စက်သုံးဆီ လမ်းဘေး မှောင်ခိုဈေးကွက် မပျောက်သေး

E-mail Print
တရားဝင် ပုဂ္ဂလိက စက်သုံး ဆီဆိုင်များ ဖွင့်ခွင့် ပေးလိုက် သော်လည်း ဆယ်စုနှစ်နှင့်ချီ၍ လမ်းဘေး ဆိုင်များအဖြစ် တည်ရှိနေသော မှောင်ခို စက်သုံးဆီ ဈေးကွက်မှာ ပျောက်ကွယ် သွားခြင်း မရှိသေးကြောင်း ရန်ကုန်မြို့ရှိ လမ်းဘေး စက်သုံးဆီ အရောင်းဆိုင်များက ပြောသည်။

“၀ယ်နေကျ လမ်းဘေး ဆိုင်တွေက စိတ်ချရတယ်။ ဒါကြောင့် ပုဂ္ဂလိက ဆိုင်တွေ ပေါ်လာလည်း လမ်းဘေးမှာပဲ ၀ယ်ဖြစ်တယ်။ ကျပ် ၁၀၀၊ ၂၀၀ ကွာပေမယ့် အပြင်မှာ ၀ယ်ရတာ စိတ်ချမ်း သာတယ်”ဟု တက္ကစီ ယာဉ်မောင်း တဦးက ပြောသည်။

စစ်အစိုးရက နှစ် ၆၀ ကျော် နိုင်ငံပိုင် လုပ်ကိုင် ခဲ့သော စက်သုံးဆီ အရောင်း ဆိုင်များကို ဇွန် ၁၀ ရက်နေ့မှ စတင်ကာ ပုဂ္ဂလိက အဖြစ် လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ပုဂ္ဂလိကသို့ ပြောင်းလဲ ရောင်းချခွင့် ပြုလိုက်သော်လည်း လမ်းဘေး စက်သုံးဆီဆိုင်များတွင် ဝယ်ယူသူ အများစုမှာ မီးစက် တွင် အသုံးပြုရန် ဝယ်ယူသူများ၊ ပုဂ္ဂလိကဆိုင်တွင် ကြန့်ကြာသည်ကို မလိုလားသူများနှင့် ပုဂ္ဂလိက ဆိုင်များမှ ရောင်းချသော ဆီများမှ ဂါလန် မပြည့်ဟု ယူဆသူများ ဖြစ်ကြောင်း လမ်းဘေး မှောင်ခိုဆီဆိုင်များ၊ တက္ကစီ ယာဉ်မောင်းများနှင့် ကိုယ်ပိုင် ယာဉ်ပိုင်ရှင်တချို့ထံမှ သိရသည်။

အရည်အသွေး အာမခံခြင်း၊ ၂၄ နာရီရောင်းပေးနိုင်ခြင်း၊ မြန်ဆန်ခြင်းတို့ကြောင့် လမ်းဘေးစက်သုံးဆီ ဈေးကွက်မှာ ပျောက် ကွယ်သွားနိုင်ဖွယ် မရှိဟု ထိုလုပ်ငန်းလုပ်ကိုင်သူများက ယူဆနေကြသည်။

“မီးစက်ကြီးသမားတွေ ဆီလိုရင် ဖုန်းဆက်လိုက်ရုံပဲ။ ကျနော်တို့ သွားပို့ပေးတယ်။ အခုဆိုင်တွေ အဲဒီလို ဝန်ဆောင်မှု မပေး နိုင်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ဈေးကွက် တိမ်ကောသွားဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး။ အရင်ကထက်တော့ သေးသွားလိမ့် မယ်”ဟု လမ်းဘေး စက်သုံးဆီရောင်း လုပ်ငန်းကို ဆယ်စုနှစ်နှင့် ချီ၍ လုပ်ခဲ့သူတဦးက ဆိုသည်။

နိုင်ငံတ၀န်းတွင် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချနေသော်လည်း ဆီကို လိုသလောက် ရောင်းချပေးသော အနေအထား မဟုတ်ဘဲ မော်တော်ယဉ် ဆီတိုင်ကီ (Service Tank) အပြည့်သာ ၀ယ်ယူနိုင်သဖြင့် အကန့်အသတ် ရှိနေသေးကြောင်း သိရ သည်။

ပုဂ္ဂလိကဆိုင်များ စတင်ရောင်းချချိန်တွင် ဒီဇယ် တဂါလန် ၂၉၀၀ ကျပ်နှင့် ဓာတ်ဆီ တဂါလန် ၂၅၀၀ ကျပ်တို့ဖြင့် ရောင်းချနေ ပြီး လမ်းဘေးဆိုင်များတွင် ဒီဇယ်နှင့် ဓာတ်ဆီကို တပြေးညီ တစ်ဂါလန် ၂၈၀၀ ကျပ်ဖြင့် ဆိုင်းဘုတ်ထောင် ရောင်းချလျက်ရှိ သည်။

“ဒီဇယ်ကို ဘုရင့်နောင်မှာ ကြိုက်သလောက်ဝယ်လို့ရတယ်။ ဓာတ်ဆီကိုတော့ ပုဂ္ဂလိကဆိုင်တွေမှာ ကား Service Tank နဲ့သွားထုတ်၊ ပြီးရင် ဆိုင်မှာလာချ။ ပြီးရင် နောက်တဆိုင် ပြောင်းထုတ် ဒီလိုပဲလုပ်ရတာပေါ့။ ဆိုင်ထပ်မှာစိုးလို့ ဆိုင်ပြောင်း ထုတ်ရတယ်”ဟု လမ်းဘေးအရောင်းဆိုင် လုပ်ငန်းရှင်တဦးက ပြောသည်။

ပုဂ္ဂလိက ဆီအရောင်းဆိုင်များတွင် ဆီစာအုပ်မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူခွင့် ပြုလိုက်သဖြင့် အဆိုပါဆိုင်များတွင် ရောင်း အား တက်လာကြောင်း စုံစမ်းသိရှိရသည်။ ဇွန် ၁၀ ရက်မှ စတင်၍ လမ်းဘေးဆီဆိုင်များ၏ ရောင်းအားမှာ သိသာစွာ ကျဆင်း သွားပြီး တချို့အရောင်းဆိုင်များတွင် ၃ ပုံ ၂ ပုံ အထိ ကျဆင်းသွားကြောင်း သိရှိရသည်။

“ရောင်းအားအများကြီးကျသွားတယ်။ ကျမတို့ဆိုင်ဆိုရင် အလုပ်သမား တ၀က်ကျော် လျှော့ပစ်လိုက်တယ်။ အခု မိသားစုဝင် တွေပဲ လုပ်တော့တယ်”ဟု ရန်ကုန်မြို့ပန်းဆိုးတန်း အထက်လမ်းအနီးရှိ လမ်းဘေးစက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်