ရှမ်း ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင် ထောင်ပြောင်း

E-mail Print
စစ်အစိုးရက ထောင်ဒဏ် ၁၀၆ နှစ် ချမှတ် ထားသော အသက် ၇၄ နှစ်ရှိ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်ကို စစ်ကိုင်းတိုင်း ခန္တီးထောင်မှ မန္တလေးမြို့ အိုးဘိုထောင်သို့ ပြီးခဲ့သော စနေနေ့က ပြောင်းရွှေ့ လိုက်ကြောင်း မိသားစုဝင် တဦးက ပြောသည်။

say-htinဗိုလ်ချုပ် ဆေထင်ကို ထောင်ပြောင်း လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ မိသားစု ၀င်များသို့ အာဏာပိုင်များက အကြောင်း ကြားခြင်း မရှိကြောင်း ဗိုလ်ချုပ် ဆေထင်၏ သမီးဖြစ်သူ နန်းခမ်းဖောင်းက ဧရာဝတီသို့ ပြောသည်။

ကျန်းမာရေးကြောင့် ထောင်ပြောင်းခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။   

ဗိုလ်ချုပ် ဆေထင်သည် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေ ရကြောင်း သိရသည်။

“မျက်စိကလည်း ခွဲရမယ်၊ ၆ လတကြိမ် လာကြည့်ပေးမယ်လို့ ပြောပြီး အခုအထိ လာမကြည့်သေးဘူး၊ အခု ဒီမန္တလေး ရောက်လာ တော့ အဲဒါ သူတို့ ကုပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု နန်းခမ်းဖောင်းက ပြောဆိုသည်။

ထောင်ပြောင်းရွှေ့ခြင်းမှာ ဗိုလ်ချုပ် ဆေထင်၏ မျက်စိကို ခွဲစိတ်ကုသပေးရန် ဖြစ်နိုင်သည်ဟု ရှမ်း အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ ဦးစိုင်းလိတ်ကလည်း ပြောသည်။

ဖခင်ဖြစ်သူအား မတွေ့ရသဖြင့် အခြေအနေကို မသိရှိနိုင်သေး သကဲ့သို့ မိသားစုဝင်များက စိုးရိမ်နေကြကြောင်း နန်းခမ်းဖောင်း က ဆက်လက် ပြောဆိုသည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည် ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် ဆေထင် အပါအ၀င် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နှင့် ရှမ်း တိုင်းရင်းသား ခေါင်းဆောင် တချို့တို့ကို စစ်အစိုးရက ဖမ်းဆီးခဲ့သည်။

ယင်းသို့ ဖမ်းဆီးထားသူများကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ၌ပင် စစ်အစိုးရက နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု အပါအ၀င် တခြားသော ဥပဒေ ပုဒ်မများဖြင့် ဦးခွန်ထွန်းဦးကို အလုပ်နှင့် ထောင်ဒဏ် ၉၃ နှစ်၊ ဗိုလ်ချုပ် ဆေထင် ကို အလုပ်နှင့် ထောင်ဒဏ် ၁၀၆ နှစ်၊ ဦးစိုင်းညွန့်လွင် တို့ကို အလုပ်နှင့် ထောင်ဒဏ် ၈၅ နှစ်စီ ချမှတ်ခဲ့သည်။

ဦးခွန်ထွန်းဦး ဦးဆောင်သော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့သော နိုင်ငံရေးပါတီ ဖြစ်သည်။ ဦးခွန်ထွန်းဦး တို့နှင့်အတူ အကျဉ်းကျခံခဲ့ရသူ ရှမ်းခေါင်းဆောင် ဦးမြင့်သန်း (၅၉) နှစ် သည် ၂၀၀၆ ခုနှစ် မေလက ရခိုင်ပြည်နယ် သံတွဲထောင်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၇၁ ဦး ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားချက်အရ သိရသည်။ ထို နိုင်ငံရေး အကျဉ်းသားများထဲတွင် တိုင်းရင်းသား အကျဉ်းသား ၂၀၇ ဦး ရှိကြောင်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်