မင်္ဂလာဈေး သြဂုတ်လအတွင်း ပြန်ဖွင့်မည်

E-mail Print
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မင်္ဂလာဈေးမှ မီးလောင် သွားခဲ့သော အပေါ်ထပ်များကို ပြန်လည် ဆောက်လုပ် နေစဉ်အတွင်း မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဆိုင်ခန်းများကို ဖွင့်လှစ်ခွင့် ပြုသွားမည်ဟု သိရသည်။

mangalar-zay-25မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော မင်္ဂလာဈေးမီးလောင်မှုတွင် တတိယထပ်မှ စတင် လောင်ကျွမ်းပြီး  အပေါ်ထပ်များသို့ ကူးစက်သွားခဲ့သဖြင့် ခေါင်မိုးထပ်မှ တတိယထပ်အထိ ဖြိုချနေရာ ပြီးစီးတော့မည်ဖြစ်ပြီး ပြန်လည် ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီ စတင်တော့မည်ဟု ဈေးသာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“အခုအပေါ်ထပ်က အပျက်အစီးတွေကို ဖြိုချနေပါတယ်။ အဲဒါက နောက် ၁၀ ရက်လောက်ဆို ပြီးပြီ။ ဒါတွေ ဖြိုချပြီးတာနဲ့ အောက်ထပ်က ဆိုင်တွေကို တလွှာချင်း ပြန်ဖွင့်ခိုင်းမှာပါ” ဟု ၎င်းက ဆိုသည်။

ဈေးဆိုင်ခန်းများကို မူလဆိုင်နေရာအတိုင်းပင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မြေညီထပ်ရှိ ဆိုင်ခန်းများကို သြဂုတ်လ ၁၅ ရက်နေ့တွင် ပြန်လည် ရောင်းချခွင့်ပြုရန် ယာယီ သတ်မှတ်ထားပြီး ကျန်ဆိုင်ခန်းများကိုလည်း သြဂုတ်လမကုန်ခင် တစ်လွှာချင်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အပေါ်ထပ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေချိန်၌ လုပ်ငန်းခွင် အန္တရာယ် ရှိသဖြင့် အောက်ထပ်မှ တချို့ဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ်ဦးမည် မဟုတ်ဟု ဆိုင်ရှင်များက ဆိုသည်။

“အပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်း တွေရှိနေတယ်ဆိုရင် ဈေးဝယ်သူတွေကလည်း လာရဲကြမှာ မဟုတ်ဘူး။ အပေါ်ကနေ တခုပြီးတခု ပြုတ်ကျနေမှာ။ ဈေးလည်း ရောင်းကောင်းမှာ မဟုတ်တဲ့အတူတူ ကိုယ်လည်း အန္တရာယ်များတယ်။ အားလုံးပြီးမှပဲ ပြန်ဖွင့်တော့မယ်” ဟု မြေညီထပ်မှ အထည်ဆိုင်ရှင် တဦးက ပြောသည်။

ဈေးမီးလောင်ပြီးနောက် မင်္ဂလာဈေးရှိ ဆိုင်ရှင်တချို့သည် ယုဇနပလာဇာ၊ တော်ဝင်ပလာဇာနှင့် မင်္ဂလာမွန်ဈေးတို့တွင် ဆိုင်ခန်းများ ငှားရမ်းဖွင့်လှစ်နိုင်ခဲ့သော်လည်း အများစုမှာ ဆိုင်ခန်းငှားရမ်းနိုင်ခြင်းမရှိဘဲ မင်္ဂလာမွန်ဈေး ဘောလုံးကွင်းနေရာတွင် ယာယီ နေရာချထားပေးသော မြေစိုက်ဆိုင်များတွင်သာ ရောင်းချ နေရကြောင်း၊ ဆိုင်နေရာ အခင်းအကျင်း အဆင်မပြေသောကြောင့် အထည်အလိပ်ကဲ့သို့သော ပစ္စည်းများ အပျက်အစီးများကြောင်း ယာယီဈေးမှ အထည်ဆိုင်ရှင်တဦးက ဆိုသည်။

“တခြားမှာ ဆိုင်ငှားဖွင့်နေတဲ့ သူတွေကတော့ မထူးဘူးပေါ့။ ဒီမှာက မြေကြီးပေါ်မှာ ခင်းရောင်းရတာဆိုတော့ အထည်တွေ ခဏခဏ ပျက်စီးတယ်။ ဈေးကြီးပေါ် အမြန်ဆုံး ပြန်ပြောင်းချင်နေပြီ။ အန္တရာယ်ရှိလည်း မတတ်နိုင်ဘူး။ ကြာရင် မရှိမဲ့ ရှိမဲ့နဲ့ ပြန်ရင်းထားတာလေးတွေတောင် အထည်တွေ ပျက်စီးတာနဲ့ ကုန်မယ်” ဟု အဆိုပါ အထည်ဆိုင်ပိုင်ရှင်က ပြောသည်။

မူလက ဆိုင်ရှင်များကို ငွေကြေး တပြားတချပ်မှ မယူဘဲ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဟု ပြောထားသော်လည်း ဈေးသာယာ ရေး ကော်မတီက တံခါး ပြောင်းလဲတပ်ဆင်ခဟုဆိုကာ တဆိုင်လျှင် ကျပ် ၄ သိန်း ကောက်ခံခဲ့သည်ဟု အဆိုပါဆိုင်ရှင်က ဆက်လက်ပြောသည်။

တတိယထပ်၊ စတုတ္ထတပ်နှင့် ခေါင်းမိုးထပ်တို့ကို ပြန်လည် ပြင်ဆင်ဆောက်လုပ်ရန် ကုမ္ပဏီများကို ဈေးပြိုင် တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ရာ လာရောက်လျှောက်ထားသည့် ကုမ္ပဏီ ၈ ခုအနက် ၄ ခုကို ၁ စတုရန်းပေလျှင် ၁၅၈၀ ကျပ်နှုန်းဖြင့် လုပ်ကိုင်ခွင့်ပြု ခဲ့ပြီး ကုမ္ပဏီ ၄ စလုံး တပြိုင်တည်း လုပ်ဆောင်သွားမည်ဟု ဈေးသာယာရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

နာရီပေါင်းများစွာ မီးလောင်ကျွမ်းခဲ့သော အဆောက်အအုံတခုသည် ပြိုကျနိုင်ခြေ များသဖြင့် ဈေးအဆောက်အအုံကို ဖြိုချပြီး အသစ် ပြန်လည်ဆောက်လုပ်ရန် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းက အကြံပြုခဲ့သော်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက မီးလောင်ကျွမ်းသည့် အထပ်များကိုသာ ဖြိုချပြီး ပြန်လည်ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ် မေလတွင် ယုဇနကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ခေါင်မိုးထပ်နှင့် မြေအောက်ထပ် ကားပါကင် အပါအ၀င် စုစုပေါင်း ၇ ထပ်ရှိပြီး မြေညီထပ်တွင် ဆိုင်ခန်း ၈၄၉ ခန်း၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ဆိုင်ခန်း ၇၉၇ ခန်းစီနှင့် စတုထ္တထပ်နှင့် ခေါင်မိုးထပ် တွင် ဆိုင်ခန်း ၄၈ ခန်း စုစုပေါင်း ၄၀၆၇ ခန်းရှိသည်။

ယင်းဈေးကြီးသည် ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် စတုတ္ထထပ်ရှိ ဈေးသာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပိုင် အလှကုန်ဆိုင်မှ ၀ါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆေးဝါးအရောင်းဆိုင် ၃၉၈ ဆိုင်၊ အလှကုန်ဆိုင် ၃၉၉ ဆိုင် နှင့် စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကာ ဆုံးရှုံးမှုတန်းဖိုး ငွေကျပ်သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဖြစ်သည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်