တရားမဝင် အလုပ်သမားများ နှိမ်နင်းရေး ထိုင်းအစိုးရ စီစဉ်

E-mail Print
ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင် နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ယင်း ညွှန်ကြားချက်သည် ထိုင်းနိုင်ငံ အတွင်း၌ တရားမဝင် အလုပ် လုပ်ကိုင်နေသော မြန်မာ နိုင်ငံသားများ အပါအဝင်၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံသား အလုပ်သမား ၁.၄ သန်း အပေါ် အကျိုး သက်ရောက်မှု ရှိနိုင်သည်ဟု လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) မှ ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က ဧရာဝတီသို့ ပြောသည်။

“ထိုင်း စီးပွားရေးကို သိသိသာသာ အထောက် အကူပြုနေတဲ့ ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာကို နှင်ထုတ်မယ် ဆိုတာကတော့ လက်တွေ့မကျပါဘူး၊ ဒီကိစ္စက လူ့အခွင့်အရေး ကိစ္စသက်သက်သာ မဟုတ်ပါဘူး။ စီးပွားရေးဆိုင်ရာ ကိစ္စလည်း ဖြစ်ပါတယ်” ဟု အန်ဒီဟောလ်က ဆိုသည်။

တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို နှိမ်နင်းရန် စီစဉ်ခြင်းသည် ဒေသဆိုင်ရာ အာဏာပိုင်များအတွက် ဥပဒေမဲ့ ဖမ်းဆီး ခွင့်၊ အနိုင်ကျင့်ခွင့်နှင့် လာဘ်စားရန် အခွင့်အလမ်းများကိုသာ ဖြစ်ပေါ်စေမည်ဟု အန်ဒီ ဟောလ်က ထောက်ပြသည်။

ယင်းသို့ ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ စက်ရုံများနှင့် လူနေအိမ်များသို့  ထိုင်းရဲများက ဝင်ရောက်ဖမ်းဆီးသဖြင့် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

“တနင်္ဂနွေနေ့က စဖမ်းတာပေါ့ဗျာ။ ဗုဒ္ဓဟူးနေ့ ထိဖမ်းတယ်။ လူတွေနေတဲ့ အခန်းတွေကိုပါ မွှေတာပေါ့ဗျာ။ အလုပ်သမား လက်မှတ်ရှိတဲ့သူ လွတ်တယ်။ ဘတ်မရှိတဲ့သူ ပါသွားတယ်” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီမှ စေတနာ့ဝန်ထမ်း ကိုမြင့်ဆွေက ပြောသည်။

နိုင်ငံသား စိစစ်ရေးအတည်ပြုရေး (NV) နှင့် ပတ်သက်၍ ထိုင်းလွှတ်တော်၏ ဇန်နဝါရီလ ၁၉ ရက်နေ့က ဆုံးဖြတ်ချက်အရ ထိုသို့ အရေးယူဆောင်ရွက်ရေး ဌာန ထူထောင်ရန် ထိုင်းဝန်ကြီးချုပ်က အတည်ပြုပေးခြင်းဖြစ်သည်။

နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန၏ ဗဟို စီမံခန့်ခွဲရေး ကော်မတီကို ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ဦးဆောင်၍ အလုပ်သမား ရေးရာဌာနမှ ဒု အထွေထွေ ညွှန်ကြားရေးမှူးက ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများကို ရှာဖွေဖမ်းဆီးခြင်း၊ ဗဟို စီမံခန့်ခွဲရေး ကော်မတီသို့ လုပ်ငန်း တိုးတက်မှု အစီခံစာတင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရားမ၀င် အလုပ်သမားများကို လက်ခံထားသော အလုပ်ရှင်ကိုပါ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ် ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။  

ထိုင်းအစိုးရ၏ NV အစီစဉ်နှင့် ကိုက်ညီသည့်တိုင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုမှ ရွှေ့ပြောင်းလုပ်သားများ ၃ သိန်းမှ ၄ သိန်းကြားသည် သတ်မှတ်သည့်အတိုင်း လုပ်ဆောင်ထားခြင်း မရှိကြသေးဟု HRDF က ဆိုသည်။

NV နှင့် ကိုက်ညီခြင်း မရှိဘဲ ညွှန်ကြားချက် အသစ်အရ အရေးယူခံရနိုင်သည့် တရားမဝင် အလုပ်သမားပေါင်းမှာ ၁ သန်းခန့် ရှိမည်ဟု သိရသည်။

ထိုင်းတွင် နှစ်ပေါင်းများစွာ လာရောက် အလုပ်လုပ်နေသူများအတွက် အခွင့်အလမ်း ရှိစေရန် သီးခြား အစီအစဉ် တရပ်ကို ထိုင်းအစိုးရ အနေဖြင့် ဖန်တီးပေးသင့်ကြောင်း အန်ဒီ ဟောလ်က ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦးနှင့် ဘစောတင် ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်