ရခိုင်ပြည်နယ်၌ လေပြင်းတိုက်၊ မိုးသည်းထန်၊ ၄၆ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

E-mail Print
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်းတောမြို့နယ် အပါအ၀င် ၅ မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို ရေလွှမ်းမိုး ခြင်းများ ဖြစ်ပေါ်ခဲ့ရာ လူ ၄၆ ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း အစိုးရ မီဒီယာများက ထုတ်ပြန်သည်။

ဘူးသီးတောင်မြို့နယ်တွင် ၂၈ ဦး သေဆုံး၍ မောင်းတောမြို့နယ်၌ ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်းတော မြို့နယ်များတွင် ဇွန်လ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်များက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ အဆောက်အအုံးများ ပျက်စီးခြင်း၊ ရေကြီး ရေလျှံဖြစ်ပြီး နစ်မြုပ်ခြင်း၊ မြေပြိုခြင်းများလည်း ဖြစ်ပွားခဲ့သည်ဟု ယနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ဘင်္ဂလာဒေ့ရှ်နယ်စပ်တလျှောက် ဇွန် ၁၄ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မောင်းတောမြို့၏ မိုးရေချိန်သည် ၃၄ စင်တီမီတာအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေ၀နှင့် ဇလဗေဒ ဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။

“မိုးစရွာနေတာ တပတ်လောက်ရှိနေပါပြီ ၊ ၁၄ ရက်နေ့ကစပြီး သည်းကြီးမည်းကြီးရွာတာပေါ့ ၊ ဒီနေ့မနက်ခင်းမှပဲ မိုးစဲသွားတယ် ၊ ရေလည်း ကျသွားပါပြီ ၊ ရေဘေးဒုက္ခသည်တွေကိုလည်း အိမ်ပြန်ပို့နေပြီ"ဟု မောင်းတော ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

မောင်းတောမြို့နယ်တွင် ရပ်ကွက် ၆ ခုရှိသည့်အနက် ရပ်ကွက် ၄ ခု ရေလွှမ်းခံခဲ့ရပြီး ဘူးသီးတောင်မြို့နယ်မှ ရပ်ကွက် ၇ ခုအနက် ရပ်ကွက် ၇ ခုစလုံး ရေလွှမ်းခံခဲ့ရကြောင်း သိရသည်။

“ရပ်ကွက်တွေထဲမှာတော့ ရေကျသွားတယ် ၊ ဒါပေမယ့် သွားရေးလာရေးကတော့ မလွယ်သေးဘူး ၊ ကျိန်ချောင်းဘက်သွားတဲ့ ၃ မိုင်တံတား ၊ ဘူးသီးတောင် မြို့နယ်ဘက်ကိုသွားတဲ့ ၈ မိုင်တံတားတွေ ကျိုးပျက်ကုန်တယ်"ဟု မောင်းတော ဒေသခံ က ပြော သည်။

ရေလွှမ်းမိုးမှုကြောင့် ဘူးသီးတောင်အခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရုံးပိုင် ဆန်အိတ်များလည်း ရေထိ ပျက်စီးမှု များရှိခဲ့ကြောင်း အဆိုပါရုံးမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ထိုသို့ မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြို ရေလွှမ်းခြင်းကြောင့် လူသေပျောက်မှုစာရင်းကို စစ်အစိုးရမီဒီယာများက ကြေညာခဲ့သော် လည်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးများကို ကြေညာခဲ့ခြင်းမရှိသေးပေ။

အဆိုပါ ရေဘေး ဒုက္ခသည်များကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ကူညီ ကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း၊ အစားအသောက်၊ ဆေးဝါးနှင့် အ၀တ်အထည် စသည့် ကယ်ဆယ် ရေး ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်