ရန်ကုန်နှင့် သထုံ မိုင်းဗုံး ပဲခူးလူသတ်မှုနှင့် မဆိုင်

E-mail Print
ရန်ကုန်မြို့နှင့် သထုံမြို့တွင် ချိန်ကိုက်မိုင်းများ တွေ့ရှိမှုသည် ရွေးကောက်ပွဲကို ပျက်ပြားစေရန်နှင့် ပဲခူးမြို့ အရပ်သား နှစ်ဦး ပစ်သတ်ခံမှုတို့နှင့် အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စစ်အစိုးရ၏ သတင်းစာမှ စွပ်စွဲမှုများသည် အခြေအမြစ်မရှိကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

ရန်ကုန်မြို့ လူစည်ကားသည့် ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ယောမင်းကြီးလမ်း (ယောက်လမ်း) တို့ကို ဆက်သွယ်ထားသည့် မီးရထားခုံးကျော် လူကူးသစ်သားတံတားတွင် ချိန်ကိုက်မိုင်းတလုံးကိုလည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့၊ ဒုံဝန်းကျေးရွာ အုပ်စုရှိ လျှပ်စစ် ဓာတ်အားလိုင်း တာဝါတိုင်တွင် မိုင်းများကိုလည်းကောင်း အသီးသီးတွေ့ရှိရကြောင်း၊ ယင်းတွေ့ရှိမှုသည် ရွေးကောက်ပွဲ မအောင်မြင်စေရန် အကြမ်းဖက်ခြင်းနှင့် မကြာသေးမီက ပဲခူးမြို့တွင် စစ်တပ်က ပစ်သတ်မှုကြောင့် အရပ်သား လူငယ် ၂ ဦး သေဆုံးမှု ဖြစ်စဉ်တို့နှင့် အချိန်ကိုက် ချိတ်ဆက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “ပဲခူးမှာ ဖြစ်တာက ရန်ပွဲကနေ သေနတ်နဲ့ ရမ်းရမ်းကားကား ပစ်လို့ ဖြစ်တာ။ အခုဟာက ဘယ်ကထောင်တဲ့ ဗုံးမှန်းမှ မသိတာ။ အစိုးရ စွပ်စွဲသလို ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ချိန်ကိုက်မိုင်းတွေ့ရှိခြင်းနှင့် ပဲခူးလူသတ်မှု အဖြစ်အပျက်များသည် ရွေးကောက်ပွဲနှင့် ဆက်စပ်မှုရှိသည်ဟု မထင်ကြောင်း၊ စစ်တပ်မှ ပစ်သတ်ခဲ့သည့် လူငယ် ၂ ဦး၏ ဈာပနကို လူပေါင်း ၂၀၀၀ ကျော်ခန့် လာရောက်သော်လည်း အားလုံး စည်းကမ်းတကျ ပို့ဆောင်ခဲ့ကြောင်း၊ မည်သူမျှ ဆူပူမှု မရှိကြောင်း ဦးအေးမြင့်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ ညက စစ်တပ်အရာရှိများနှင် ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် (တောင်ပိုင်း) နေ အရပ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ရာ စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) တို့ ၂ ဦးသေဆုံးခဲ့သည်။

ဆက်လက်၍ စစ်အစိုးရ သတင်းစာတွင် နိုင်ငံရေး အမြတ်ထုတ်လိုသည့် ဆန့်ကျင်ဘက်အုပ်စုများနှင့် အဖျက်အမှောင့်သမားများက ၂၀၁၀ ရွေးကောက်ပွဲကြီးကို မအောင်မြင်စေရန် သွေးထိုးလှုံ့ဆော်မှုများ၊ ဗုံးထောင် မိုင်းခွဲမှုများကို တိုးမြှင့်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

ဒုံဝန်းကျေးရွာအုပ်စုရှိ လျှပ်စစ် ဓာတ်အား တာဝါတိုင်တွင် မိုင်းရှင်းလင်းသူ တဦး ဆက်စပ် မိုင်းကြောင့် ညာခြေကျင်းဝတ် ပြတ်တောက်သွားသည်ဟုဖော်ပြထားသော်လည်း စစ်အစိုးရသတင်းစာတွင် မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဝါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုသည် ဒေါသအလျောက် ဖြစ်ပွားခြင်းဖြစ်ပြီး  အစိုးရသတင်းစာများတွင် ရေးသားသကဲ့သို့ ရွေးကောက်ပွဲနှင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ယခု ဗုံးများသည် မည်သူမည်ဝါ လက်ချက်ဟု ထည့်သွင်း ပြောဆိုခြင်းမရှိဘဲ ရွေးကောက်ပွဲကို နှောင့်ယှက်လိုသူများဟုသာ ဖော်ပြသည့်အတွက် နိုင်ငံရေး အဖွဲ့များကို သိက္ခာချလိုခြင်း ဖြစ်နိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ်ဆန်းပိုင်း သင်္ကြန် အတက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ထိုရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းအတွင်း ဗုံးပေါက်ကွဲမှုများတွင် တရားခံ မည်သူမည်ဝါ ဖြစ်သည်ကို စစ်အစိုးရအနေဖြင့် ယနေ့အထိ ရေရာစွာ ဖော်ထုတ်နိုင်ခြင်း မရှိပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်