ကမ္ဘာ့ ရာဘာဈေးကျဆင်းမှု မြန်မာကုမ္ပဏီများ ထိခိုက်

E-mail Print

ကမ္ဘာတ၀န်း ရာဘာဈေး ကျဆင်းနေမှုကြောင့် မြန်မာနိုင်ငံမှ ရာဘာပြည်ပပို့ ကုမ္ပဏီများ ယာယီ ရပ်နား နေကြရ ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ရာဘာများအဓိက တင်ပို့သည့်

ရန်ကုန် အခြေစိုက် Myanmar Rubber Products Co.,Ltd. နှင့် တခြားသော ရာဘာကုမ္ပဏီများသည် မကြာသေးသော ရက်သတ္တပတ်များက စတင်ပြီး ရပ်နားထားကြရသည် ဟု ယင်းကုမ္ပဏီများက ပြောကြားသည်။

ရာဘာ ပြည်ပသို့ တင်ပို့နေမှုကို လျှော့ချလိုက်ရကြောင်း တခြားသော ရာဘာကုမ္ပဏီ တခုဖြစ်သည့် Myanmar Shwe Ying International Co.,Ltd. ကလည်း ပြောဆိုသည်။

၎င်းတို့ ကုမ္ပဏီ ရပ်နားထားရသည်မှာ ၂ ပတ်ခန့် ရှိပြီဖြစ်ကြောင်းနှင့် Myanmar Shwe Ying International Co.,Ltd. ၏ ရာဘာ ပြည်ပတင်ပို့မှု လျှော့ချခဲ့ရသည်မှာ ၇ ပတ်ခန့် ရှိပြီဖြစ်ကြောင်း Myanmar Rubber Products Co.,Ltd. မှ မန်နေဂျာက ပြောသည်။

“အရင်က လစဉ် တရုတ်နိုင်ငံကို ကျပ် သန်း ၃၀၀ လောက် တန်ဖိုးရှိတဲ့ ရာဘာ တန် ၄၀၀ ပို့ရပါတယ်၊ အခု ကမ္ဘာ့ ရာဘာ ဈေးကျတဲ့အတွက် ၃၅ ရာခိုင်နှုန်းလောက် အရှုံးပေါ်နေလို့ ရပ်ထားရပါတယ်”ဟု ၎င်းက ပြောဆို သည်။

လွန်ခဲ့သည့်၂ ပတ်ခန့်ကစတင်ပြီး ရာဘာ တပေါင်လျှင် ကျပ် ၂၅၀ ခန့် ဈေးကျခဲ့ကြောင်း၊ လက်ရှိ ရာဘာဈေးနှုန်း များမှာ RSS ရာဘာအမျိုးအစား အဆင့်(၁) တပေါင်လျင် ကျပ် ၉၀၀ နှုန်း ဖြစ်ပြီး RSS အဆင့်(၃) မှာ ကျပ် ၈၀၀ နှင့် RSS အဆင့် (၅) မှာ ကျပ် ၇၅၀ ခန့်ဖြစ်ကြောင်းလည်း အထက်ပါ မန်နေဂျာက ပြောသည်။

“မကြာခင် ကမ္ဘာ့ ရာဘာ ဈေးနှုန်းပြန်လည် ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်၊ အခုလက်ရှိအခြေအနေ အရတော့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် ရာဘာမှာ အဓိကပို့ကုန်တမျိုးဖြစ်ပြီး တရုတ်၊ စင်္ကာပူ၊ မလေးရှား နိုင်ငံများသို့ အများဆုံး တင်ပို့ကြောင်း သိရသည်။

ရာဘာဈေးနှုန်း ကျဆင်းမှုသည် ရာဘာကုန်သည်များနှင့် စိုက်ပျိုးသူများကို ထိခိုက်မှုရှိကြောင်းလည်း ရန်ကုန်ရှိ ရာဘာ ကုန်သည် တဦးက ပြောဆိုသည်။

ရာဘာ စိုက်ပျိုးရောင်းဝယ်ရေးလုပ်ငန်းနှင့် ရာဘာအများဆုံးထွက်ရှိမှုသည် မွန်ပြည်နယ်တွင် အများဆုံးဖြစ်ပြီး ရာဘာဈေး ကျဆင်းမှုကြောင့် လုပ်ငန်းများ ရပ်ထားရကြောင်း မွန်ပြည်နယ်မှ ရာဘာကုန်သည် ကိုချစ်အောင် က လည်းပြောသည်။

ရာဘာကုမ္ပဏီများအနေနှင့် ရာဘာဈေးပြန်လည်ကောင်းမွန်လာရန် မျှော်လင့်၍ ပြည်ပသို့အမြန်ဆုံးတင်ပို့နိုင်ရန် အဆင်သင့် ပြင်ဆင်စောင့်ဆိုင်းနေကြကြောင်း၊ ရာဘာကုန်သည်များကလည်း ၎င်းတို့ အရင်းအနှီးအတွက် ချေးငှားထားသော ငွေကြေး များ ပြန်လည်ပေးဆပ်နိုင်ရန်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ကြကြောင်း ရာဘာ လုပ်ငန်း အသိုင်းအ၀န်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်ကုန် ဖြစ်သည့် လွန်ခဲ့သော မတ်လ အထိ ရာဘာ စိုက်ပျိုးမှုမှာ ဟက်တာ ၃၆၄၅၀၀ ကျော်ရှိပြီး တန် ၈၀၀၀၀ ကျော် ထွက်ရှိကြောင်း၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ဟက်တာ ၈၁၀၀၀ ကျော် စိုက်ပျိုးပြီး ပြည်ပတင်ပို့ရန် မျှော်မှန်းထားကြောင်း သိရသည်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် ရာဘာကုန်ကြမ်း တန် ၁၉၂၀၀ ပြည်ပသို့ တင်ပို့ခဲ့ကြောင်းနှင့် ၁၉၈၈ ခုနှစ်မှ စတင်၍ ရာဘာစိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်ခဲ့ပြီး ပုဂ္ဂိလက လုပ်ငန်းရှင်များကို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပေး ခဲ့ကြောင်း အစိုးရ စာရင်းဇယားများအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်