ပါတီစာစောင် ထုတ်ဝေရန် ငွေကြေး အကျပ်အတည်း ရှိနေကြ

E-mail Print
မှတ်ပုံတင်ပြီးသော နိုင်ငံရေး ပါတီများ အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက် စာတမ်းများ ထုတ်ဝေရန် ခွင့်ပြုချက် ရရှိထား သော်လည်း ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းစိန်က“ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ကျနော်တို့ ထုတ်ဝေဖို့ ခွင့်ပြုချက်  ရပါတယ်၊ ငွေကြေး အခက်အခဲကြောင့် စာရွက်စာတမ်းတွေ ထုတ်ဝေဖို့နောက်ကျတယ်လို့ ပြောရမှာပါ၊ ဒါပေမယ့် အတတ်နိုင်ဆုံး အမြန်ဆုံး ဖြစ်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

ရန်ပုံငွေ ပြည့်စုံခြင်းမရှိသည့်အတွက် စာစောင်များကို အခမဲ့ ဖြန့်ဝေနိုင်ခြင်းရှိမည် မဟုတ်သော်လည်း အမြတ်အစွန်းရယူခြင်း မရှိဘဲ ဈေးကွက်သို့ တင်သွင်းရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

မတ်လက နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက် စာတမ်းများအတွက် စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနသို့ မှတ်ပုံတင်ရန် ညွှန်ကြားချက်ကို စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေ သူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်ဗဟို အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းညွှန်ကြားချက်တွင် စစ်အစိုးရကို မဆန့်ကျင်ရန်၊ စစ်တပ်ကို မပုတ်ခတ်ရန်၊ ထုတ်ပြန်ထားသော အမိန့်များအား မဆန့်ကျင်ရန် စသည့် ကန့်သတ်ချက်များအပြင် ပါတီများသည် မှတ်ပုံတင်ကြေး ကျပ် တသိန်းနှင့် အာမခံကြေး ကျပ် ငါးသိန်းကိုလည်း သွင်းရ မည်ဟု ပါရှိသည်။

အကယ်၍ နိုင်ငံရေးပါတီများက သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက အာမခံကြေး တစိတ်တဒေသဖြစ်စေ အားလုံးကို ဖြစ်စေ သိမ်းယူခံရမည်ဖြစ်ပြီး ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက “စာစောင်ထုတ်ဝေခွင့်ကတော့ ကျပါပြီ၊ လောလောဆယ်မှာ တော့ ငွေရေးကြေးရေးက ပါးနေတော့ စာစောင်လုပ်ဖို့ သိပ်မထင်ဘူး၊ နောက်ပိုင်းတော့ လုပ်ချင်လုပ်မယ်၊ လောလောဆယ်တော့ အကုန်လုံး ကျပ်သတ်နေတယ်”ဟု ပြောသည်။

စာပေစိစစ်ရေးက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ နိုင်ငံရေးပါတီများသည် ထုတ်ဝေလိုသည့် ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်၊ မဲဆွယ် စည်းရုံးရေးဆိုင်ရာ အကြောင်း အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်း စာစောင်များကို စာပေစိစစ်ရေးသို့ ကြိုတင် စိစစ်မှုခံယူ ရန် မလိုဘဲ ထုတ်ဝေနိုင်မည် ဖြစ်သည်။

လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသော ယင်းညွှန်ကြားချက်၌ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီ မှတ်ပုံတင်အပြီး ရက် ၉၀ အတွင်း ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေပုဒ်မ (၆) အရ လာရောက်မှတ်ပုံတင်နိုင်သည်ဟု ဖော်ပြထားသည်။

ပါတီမှ စာစောင်များနှင့် အင်တာနက်စာမျက်နှာများ တရားဝင်ဖြစ်ရေး အတွက် စာရွက် စာတမ်းများ ထုတ်ဝေခွင့်ကို သွားရောက် လျှောက်ထားခြင်းဖြစ်ပြီး စာစောင်ထုတ်ဝေရန် အတွက်မှု ရန်ပုံငွေ အခက်အခဲများရှိကြောင်း  မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက ဆိုသည်။

“ကျနော်တို့ကတော့ စာစောင်ထုတ်ဝေခွင့်တွေကို သိပ်အားမကိုးဘူး၊ အဲဒါက ဂျာနယ် လုပ်ငန်းကြီး တခုစာလောက်ရှိတယ်၊ ကျနော်တို့က ပြည်တွင်း ဂျာနယ်တွေ၊ ပြည်ပက သတင်းဌာနတွေနဲ့ ချိတ်ပြီးတော့ သတင်းပေးတာကို အဓိကလုပ်မယ်၊ အဲဒါကို အားကိုးရင် ရန်ပုံငွေက အနည်းဆုံး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီလောက် တောင့်မှရမယ်”ဟု ဦးနေမျိုးဝေက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်