ရွေးကောက်ပွဲပြီးမှ ထိုင်း-မြန်မာ နယ်စပ် ပြန်ဖွင့်မှာလား

E-mail Print
ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားကို နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ပြီးသည့် အချိန်အထိ ပိတ်ထားမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံလူထုနှင့် စီးပွားရေးသမားများက စိုးရိမ်နေကြသည်။

mwd-maesot“နိုဝင်ဘာ လကုန်မှ ပြန်ဖွင့်မယ် လို့တော့ သတင်းတွေ ထွက်နေတယ်။ မှန်တယ် ဆိုရင်တော့ မြန်မာ အလုပ်သမား အများစုက ဒုက္ခရောက် ကြမယ်။ စားဝတ်နေရေး အခက်အခဲ တွေ့မယ်။ အလုပ်မရှိရင် မိန်းကလေးတွေ မကောင်းတဲ့ဘက် လမ်းကြောင်းကို ပိုရောက်သွား နိုင်တယ်” ဟု မြ၀တီမြို့ခံ ကုန်သည် တဦးက ဧရာဝတီသို့ ပြောသည်။

မြ၀တီဒေသခံ အာဏာပိုင် အဖွဲ့ဝင် တဦးက နယ်စပ် ချစ်ကြည်ရေး တံတား ပြန်ဖွင့်ရေး ကိစ္စနှင့် ပတ်သက်၍ ယခုအခါ သတင်း အမျိုးမျိုးထွက် ပေါ်နေသော်လည်း အတိအကျ ပြောဆိုရန် ခက်နေကြောင်း၊ ၎င်းတို့ အနေနှင့်လည်း နေပြည်တော်မှ လမ်းညွန်ချက် အတိုင်းသာ လုပ်ဆောင်နေ ရကြောင်း ဆိုသည်။

စက်တင်ဘာလတွင် တံတား အပါအ၀င် နယ်စပ်ဂိတ်များအားလုံးကို ပြန်ဖွင့်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်ကြောင်း အဆိုပါ အာဏာပိုင် အဖွဲ့ဝင်က ဧရာဝတီကို ရှင်းပြသည်။

မြန်မာအာဏာပိုင်များဘက်က ချစ်ကြည်ရေးတံတားကို အကြောင်းပြချက် တစုံတရာ မပေးဘဲ ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ တရားဝင်ပိတ်ထားသည့်အပြင် မြ၀တီမြို့ရှိ ကုန်သွယ်ရေးဇုန်ကိုလည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ထပ်မံ ပိတ်ထားခဲ့သည်။

“အာဏာပိုင်တချို့ပြောတာတော့ နအဖ က လုပ်မယ့်ရွေးကောက်ပွဲကို ထိုင်းအစိုးရက တရားဝင်ထောက်ခံမှု မပေးသေးလို့ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားတာတဲ့” ဟု စစ်အစိုးရနှင့် နီးစပ်သည့် ကုန်သည်တဦးက ဆိုသည်။

ထိုင်းမြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်ပေါက် ၂၀ ၀န်းကျင်အား ပိတ်ထားသည့်အတွက် ၂ နှစ်နိုင်ငံကြား တင်သွင်းနေကြသည့် ကုန်ပစ္စည်းများ ရှားပါး၍ဈေး နှုန်းများ ၂ ဆ နီးပါးတက်သွားကြောင်း သိရသည်။

ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ဖိုးသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ဇူလိုင်လတွင် ရေးသားထားသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်အား ဆက်တိုက်ပိတ်ထားခြင်းကြောင့် ထိုင်းနိုင်ငံသည် ဘတ်ငွေသန်း ၂၀၀၀ ကျော်ထိ ဆုံးရှုံးနေပြီ ဖြစ်ကြောင်း တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌကိုကိုးကား၍ ထိုင်းသတင်းများက သြဂုတ်လဆန်းပိုင်းတွင်ရေးသား
ထားသည်။

နယ်စပ်ပိတ်ထားသည့်ကိစ္စကြောင့် ထိုင်းနိုင်ငံက ဆုံးရှုံးမှု များသကဲ့သို့မြန်မာကုန်သည်များ၊ အလုပ်သမားများ အတွက်လည်းနစ်နာ ဆုံးရှုံးမှု များကြောင်း ကုန်သည်များက ဆိုသည်။

တံတားနှင့် နယ်စပ်ဂိတ်များ ပိတ်ပြီးသည့်နောက်ပိုင်း မြန်မာအလုပ်သမား ထောင်ချီ၍ မြ၀တီမြို့တွင် သောင်တင်နေပြီး စားဝတ်နေရေး အကျပ်အတည်းများကြောင့် တချို့မှာလည်း နေရပ်ဒေသများသို့ ပြန်သွားကြရသည်ဟု မြ၀တီမြို့ခံများက ဆိုသည်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးမည်ဟု ကြေညာထားပြီး ယခုအခါ ပြည်ဝင်ခွင့်ဗီဇာကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီဖြစ်သည်။

ပြည်ဝင်ခွင့်ဗီဇာအား ပိတ်ပင်ရာတွင် လေကြောင်းလိုင်းများမှ ပြည်ဝင်ခွင့်အပြင် မြန်မာနိုင်ငံ နယ်စပ်တလျှောက်ရှိ ဂိတ်များအားလုံးကိုပါ ရွေးကောက်ပွဲပြီးသည်အထိ ပိတ်ထားမည်ဟု သတင်းများထွက်နေသော်လည်း အတည်မပြုနိုင်သေးပေ။

တရုတ်-မြန်မာနယ်စပ်တခုဖြစ်သော တာချီလိတ် နယ်စပ်ဘက်တွင်လည်း ကုန်သွယ်ရေးလမ်းကြောင်း၌ လုံခြုံရေး တင်းကျပ်မှုများ ရှိကြောင်းဒေသခံ များကဆိုသည်။

“ပစ္စည်းတွေကို အရင်ကလို ကားကြီးတွေနဲ့ တင်လို့မရဘူး။ ဆိုင်ကယ်တွေ၊ စက်ဘီးတွေနဲ့လောက်ပဲ တင်လို့ရတော့တယ်” ဟု
ဒေသခံ ကုန်သည်တဦးက ပြောသည်။ ကုန်ပစ္စည်းများ အစုလိုက် တင်ဆောင်မရသော်လည်း လိုင်စင်မဲ့ မော်တော်ကားများ
တင်သွင်းခြင်းကို အာဏာပိုင်တချို့က ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။

တခြား နယ်စပ်ဒေသများဖြစ်သော မူဆယ် (၁၀၅) မိုင်လမ်းကြောင်း၊ ဘူးသီးတောင်-မောင်းတော နယ်စပ်လမ်းကြောင်းနှင့် ကော့သောင်းနယ်စပ် ဒေသများ၏ ကုန်သွယ်ရေး လုပ်ဆောင်မှုများမှာ ပုံမှန်အတိုင်း ရှိနေသေးကြောင်း ဒေသခံ ကုန်သည်များက ဧရာဝတီသို့ ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်