ပန်းဖြူအမှုကို ရန်ကုန်တိုင်းတရားရုံး ပယ်ချ

E-mail Print
ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် စွဲဆိုထားမှုအား ရန်ကုန်တိုင်း တရားရုံးက ယနေ့တွင် ပလပ်လိုက်ကြောင်း သိရသည်။

Pann-Phyu_planetဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် စွဲဆိုခဲ့ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းစွဲချက်ကို ပယ်ချခဲ့သဖြင့် တိုင်းတရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ ယနေ့ နေ့လယ် ၁ နာရီတွင် ယင်းသို့ ထပ်မံ ပလပ် လိုက်ခြင်း ဖြစ်သည်။

ပန်းဖြူ၏ ရှေ့နေဖြစ်သူ ဦးယုတင်က “တရားရုံးမှာ ကျနော် နားထောင်ပြီး ကောက်ချက် ချရသလောက်တော့ ရက် ၄၀၊ ၅၀ လောက် အတွင်းမှာ ယောက်ျား တယောက်ကို သိပြီးတော့ ကာမပေးတယ် ဆိုတာ သဘာဝ ယုတ္တိ မရှိဘူးပေါ့။ နောက် တခုက ၄၊ ၅ နှစ်လောက် ကြာအောင် လိမ်လည်တယ် ဆိုတာလည်း သဘာဝ ယုတ္တိမရှိ ဘူးပေါ့။ အဓိက ကတော့ အဲဒီ ၂ ချက်ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စွဲချက်ကို ပယ်ချသည့် အကြောင်းအရင်းမှာ အပြစ်ရှိမရှိ သုံးသပ်သည်နှင့် တူညီခြင်း မရှိကြောင်း၊ စွဲချက်ကို တင်နိုင်လောက်သည့် အထောက်အထားရှိပါက တင်ရမည်ဖြစ်ကြောင်း၊ မိန်းကလေးတယောက်က အရှက်နှင့် ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ဆောင်ရွက်ထားသည့် ဆောင်ရွက်ချက်မှာ ပြည့်စုံသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပန်းဖြူက “အခု အမှုတည်ဆောက်ထားတာ မခိုင်မာဘူး။ တယောက်ယောက်က သင်ကြားပေးထားတဲ့ ပုံစံ ရှိနေတယ်။ လုပ်ကြံတယ်ဆိုပြီးတော့ အဲဒီလို ဖြစ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းတရားရုံးက ယခုကဲ့သို့ ထပ်မံပယ်ချခဲ့သည့်အတွက် ဗဟိုတရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားမည် ဖြစ်ကြောင်းလည်း ပန်းဖြူက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေးလိမ်လည်မှု၊ ပစ္စည်းလိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည်မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း သိရသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း သိရသည်။

ပန်းဖြူသည် ၁၉၉၇ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်