ရန်ကုန်ယူနိုက်တက် ချင်းမိုင် FC ကို ၄ ဂိုး ပြတ်နိုင်

E-mail Print
နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ တည်ထောင် ထားသည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့်  ချင်းမိုင် FC ဘောလုံး အသင်းတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားရာ ရန်ကုန် ယူနိုက်တက် က ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ သွားသည်။

ပွဲမစတင်မီ ရန်ကုန် ယူနိုက်တက် နည်းပြ ဦးမျိုးလှိုင်ဝင်းက “ကျနော်တို့ အသင်းက ၄:၄:၂ ကစားကွက်နဲ့ ကစားမှာပါ၊ တဘက် အသင်း ကတော့ ချင်းမိုင်ကို ကိုယ်စားပြုထားတဲ့ ကောင်းတဲ့ အသင်း တသင်းပါ”ဟု ဧရာဝတီ ကို ပြောသည်။

ချင်းမိုင် FC သည် ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတွင်း ပြိုင်ပွဲတွင် ဒုတိယ ရရှိထားသည့် အသင်း ဖြစ်ကြောင်း သိရသည်။

ပွဲစလျှင်စချင်းပင် ရန်ကုန်ယူနိုက်တက် အသင်းက ဖိကစားထားပြီး ပထမပိုင်း ၂၅ မိနစ်မှာပင် ထိုင်းအသင်း ဂိုးဧရိယာ အတွင်းတွင် ထိုင်းအသင်း နောက်ခံလူ၏ လက်ဖြင့် ထိသွားသည့် အတွက် ရရှိသည့် ပင်နယ်တီ ကို ကျောနံပါတ် ၂ နောက်ခံ ကျော်ဒွန်းက သွင်း ယူခဲ့သည်။

ထို့နောက် မိနစ် ၃၀ တွင် တိုက်စစ်မှူး ကောင်းစည်သူ ထပ်မံ သွင်းယူခဲ့သည့် အတွက် ပထမပိုင်းတွင် ရန်ကုန် ယူနိုက်တက်က ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင် နေခဲ့သည်။

{slimbox images/multimedia/YGN-FC-CM-FC/01.jpg,images/multimedia/YGN-FC-CM-FC/01-sm.jpg, နှစ်ဘက် ကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/YGN-FC-CM-FC/02.jpg,images/multimedia/YGN-FC-CM-FC/02-sm.jpg, ရန်ကုန်ယူနိုက်တက် အသင်း နည်းပြအဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/YGN-FC-CM-FC/03.jpg,images/multimedia/YGN-FC-CM-FC/03-sm.jpg, နည်းပြ ဦးမျိုးလှိုင်ဝင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/YGN-FC-CM-FC/04.jpg,images/multimedia/YGN-FC-CM-FC/04-sm.jpg, ၁၉၉၃ ခုနှစ် စင်္ကာပူနိုင်ငံ၌ ပြုလုပ်သည့် ဆီးဂိမ်းတွင် ငွေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင်ကစားသမား ဟောင်းကြီးများ (ဦးအေးနိုင်၊ ဦးတင်မောင်ထွန်း၊ ဦးမျိုးလှိုင်ဝင်း) (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/YGN-FC-CM-FC/05.jpg,images/multimedia/YGN-FC-CM-FC/05-sm.jpg, ရန်ကုန်ယူနိုက်တက်အသင်း၏ ဗွေဆော်ဦးဂိုးဖြစ်သည့် ပင်နယ်တီ ၀င်သွားစဉ် (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/YGN-FC-CM-FC/06.jpg,images/multimedia/YGN-FC-CM-FC/06-sm.jpg, နှစ်ဘက်အသင်း ကစားသမားများ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/YGN-FC-CM-FC/07.jpg,images/multimedia/YGN-FC-CM-FC/07-sm.jpg, နှစ်ဘက်အသင်း အုပ်ချုပ်သူများ ပန်းစည်းလဲနေစဉ် (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/YGN-FC-CM-FC/08.jpg,images/multimedia/YGN-FC-CM-FC/08-sm.jpg, ဗူဗူဇီလာမှုတ်၍ အားပေးနေသည့် ထိုင်အသင်းမှ ကစားသမားတဦး (ဓာတ်ပုံ - ဧရာဝတီ)}

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး လူစားလဲပြီး ကစားရာ ရန်ကုန် ယူနိုက်တက် အသင်းက ၂ ဂိုးထပ်မံ သွင်းလိုက်သည့် အတွက် ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် ဂိုးသမားလည်း ဖြစ်သူ ရန်ကုန် ယူနိုက်တက် ဂိုးသမား အောင်အောင်ဦးက “ဒီနေ့တော့ တလုံးပဲ ဖမ်းလိုက်ရတယ်၊ အခု ရင်ဆိုင်ရတဲ့ ထိုင်း အသင်းက ကြံ့ခိုင်မှုပိုင်း အားနည်းတယ်”ဟု ပြောဆိုသည်။

အဆိုပါ ချစ်ကြည်ရေး ဘောလုံးပွဲကို ချင်းမိုင်မြို့ရှိ နှစ် ၇၀၀ ပြည့် အားကစား ကွင်းတွင် ကျင်းပရာ ချင်းမိုင်မြို့နေ မြန်မာလူမျိုးများ တခဲနက် လာရောက် အားပေးခဲ့ ကြသည်ကို တွေ့ရသည်။

အဆိုပါ အားပေးသူ များသည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ ဘောလုံး အသင်းဟု ထင်မှတ်ခြင်း မရှိတော့ဘဲ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းအလား လက်ခုပ်များ တီးပြီး အော်ဟစ် အားပေးကြသည်။

နည်းပြ ဦးမျိုးလှိုင်ဝင်းက “အခုလို ရန်ကုန် ယူနိုက်တက် အသင်းလို့ မမြင်တော့ဘဲ၊ မြန်မာ ဘောလုံး အသင်းလို အာေးပးတာ အရမ်း ၀မ်းသာတယ်၊ မြန်မာ အသံတွေ ကြားပြီး ကစားရတာ အရမ်းအားရှိတယ်”ဟု ဆိုသည်။

ထို့အပြင် ယခုကဲ့သို့ ရပ်ဝေးတွင် မြန်မာလူမျိုးများ အစုအဝေးဖြင့် တွေ့ရသည့် အတွက် ၀မ်းမြောက်ကြောင်း၊ ကျေးဇူးလည်း အထူး တင်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့မှ လိုက်ပါ အားပေးသူ မအေးခန့်ခန့် ကလည်း “မြန်မာ နိုင်လို့ အရမ်း ပျော်ပါတယ်”ဟု ပြောသည်။

ယခု ရန်ကုန် ယူနိုက်တက် အသင်း ပိုင်သူ ဦးတေဇသည် ချင်းမိုင်မြို့နှင့် ရန်ကုန်မြို့ကို ပြေးဆွဲနေသည့် အဲပုဂံ လေကြောင်းလိုင်း ကိုလည်း ပိုင်ဆိုင်ထားပြီး ယမန်နေ့နံနက် ပိုင်းက ချင်းမိုင်မြို့တွင် အဲပုဂံ ရုံးခွဲ ဖွင့်ပွဲကို ကျင်းပခဲ့သေးသည်။

ရန်ကုန် ယူနိုက်တက် အသင်း၏ ခရီးစဉ်သည် အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။

အသင်းနည်းပြ ဦမျိုးလှိုင်ဝင်းက“ အသင်းပိုင်ရှင်က အပျော်ခရီးစဉ် အတွက် လွှတ်တာပါ၊ ဒီပွဲမှာ အရမ်းအားထည့် မကစားပါဘူး”ဟု  ဧရာဝတီသို့ ပြောသည်။

နည်းပြအဖွဲ့တွင် ဦးမျိုးလှိုင်ဝင်းနှင့် အတူ ၁၉၉၃ ဆီးဂိမ်းတွင် ငွေတံဆိပ်ဆု ရခဲ့သော မြန်မာ့ လက်ရွေးစင်ဟောင်း ဖြစ်သည့် ဦးတင်မောင်ထွန်း၊ ဦးအေးနိုင်တို့ကိုလည်း တွေ့ရသည်။

ယခုကဲ့သို့ ချင်းမိုင် အားကစားကွင်းကို ဒုတိယအကြိမ် ပြန်လည် ရောက်ရှိသည့် အတွက် ၁၉၉၅ ခုနှစ် ကပြုလုပ်သည့် အရှေ့တောင် အာရှ ဘောလုံးပွဲကို အမှတ်ရကြောင်း၊ အဆိုပါ ပွဲတွင် ဗိုလ်လုပွဲတက်ရန် ကြိမ်းသေ နေသော်လည်း မထင်မှတ်သည့် အလှည့် အပြောင်း တခုကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်ကို ပြန်လည် အမှတ်ရပါကြောင်း ဦးမျိုးလှိုင်ဝင်းက ဆိုသည်။

မြန်မာ နေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက် အသင်း၏ လက်ရှိ အဆင့်မှာ ရတနာပုံ အက်ဖ်စီ အသင်း၊ ဇေယျရွှေမြေ အသင်း၊ ကမ္ဘာဇ အသင်း၏ နောက် စတုတ္ထ နေရာတွင် ရှိသည်။

ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းတွင် ဘရာဇီးကစားသမား တဦးနှင့် နိုင်ဂျီးရီးယား ကစားသမား တဦး ထပ်မံအားဖြည့် ထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်