မယ်လ ဒုက္ခသည်စခန်းတွင် ကူးစက်ဝမ်းရောဂါ ဆက်လက်ဖြစ်ပွား

E-mail Print
ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်းတွင် လွန်ခဲ့သည့် မေလ နောက်ဆုံး ပတ်မှစတင်၍ ယနေ့အထိ ကူးစက် ၀မ်းရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း စခန်း တာဝန်ရှိသူ များက ပြောသည်။

“အခု ရောဂါဖြစ်တဲ့ လူတွေ တစ်ရက်ကို အနည်းဆုံး ၅ ယောက်၊ ၆ ယောက်လောက် ဆေးရုံကို ပုံမှန် ရောက်လာ ကြတယ်” ဟု မယ်လ ဒုက္ခသည် စခန်း ဆေးရုံမှ ကျန်းမာရေး တာဝန်ခံ စောနေဆဲက ဧရာဝတီသို့ ပြောသည်။

ရောဂါ ဖြစ်ပွားသူ များသည် အစား အသောက်နှင့် ရေကြောင့် ဖြစ်သည်ဟု စောနေဆဲက ဆက်လက် ပြောပြသည်။

ရောဂါ ဖြစ်ပွား သူများကို ဆေးကုသရေး ဌာနတွင် ကုသပေး လျက်ရှိပြီး စိုးရိမ်ဖွယ်ရာ လူနာများ မရှိသေးကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေး ဌာနများနှင့် စခန်းတာဝန် ရှိသူများက ရောဂါ မပြန့်ပွားရေး အတွက် အထူးကြပ်မတ် လုပ်ဆောင် နေကြောင်း၊ ထို့အပြင် ကူးစက်ခံရသူ အချို့ကိုလည်း မဲဆောက်ဆေးရုံသို့ ပို့ဆောင် စမ်းသပ် စစ်ဆေးစေကြောင်း သိရသည်။

မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက “ပညာပေး လုပ်ငန်းတွေ၊ ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းတွေ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

ရောဂါ ဖြစ်ပွားသူများတွင် အသက် ၅ နှစ်နှင့် အထက် ကလေးငယ်များနှင့် လူကြီးများ ပါဝင်ကြောင်း သိရသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ဆေးရုံ တာဝန်ခံများက ပြင်သစ် အခြေစိုက် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်သော Aide Medical International (AMI) နှင့် ပူးတွဲ လုပ်ဆောင်နေကြောင်း စောနေဆဲက ပြောသည်။

ဇွန်လ ၁၁ ရက်နေ့က မယ်လဒုက္ခသည် စခန်းသို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်များဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရှဝပ်ဇ် ရောက်ရှိချိန်၌ စခန်းတာဝန်ရှိသူများက လိုအပ်သော အကူအညီများကို တင်ပြခဲ့ကြပြီး သွေးလွန်တုပ်ကွေးနှင့် ကူးစက်ရောဂါ ဖြစ်ပွားနေသော အခြေအနေများကိုလည်း တင်ပြခဲ့ကြသည်။

မယ်လ ဒုက္ခသည်စခန်းတွင် လူဦးရေ ၄၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်