော် ပတ်ဝန်း ကျင်ထဲမှာ သေတယ်၊ နောက် ကသာရဲ့ အရှေ့ဘက်ကမ်းမှာ တစ်ကောင်၊ စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာမှာ တကောင်စီ ထပ်တွေ့တယ်”ဟု ရန်ကုန်မြို့မှ လင်းပိုင်များကို ထိန်းသိမ်း လေ့လာနေသူ တဦးက ပြောသည်။

လင်းပိုင်များ သေဆုံးရခြင်း အကြောင်းအရင်းနှင့် ပတ်သက်ပြီး“နှစ်ကောင်က သူ့ဘာသာ အသက်ကြီးလို့ သေဆုံးသွားတဲ့ သဘောပါ၊ ကျန်တဲ့ သုံးကောင်ကတော့ ငါးဖမ်းပိုက်တွေနဲ့ ငြိပြီးသေရတာပါ”ဟု ၎င်းကဆက်လက် ပြောပြသည်။

“တချို့လူတွေဟာ သူတို့တွေရဲ့ ငါးဖမ်းပိုက်တွေကို လင်းပိုင်တွေကို ကာကွယ်ထားတဲ့ နေရာတွေမှာ လာ ချထားတာမျိုး တွေ၊ ဘတ္ထရီအိုးတွေနဲ့ ငါးကို ရှော့ရိုက်ပြီးဖမ်းတာမျိုးတွေ ရှိပါတယ်၊ ဒါတွေဟာ လင်းပိုင်တွေအတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်ပေါ်စေနိုင်ပါတယ်”ဟု ရုပ်ရှင်သရုပ်ဆောင် လွင်မိုး က ဧရာဝတီသို့ပြောသည်။

လွင်မိုးသည် ယမန်နှစ်က ဧရာဝတီ လင်းပိုင်များ အကြောင်းကို ဗီဒီယို မှတ်တမ်းအဖြစ် ထုပ်လုပ်ခဲ့သည်။

ယင်း ဧရာဝတီလင်းပိုင်မျိုးစိတ်ကို ကမ္ဘာက အမည်ပေး သတ်မှတ်ထားခြင်းဖြစ်ပြီး တခြားနိုင်ငံများမှလည်း ဧရာဝတီ လင်းပိုင်ဟုသာ ခေါ်ကြသည်။

လင်းပိုင်များကို ကာကွယ်ရန်အတွက် ထိန်းသိမ်း လေ့လာရေးအဖွဲ့သည် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်း များကို လုပ်ဆောင်နေပြီး ရွာသားများသည်လည်း လင်းပိုင်များကို တမင် ရည်ရွယ်၍ သတ်ဖြတ်ခြင်းမျိုးများ မရှိကြောင်း လင်းပိုင်များ သုတေသနပြု လေ့လာသူ တဦးကလည်း ပြောသည်။

“လင်းပိုင်တွေ သေရတာကတော့ အများဆုံးက အသက်ကြီးလို့ သေတာမျိုးတွေ၊ ငါးဖမ်းပိုက်တွေနဲ့ မတော်တဆ ငြိပြီး သေတာမျိုးတွေဖြစ်ပါတယ်၊ လင်းပိုင်တွေရှိတဲ့ ဒေသတွေမှာ နေတဲ့လူတွေကတော့ လင်းပိုင်ကို သတ်တာမျိုးတွေတော့ မရှိပါဘူး၊ ဒေသခံတွေရဲ့ ယုံကြည်မှုကိုက လင်းပိုင်ကို သတ်ရင် ကံမကောင်းတတ်ဘူး ဆိုတဲ့ ယုံကြည်မှုတွေ ရှိတယ်လေ” ဟု ၎င်းကပြောသည်။

ဧရာဝတီ လင်းပိုင် အကောင်ရေသည်၂၀၀၄ ခုနှစ်အထိ ၇၂ ကောင်သာရှိပြီး ယခုအချိန်တွင် ၈၉ ကောင် အထိ တိုးပွား လာပြီ ဖြစ်သည်။

ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်း လေ့လာရေးအဖွဲ့၏ မှတ်တမ်းများအရ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ မေလ အထိ လင်းပိုင်များ သေဆုံးမှုမှာ အကောင်၂၀ ခန့်သာ ရှိခဲ့ပြီး ယခု ဧပြီလအတွင်း သေဆုံးမှုမှာ တလအတွင်း အများဆုံး သေဆုံးမှု ဖြစ်ကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်