NLD ပါတီ ရပ်တည်ရေးအတွက် နအဖ ကို တရားဆက်စွဲမည်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါတီတရားဝင် ရပ်တည်ခွင့်နှင့် စပ်လျဉ်း၍ နအဖ စစ်အစိုးရအပေါ် ဆက်လက် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပါတီ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“အဖွဲ့ချုပ်ကို ထပ်မံမှတ်ပုံမတင်လို့ ပယ်ဖျက်တာ မှားတယ်။ ဒီလို ဆောင်ရွက်ခွင့် မရှိဘူးဆိုတာကို အမှုတင်မှာပါ။ မနက်ဖြန် ဖြစ်ချင်ဖြစ်မယ်။ နောက်ရက်ဖြစ်ချင်ဖြစ်မယ်။ ဒီရက်ပိုင်းအတွင်းမှာ တင်သွင်းသွားမှာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်းဆိုင်ရာ ဥပဒေ ပါလာခဲ့သည့် အပေါ် NLDပါတီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဧပြီ ၂၉ ရက်နေ့တွင် တရားစွဲဆိုခဲ့ရာ ရန်ကုန်တိုင်း တရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချခဲ့သည်။

“အရင်ဟာကို သူတို့က လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး ပြောတယ်။ ကျနော်တို့က ဒီလို ပြောခွင့်မရှိဘူး။ ပြောဆိုခွင့် ရှိတဲ့ သူတွေက ဆုံးဖြတ်ဖို့သာ လိုတယ်ဆိုတာကို တရားသူကြီးချုပ်ဆီလည်း စာတင်ထားပါတယ်။ ဘာမှ ပြနှ်ကြားမှု မရှိသေးပါဘူး။ ကျနော်တို့ကတော့ ထပ်တင်ပါမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဧပြီ ၂၉ ရက် တရက်တည်းတွင်ပင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက ၄င်းတို့ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် တရားဝင်ရပ်တည်ခွင့် ရှိကြောင်း အက်ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့သော်လည်း ယင်း အမှုကိုပါ တရားရုံးဝန်ထမ်းများက လက်ခံရန် ငြင်းဆန်ထားသည်။

ယခု ပါတီ ဆက်လက် ရပ်တည်ခွင့်အတွက် ဦးစားပေး တင်သွင်းသွားမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် ရပ်တည်ခွင့်ကိုမူ နောက်မှ ဆက်လက် တင်သွင်းမည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD သည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံ မတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ တွင် ဆုံးဖြတ်ချက် ချခဲ့သည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စစ်အစိုးရပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်