အမေရိကန်က မူးယစ်မှောင်ခိုသူများနှင့် ဆက်နွယ်သူများကို ဒဏ်ခတ်ပိတ်ဆို့မည်

E-mail Print
မှုးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် နာမည်ကြီးနေသော ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) ခေါင်းဆောင် အပါအဝင် စီးပွားရေး လုပ်ငန်းရှင် ၂၆ ဦး နှင့် ကုမ္ပဏီ ၁၇ ခု တို့ကို အမေရိကန်ဘဏ္ဍရေး ဝန်ကြီး ဌာနက စီးပွားရေးအရအရေးယူ ပိတ်ဆို့ကြောင်း ယမန်နေ့ က ကြောညာလိုက်သည်။

၎င်းအရေးယူမှုတွင် မြန်မာစစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသည့် UWSA ခေါင်းဆောင် ဝေရှောက်ခမ်း ကို အဓိက အရေးယူထားပြီး သူနှင့်ပတ်သက်ဆက်နွယ်သည့် မြန်မာနိုင်ငံရှိ စီပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီ များ နှင့် ၎င်းတို့နှင့် ဆက်နွယ်သည့် အမေရိကန်နိုင်ငံသားများပါ အရေးယူခံရမည် ဖြစ်ကြောင်းသိရသည်။

ထိုသို့ အရေးယူပိတ်ဆို့လိုက်ခြင်းဖြင့် အမေရိကန်နိုငံတွင် ၎င်း စီးပွားရေးလုပ်ငန်းရှင် ၂၆ ဦးနှင့် စီးပွားရေး ကုမ္ပဏီ ၁၇ခု တို့၏ ပိုင်ဆိုင်မှုပစ္စည်များ၊ ငွေကြေးပိုင်ဆိုင်မှုများရှိခဲ့ပါကအသုံးပြုခွင့် မရရန် ထိန်းချူပ်ထား လိုက်ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် နယူးရောက်မြို့ရှိ အမေရိကန် ဗဟိုအစိုးရရှေ့နေများက ဝေရှောက်ခမ်းနှင့်အတူ သူ၏ ညီအစ်ကို တော်စပ်သူများကိုလည်း မှုးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ဥပဒေချိုးဖောက်သူများ အဖြစ် စွဲချက် တင်ထားပြီး ဖြစ်သည်။

ထိုသို့ ဒဏ်ခတ်ပိတ်ဆို့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့ရန်ပုံငွေအဖွဲ့မှ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ယခုလိုပြောသည်။

“လက်ရှိမြန်မာနိုင်စစ်စိုးရက ဒီမိုကရေစီလမ်းကြောင်းကိုမသွားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေ တာကို ကမ္ဘာ့နိုင်ငံတွေကလည်း သိပါတယ်။ အမေရိကန်တနိုင်ငံကသာ၂၀၀၃ခုနှစ် နောက်ပိုင်းမှစပြီး နအဖ စစ်အစိုးရကို ပြင်းထန်တဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေကို လုပ်လာခဲ့ပါတယ်။ ဒါဟာ စီပွားရေးယို ပေါက် တွေကို ထိရောက်တဲ့ ပိတ်ဆို့မှုဖြစ်ပါတယ်”ဟု ဦးစိန်းဌေးက ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇပိုင် ကုမ္ပဏီကြီးများ၊ ဘိန်းရာဇာတို့၏ ကုမ္ပဏီကြီးများက တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်များကို ရောင်းချမှုများပြုပြီး ငွေမည်းကနေငွေဖြူ အဖြစ်ငွေကြေး ငွေခဝါချမှုများ ကိုပြုလုပ်ကာ စစ်တပ် အင်အားကြီးထွားလာစေရန် ပံ့ပိုးကူညီနေခြင်းသာဖြစ်သည်ဟုလည်း ဦးစိန်ဌေး ကပြောသည်။

“ဒီတော့ စီးပွားရေးယိုပေါက်တွေဖြစ်တဲ့ နအဖကိုအကျိုးပြုတဲ့ စစ်အစိုးရရဲ့ ဒေါက်တိုင် ကြီးများကို ဖြုတ်လိုက်ခြင်းဖြင့် ဒီကုမ္ပဏီကြီးတွေကို စီးပွားရေးအရ တိတိကျကျ သတ်သတ်မှတ်မှတ ပစ်မှတ်ထားပြီး ပိတ်ဆို့ခြင်းကလည်း ထိရောက် ပါတယ်”ဟု ဦးစိန်ဌေးက ဆက်ပြောသည်။

UWSAအဖွဲ့သည် အရှေ့တောင်အာရှနိုင်ငံများတွင် အကြီးဆုံး မူးယစ်ဆေးဝါးထုတ်လုပ်သည့် မူးယစ်မှောင်ခို အဖွဲ့ကြီး တခုဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ ပြီးဖြစ်သည်။

ဝေရှောက်ခမ်းကို ၂၀၀၀ ခုနှစ်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူအဖြစ်သတ်မှတ်ထားခဲ့ပြီး သူ၏အဖွဲ့အစည်း (UWSA) ကိုလည်း၂၀၀၃ ခုနှစ်တွင် မူးယစ်မှောင်ခိုအဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုက ဝေရှောက်ခမ်းကိုဖမ်းဝရမ်းထုတ်ထားပြီး သူ့အားဖမ်းဆီးနိုင်သူနှင့် သတင်းပေး သူကို အမေရိကန်ဒေါ်လာ၂ သန်းအထိ ပေးမည်ဟု ဆုငွေထုတ်ထားပြီးဖြစ်သည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့အရေးယူသည့် ဥပဒေ ကို ၁၉၉၇ ခုနှစ် မေလ၂၀ရက်နေ့က အမေရိကန် ဥပဒေပြုလွှတ်တော်တွင် စတင်ချမှတ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်