TATA နှင့် မြန်မာ ဆလွန်းကား ထုတ်မည်

E-mail Print
အိန္ဒိယနိုင်ငံရှိ ကားထုတ် လုပ်သည့် TATA Motors ကုမ္ပဏီနှင့် အမှတ် (၂) စက်မှု ၀န်ကြီးဌာနတို့ ပူးပေါင်း၍ တနှစ်လျှင် ဆလွန်းကား အစီးရေ တသောင်းခန့် ထုတ်မည်ဟု တာဝန်ရှိသူ တဦးက ပြောသည်။

TATA-Motorဇူလိုင်လ ၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ သွားရောက် ခဲ့သော ချစ်ကြည်ရေး ခရီးစဉ်တွင် စက်မှု (၂) ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် သဘော တူညီမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၂) စက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ 

“ဆလွန်းကား အပြင် လိုက်ထရပ်စ်၊ စီးတီး ဘတ်စ်တွေ အိန္ဒိယ ကုမ္ပဏီနဲ့ စက်မှု (၂) နဲ့ ပေါင်းပြီး ဖက်စပ် သဘောမျိုး ထုတ်သွားမှာ။ ဆလွန်းကား တစီးကို စက်ရုံ ထုတ်ဈေး ကျပ်သိန်း ၅၀ သတ်မှတ်မယ်”ဟု သူက ဆိုသည်။

ယင်း ဖက်စပ်ထုတ် ကားများကို ၂၀၁၃ ခုနှစ်မှ စတင်၍ ကျောက်ဆည် စက်မှုနယ်မြေတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြည်ပနိုင်ငံများရှိ ကုမ္ပဏီများနှင့် ဖက်စပ်ထုတ်လုပ်ခြင်းများ၊  တရားဝင် လမ်းကြောင်းများမှ ၀င်ရောက် လာခြင်းများ၊  ပြီးခဲ့သည့်လအတွင်း လိုင်စင်မဲ့ကားများအား တန်ဖိုးသတ်မှတ်၍ လိုင်စင်ထုတ်ပေးခြင်းများ ရှိလာသောကြောင့် ကားဈေးကွက် အတွင်း အရောင်းအ၀ယ် ကျလာဖွယ်ရှိကြောင်း ကျောက်မြောင်းမြို့နယ်မှ ကားဝယ်ရောင်းပြုလုပ်နေသူများက ဆိုသည်။

“ကားတွေက လမ်းကြောင်းအမျိုးမျိုးကနေ ၀င်နေတော့ ရောင်းလိုအားက များနေတဲ့သဘောမျိုးဖြစ်နေတယ်။ ၀ယ်မယ့် သူ တွေ ကလည်း ဈေးကျဖို့ ရှိလားဆိုပြီး အခြေအနေ မသိသေးတော့ မ၀ယ်သေးဘဲ စောင့်နေကြတယ်”ဟု ကားဝယ်ရောင်း လုပ် သူ တဦးက ပြောသည်။

အမှတ်(၂) စက်မှုဝန်ကြီးဌာနသည် မော်တော်ယာဉ်ဖက်စပ် ထုတ်လုပ်မှုကို မြန်မာနိုင်ငံတွင် ၁၉၇၀ ခုနှစ် ၀န်းကျင် က ဂျပန် နိုင်ငံ မာဇဒါ မော်တော်ယာဉ် ကုမ္ပဏီ၊ ၁၉၉၀ ၀န်းကျင်က တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီ ၂၀၀၃ ခုနှစ် ၀န်းကျင် က ဂျပန် နိုင်ငံ ဆူဇူကီး ကုမ္ပဏီ၊၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ ရှိ Myanmar Faw ကုမ္ပဏီတို့ဖြင့် ဖက်စပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ကုန်တင်ယာဉ်များ ထုတ်လုပ်ရန် အိန္ဒိယ TATA Motors ကုမ္ပဏီက အမှတ်(၂) စက်မှု ၀န်ကြီးဌာန မြန်မာ့ မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု လုပ်ငန်းနှင့် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း မတ်လ ၂၇ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ စာချုပ်အရ ကုန်တင်ယာဉ်ထုတ်လုပ်မှု စက်ရုံစီမံကိန်းကို မကွေးစက်မှုနယ်မြေ၌ တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြစ်ကြောင်းနှင့် တန်(၂၀-၃၀) ကုန်တင်ယာဉ်များကို အမြန် ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

TATA ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး ဗြိတိန်၊ တောင်ကိုးရီယား၊ ထိုင်းနှင့် စပိန် နိုင်ငံများတွင် လည်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ ဖိယက် ကားကုမ္ပဏီနှင့်လည်း အိန္ဒိယတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်လျက် ရှိသည်။

၂၀၀၈ ခုနှစ်တွင် နာမည်ကြီး ဂျာဂွာနှင့် လန်းဒ် ရိုဗာ အမှတ်တံဆိပ် ကားထုတ်လုပ်ခွင့်ကို ဖို့ဒ် ကားကုမ္ပဏီက TATA သို့ ရောင်းချ ထားသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကာလရှည်ကြာစွာ နေ အိမ် အကျယ်ချုပ်ချထားမှုတို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
သို့သော် ထိုင်း၊ တရုတ်၊ အိန္ဒိယ နိုင်ငံများက ယင်းသို့ ဒေါ်လာ ဘီလီယံနှင့် ချီ၍ ရင်းနှီးမြှပ်နှံနေမှုများကြောင့် ပိတ်ဆို့ အရေးယူ မှုများကို အားနည်းသွားစေခဲ့ကြောင်း လေ့လာသူများက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်