သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ယမန်နှစ်ထက် မြင့်မား

E-mail Print
မြန်မာနိုင်ငံတဝန်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း ယမန်နှစ်ထက် မြင့်တက်လျက်ရှိပြီး ရောဂါဖြစ်ပွားသူများအတွက် ဆေးရုံများတွင် သွေးနှင့် လူနာတင်ခုတင်များ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။

“အခုဆေးရုံမှာ သွေးရော၊ ခုတင်ပါလိုအပ်နေပါတယ်။ ကလေးတွေမှာ အဖြစ်များပြီးတော့ အယောက် ၁၅၀ လောက်ရှိနေတယ်။ ထပ်ပြီးတော့ ရောက်လာတဲ့သူတွေလည်း ရှိတယ်” ဟု သွေးနှင့် ဆေးဝါးထောက်ပံ့မှု များပေးနေသော အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတစ်ဦးက သူရောက်ရှိနေသော ဆေးရုံနှင့် ပတ်သက်၍ ပြောကြားသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးမြို့များမှာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ဖြစ်ကြောင်း ကျန်းမာရေးဦးစီဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း ယခုနှစ် ဇန်န၀ါရီလမှ ဇွန်လကုန်အထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား သူပေါင်း ၁၃၀၀ ခန့်ရှိ၍ သေဆုံးသူ ၁၁ ဦးရှိပြီ ဖြစ်ပြီး ယမန်နှစ်ကထက် ပိုမိုများပြားကြောင်း ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ပုသိမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်များထက် ပိုမိုများပြားနေပြီး အများစုမှာ ငပုတောမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့မှ ဖြစ်ကြောင်း၊ သွေးနှင့် ခုတင်များ ထပ်မံ လိုအပ်နေကြောင်း ပုသိမ်ဆေးရုံမှ ဆရာဝန်တဦးက ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားလွန်းသည့်အတွက် လိုအပ်နေသောသွေးများကို အသင်းအဖွဲ့များထံမှ အလှူခံနေရကြောင်း၊ ရောဂါဖြစ်ပွားသူများမှာ အချိန်လွန်မှ ရောက်ရှိလာကြသည့်အတွက် အသက်ဆုံးရှုံးမှုများ ရှိနေပြီး သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးကြောင်း အဆိုပါ ဆရာဝန်က ဆက်လက်ပြောသည်။

“ဆေးရုံမှာ ဆေးဝါးလိုအပ်ချက်၊ သွေးလိုအပ်ချက်တွေ ရှိနေတော့ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးသွားတဲ့သူတွေအတွက် နှမြောတယ်။ အခုလည်း ဆေးနဲ့ သွေးတွေကို ဒေသခံတွေနဲ့ အခြားအဖွဲ့တွေက လှူနေရတယ်” ဟု ပုသိမ် ဒေသခံတစ်ဦးက ဆိုသည်။

ပုသိမ်ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် တက်ရောက်ကုသနေသော ရောဂါဖြစ်ပွားသူများကို ပုသိမ်မြို့ရှိ ကရုဏာအသင်းနှင့် ရတနာ့မေတ္တာအဖွဲ့မှ ဆေးဝါး၊ ငွေကြေးနှင့် သွေးများလှူဒါန်းပေးနေပြီး အခြား သွေးလှူရှင် အဖွဲ့များမှလည်း ကူညီနေကြကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း များပြားရခြင်းမှာ လူဦးရေထူထပ်ခြင်း၊ ဆင်ခြေဖုံးဒေသများတွင် ရေများစုနေခြင်း၊ မိုးရွာသွန်းမှုများခြင်းနှင့် ခြင်ပေါက်ဖွားနိုင်သော ရာသီဥတုအခြေအနေရှိခြင်း၊ ခြင်ပေါက်ဖွားမှု နှုန်းများပြားခြင်းတို့ကြောင့် ဖြစ်ကြောင်း အထူးကု ဆရာဝန်ကြီးတဦးက ပြောသည်။

ရန်ကုန်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါသည် ယခင်နှစ်များက ဆင်ခြေဖုံးနှင့် တချို့မြို့နယ်များတွင် ပိုမို အဖြစ်များလျက်ရှိသော်လည်း ယခုနှစ်တွင် မြို့လယ်ရှိ မြို့နယ်များတွင်ပါ ပိုမိုဖြစ်ပွားလာကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်