ဂျပန် အနုပညာရှင်များ ပါဝင်သီဆိုထားသော VCD ဖြန့်ချိ

Tuesday, 15 June 2010 11:47
Print
ဂျပန် အနုပညာရှင်များ ပါဝင် သီဆိုထားသော “ရင်ခုန်တိုင်း ချစ်တယ်” အမည်ရှိ VCD ကို Spanky အနုပညာ ထုတ်လုပ်ရေးက စီစဉ် ထုတ်လုပ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်း VCD တွင် ဂျပန် အနုပညာရှင်များ ဖြစ်ကြသော ကိုဗေဒါ၊ ကိုကိုအောင်နှင့် ယုမီတို့က မြန်မာသံပီသစွာ ၀င်ရောက် သီဆိုပေးထားပြီး ဇော်ဝင်ထွဋ်၊ မျိုးမျိုး၊ နွဲ့ယဉ်ဝင်း၊ သံသာဝင်းနှင့် ရှင်ဖုန်းတို့လည်း ပါဝင်သီဆိုထားကြောင်း သိရသည်။

စီစဉ်သူ မျိုးမျိုးက “ကျနော့်ရဲ့ ဇနီး ယုမီက ဂျပန် သီချင်းတွေကို စုစည်းပြီး မြန်မာ စာသား တွေနဲ့ လိုက်ဖက်အောင် ရေးထား ပါတယ်။ သူ့သူငယ်ချင်း ဂျပန် ဧည့်သည် တွေနဲ့ ကျနော်တို့ မိသားစုရယ်၊ ရင်းနှီးတဲ့ အဆိုတော်တွေရယ် သီဆိုထား ပါတယ်”ဟု ပြောသည်။

အဆိုပါ VCD ဖြန့်ချိခြင်း အထိမ်း အမှတ် အဖြစ် ဇွန်လ ၇ ရက်နေ့ ညနေက အင်းလျားလမ်း SHANTI စားသောက် ဆိုင်တွင် ကျင်းပခဲ့သည်။

“ရင်ခုန်တိုင်း ချစ်တယ်” စီးရီးကို Audio အဖြစ် ဂျပန် ကော်ပီသီချင်းများဖြင့် ယခင် တနှစ်က ထွက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းဗီစီဒီကို Ghost Rider တေးဂီတ အဖွဲ့က တီးခတ်ပေးထားပြီး Ever Glades အဖွဲ့က ဟာမိုနီ သီဆိုပေးထားသည်။