အာဆီယံ ရော့ခ် ပြိုင်ပွဲ မြန်မာ ဆန်ခါတင် ဒုတိယအဆင့် အရွေးခံရ

E-mail Print

အာဆီယံ နိုင်ငံများ၏ ရော့ခ်ဂီတ အဖွဲ့လိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Unrivalled အဖွဲ့က ဆန်ခါတင် ဒုတိယအဆင့် အရွေးချယ် ခံခဲ့ရကြောင်း သတင်းရရှိသည်။

မလေးရှား အခြေစိုက် AirAsiaRedTix.com နှင့် MTV Asia တို့ ပူးပေါင်းကျင်းပသည့် ရော့ခ်ဂီတ အဖွဲ့လိုက်ပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံမှ အဖွဲ့ပေါင်း ၃၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲဝင်ရန် အတွက် အင်္ဂလိပ် ဘာသာဖြင့် သီဆိုထားသည့် တေးသီချင်း များကို ပေးပို့ရပြီး ယှဉ်ပြိုင် သူများထဲမှ ပထမ အဆင့် အနေနှင့် အဖွဲ့ ၃၀ ကို ရွေးချယ်ခဲ့ကာ ယင်းအဖွဲ့ ၃၀ မှာ မလေးရှား နိုင်ငံသို့ အသံစစ်ဆေးမှု ခံယူရန် ဇွန်လ ၂၆ ရက်နေ့က သွားရောက် ခဲ့ကြောင်း Unrivalled အဖွဲ့ဝင် တဦးဖြစ်သူ ကိုမွန်ဘွဲ့က ပြောသည်။ ယခု အရွေးချယ် ခံရသည့် ဆန်ခါတင် ဒုတိယ အဆင့်တွင် အဖွဲ့ပေါင်း ၂၀ ပါဝင်သည် ဟုလည်း ၎င်းက ဆိုသည်။

“ပထမ ရွေးတဲ့ အဖွဲ့ ၃၀ မှာ ပါပြီး အသံစစ်ဖို့ ကျနော်တို့ အဖွဲ့က ရိုက်ထားတဲ့ MTV နဲ့ မလေးမှာ သွားပြိုင် ခဲ့ပါတယ်။ ဒီမှာ ထပ် ရွေးတာ ဆန်ခါတင် ဒုတိယ အဆင့်အထိ ပါခဲ့ပါတယ်”ဟု သူက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံမှ ရောခ့် အဖွဲ့အနေနှင့် Unrivalled အဖွဲ့သည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ် သည်။

“သီချင်းအပိုင်း၊ တီးခတ်မှုအပိုင်းတွေကို ကြည့်ရင် သူတို့နဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်မှာ ရှိပါတယ်။ အဓိက MTV ရိုက်ထား တာတွေ ကြည့်ရင်တော့ အဲဒီမှာ အားနည်းချက်တွေ ရှိနေတာပေါ့။ ဒီအပိုင်းမှာ မြန်မာက အာဆီယံ အဆင့် မမီလောက်အောင် လုံးဝကွာသွားတယ်လို့ ထင်တယ်”ဟု ကိုမွန်ဘွဲ့က ဆက်ပြောသည်။

ပြိုင်ပွဲဝင်သူ များထဲတွင် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံများမှ ယှဉ်ပြိုင်သည့် အဖွဲ့ အများဆုံးပါဝင်ပြီး မြန်မာနိုင်ငံမှ အဖွဲ့ ၁၇ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း Unrivalled တဖွဲ့သာ မလေးရှားနိုင်ငံတွင် သွား ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။


“ကိုယ့် နိုင်ငံကနေ အပြင်ထွက်ပြီဆို စကားပြောတတ်ပေမယ့် သီချင်းတပုဒ်လုံး ကျတော့ အင်္ဂလိပ်စာ လိုအပ်ချက် အခက်အခဲတွေရှိမယ်။ နောက်ပြီး လူငယ်တွေက အွန်လိုင်းမှာ ဒီလို အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာ မေ့နေတာလည်း ပါတယ်”ဟု မြန်မာ လူငယ် ရောခ့် ဂီတအဖွဲ့တခုမှ အဖွဲ့ဝင်တဦးက ပြောသည်။


အဆိုပါပြိုင်ပွဲတွင် မည်သည့် အဖွဲ့ ပထမ ရရှိသည်ဆိုသည်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။


မြန်မာနိုင်ငံအနေနဲ့ ယခုကဲ့သို့ အာဆီယံအဆင့်ထိ အောင်မြင်မှု ရရှိသွားသည့် ဂီတအဖွဲ့များထွက်ပေါ်မှုမရှိသေးခြင်းမှာ နိုင်ငံတွင်း အတွေ့အကြုံဖလှယ်မှု၊ အခွင့်အလမ်းရရှိမှု အားနည်းချက်များ ရှိနေသေးကြောင်း ပြည်ပနိုင်ငံများကဲ့သို့ ဂီတ ပွဲတော်များ ဖန်တီး၍ နိုင်ငံတကာ ဂီတအဖွဲ့များအား လေ့လာခွင့်ရနိုင်သည့် အခြေအနေမရှိသေးကြောင်း သူကပြောသည်။

ရော့ခ် အဆိုတော် ဇော်ဝင်းထွဋ်ကလည်း “ ကျနော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဘန်ကောက်မှာ ထိုင်း ဒါရိုက်တာနဲ့ ရိုက်ခဲ့တဲ့ Big5 ကိုပဲကြည့်။ သီချင်းတပုဒ်ကို ပုံဖော်နိုင်ဖို့ အတတ်ပညာ လိုနေသေးတယ်လို့ ထင်တယ်” ဟု ပြောသည်။

ပြည်တွင်း၌ ယှဉ်ပြိုင်နိုင်ရန် ပွဲများပြုလုပ်ပေးပါက မြန်မာပြည်မှ ရော့ခ် အဖွဲ့များ စိတ်ဝင်စားမှု များလာပြီး လူငယ် အဖွဲ့သစ်များ ပေါ်ပေါက်ကာ ပွဲအတွေ့အကြုံ ရင့်ကျက်မှု ရှိလာနိုင်ကြောင်း၊ အဆိုတော်များ၏ အဆင့်အတန်းကို ပရိသတ် စိတ်ဝင်စားသည့် အခြေအနေ ဖန်တီးပေးသင့်ကြောင်း သူကပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်