မီဇိုရမ်ရှိ တရားမ၀င် နေသူများကို ဖမ်းမည်ဟု ကြေညာ

E-mail Print
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားများ အပါအ၀င် တရားမ၀င် နေထိုင်သူများကို ဖမ်းဆီး မည် ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

aizawယင်းကြေညာချက်ကို မြန်မာ အပါအ၀င် အာဆီယံ နိုင်ငံများမှ သံအမတ်ကြီးများနှင့် အိန္ဒိယ သံတမန်ရေးရာ အဖွဲ့ဝင်များ၏ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး လေ့လာရေး ခရီးစဉ် စတင်ချိန်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြည်နယ်အစိုးရက ထုတ်ပေးထားသော တရားဝင် နေထိုင် သွားလာခွင့် လက်မှတ် အထောက်အထား မရှိသည့် နိုင်ငံခြား သားများကို ဖမ်းဆီး၍ ဌာနေပြန်ပို့မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတဦး၏ တနင်္ဂနွေနေ့က ပြောဆိုချက်ကို ကိုးကား၍ အိန္ဒိယ သတင်းဌာန IANS က ဖော်ပြသည်။

ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တရားဝင် သွားလာခွင့် လက်မှတ်မရှိသူများသည် မြန်မာ-မီဇိုရမ် နယ်စပ် တွင် ကုန်သွယ်မှုကိစ္စတခုတည်း သီးသန့်အဖြစ် နယ်စပ်မှ ၁၆ ကီလိုမီတာအတွင်း တနေ့တာ သွားလာခွင့်ရရှိမည်ဟု အိုက်ဇောမြို့အုပ်ချုပ်ရေး အရာရှိ Lalbiakthanga Khiangte က ပြောဆိုသည်။

ထို့အတူ မကြာသေးမီ ရက်ပိုင်းအတွင်းက အိုက်ဇောမြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ တရားမ၀င် မြန်မာနိုင်ငံသား ၅၀ ကျော် ကို ဖမ်းဆီး၍ နေရပ်ပြန်ပို့ခဲ့သေးကြောင်း ရဲအရာရှိတဦး၏ ပြောဆိုချက်ကိုလည်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော အိုက်ဇောမြို့အခြေစိုက် မြန်မာ့ လူမှုရေးအဖွဲ့ တာဝန်ရှိသူများကမူ ဖမ်းဆီးမှုများမှာ ပြီးခဲ့သည့် သြဂုတ်လအတွင်းကသာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုလ အတွင်း ဖမ်းဆီးမှု တစုံတရာ မရှိသေးကြောင်း ပြောဆိုသည်။

“ဒီရက်အပိုင်းအတွင်း အဖမ်းအဆီး သတင်း လုံးဝ မကြားမိပါဘူး။ နောက် ယာယီနေထိုင်ခွင့်၊ သွားလာခွင့် စာရွက်စာတမ်းတွေဆိုတာလဲ ကျနော်သိလောက် ဘာမှ မရှိပါဘူး၊ ထုတ်ပေးတယ်ဆိုတာလဲ မသိဘူး။ တခုက အခု သတင်း တင်တာတွေ က မီဇိုရမ်အပြင်ဘက်က ဖြစ်နေတယ်။ အိုက်ဇော သတင်းစာနဲ့ တီဗီ သတင်းတွေမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မပါတော့ သံသယဖြစ်မိတယ်”ဟု မြန်မာ့ လူမှုရေးအဖွဲ့ တာဝန်ခံ ကိုထွေးက ပြောသည်။

ယခင်က မီဇိုရမ်ပြည်နယ်တွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပတ်သက်သည့် သတင်းမှန်သမျှကို မြို့တော် အိုက် ဇော ရှိ သတင်းဌာနများက အစဉ်တစိုက် ဖော်ပြပေးလေ့ရှိသော်လည်း ယခုအကြိမ်တွင် ဖော်ပြခြင်း မရှိသေးကြောင်း၊ အိန္ဒိယ ပြည်မ အစိုးရ၏ ဖိအားပေးမှုနှင့် အာဆီယံ သံအမတ်များ၏ ခရီးစဉ်အတွင် အစိုးရချင်း နားလည်မှု ပိုမိုရရှိရေး အတွက် လုပ်ဆောင်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

အိုက်ဇောမြို့အခြေစိုက် တိုင်းရင်းသားသတင်းဌာနတခုဖြစ်သည့် ခေါနုသုမ် သတင်းဌာန အယ်ဒီတာ ကိုရောဘတ် က လည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ဇူလိုင်လအတွင်းက အိန္ဒိယ ခရီးစဉ် နောက်ပိုင်းတွင် မြန်မာ အလုပ်သမားများအပေါ် တင်းကျပ်မှုများ ပိုမိုပြုလုပ်လာသည်ဟု ဆိုသည်။

“အခုတလော မီဇိုရမ် အစိုးရကလည်း ကျနော်တို့ဘက်က နိုင်ငံရေးအသိုင်းအ၀ိုင်းတွေကို အနီးကပ် လေ့လာစောင့်ကြည့်မှု တွေ လုပ်နေတယ်လေ၊ နိုင်ငံရေး ပတ်သက်ပြီးတော့ တခြားဒေသကနေ မီဇိုရမ်ကိုဝင်ရောက်လာမယ့် လူတွေဆိုရင် ပေး မ၀င်ချင်တော့တဲ့ သဘောရှိတယ်”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နေရပ်ပြန်ပို့မည့် အစီအစဉ် ရှိနေသော်လည်း မီဇိုရမ်နေ မြန်မာ အလုပ်သမားများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိကြကြောင်း၊ သို့သော် ငွေကုန်၊ လူပန်းဖြစ်၍ အလုပ်အကိုင်ပျက်သော ကြောင့် စိတ်ပျက်မိကြောင်း ပြောဆိုကြသည်။

“ဖမ်းမယ်ဆိုလည်း ပုန်းနေလိုက်တာပေါ့။ အဖမ်းခံရရင်လည်း ဒဏ်ငွေဆောင်လိုက် ပြန်လွတ်လိုက်၊ ပြန်အပို့ခံရလည်း ခဏနေရင် ပြန်လာလိုက်ကြတာပဲလေ။ ဒါပေမယ့် အလုပ်ပျက်၊ ငွေကလည်းကုန်နဲ့ နယ်စပ်ကနေ ပြန်လာရတာ ပင်ပန်း တော့ ကြာတော့ စိတ်တော့ပျက်မိတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲနော်”ဟု အိုက်ဇောမြို့မှ ရက်ကန်းသမ တဦးက ဆိုသည်။

မြန်မာအလုပ်သမားများကို ဖမ်းဆီး၍ ဌာနေပြန်ပို့ခြင်းများ ယခင်ကလည်း ပြုလုပ်ခဲ့ဖူးရာ ထိုသို့သော အချိန်များတွင် မြန်မာအလုပ်သမားများမှာ တောတွင်း၌ ပုန်းအောင်းနေကြရသည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူများမှာ ဒဏ်ငွေ ဆောင် ရခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ရန် နယ်စပ်ရှိ ကျန်ဖိုင်းမြို့သို့ ပို့ဆောင်ခံရခြင်းများ ရှိကြောင်း၊ နယ်စပ်သို့ ပြန်ပို့ခံရသူ တဦး အနေဖြင့် အိုက်ဇောသို့ ပြန်လာရန်မှာ အနည်းဆုံး ရူပီး ၂၀၀၀ ကျော် ကုန်ကျသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံသား အများစုမှာ အိုက်ဇောမြို့ရှိ ပန်းထိမ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်းတို့တွင် လုပ်ကိုင်ကြပြီး တချို့မှာ လက်သမား လုပ်ငန်း၊ စားသောက်ဆိုင်များ၊ ဈေးရောင်းဝယ်ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မြေတူးခြင်း စသည်တို့ကို လုပ်ကိုင်ကြကြောင်း သိရသည်။

၎င်းတို့၏ ၀င်ငွေမှာ တပတ်လျှင် အနည်းဆုံး ရူပီး ၅၀၀ မှ ၁၅၀၀ အထိရှိနေရာ ငွေလဲလှယ်နှုန်းထား တရူပီးလျှင် ၂၀ ကျပ် ၀န်းကျင်အထိ ရရှိကြသောကြောင့် မြန်မာနိုင်ငံတွင်း ရရှိသည့် ၀င်ငွေထက် များပြား၍ အိန္ဒိယနိုင်ငံသို့ လာရောက် အလုပ် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသား ဦးရေမှာ ၅ သောင်းဝန်းကျင် ရှိကြောင်း မြန်မာ့လူမှုရေးအဖွဲ့၏ စစ်တမ်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်