NLD ရပ်တည်ခွင့် တရားရုံးသို့ လျှောက်ထားခွင့်ရ

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆက်လက် ရပ်တည်ခွင့် အတွက် တရားရုံးက ကြားနာပေးရန် လျှောက်ထားမှုကို တရားရုံးချုပ် (ရန်ကုန်) က ယနေ့ ရယူထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ လျှောက်လွှာကို တရားရုံးချုပ်က ရယူထားလိုက်ပါပြီ။ မှတ်ပုံတင်တာတော့ မလုပ်ရသေးဘူး။ ကျနော်တို့ လျှောက်လွှာတွေကိုတော့ လက်ခံထားတယ်။ မနက်ဖြန်မှ အကျိုးအကြောင်း သိရမယ်” ဟု ပါတီ ပြောခွင့်ရရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စစ်အစိုးရပိုင် မီဒီယာများမှတဆင့် ကြေညာခဲ့ရာ NLD ပါတီ ဆက်လက် ရပ်တည်ခွင့်အတွက် ဒုတိယအကြိမ် ပြန်လည် တရားရင်ဆိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်းဆိုင်ရာ ဥပဒေ ပါလာခဲ့သည့် အပေါ် NLD ပါတီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဧပြီ ၂၉ ရက်တွင် ပထမအကြိမ် တရားစွဲဆိုခဲ့ရာ ရန်ကုန်တိုင်း တရားရုံးမှ တရားရေးဝန်ထမ်းတဦးက ပါတီ၏ လျှောက်လွှာကို  မေ ၅ ရက် နေ့က လက်ခံရန် ငြင်းပယ်ထားခဲ့သည်။

“အဲဒီတရားရေးဝန်ထမ်းက လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ဆိုပြီး လက်မခံဘူး ပြောတယ်။ ကျနော်တို့က ဒီလို ပြောခွင့်မရှိဘူး။ ပြောဆိုခွင့် ရှိတဲ့ သူတွေက ဆုံးဖြတ်ဖို့သာ လိုတယ်ဆိုတာကို တရားသူကြီးချုပ်ဆီလည်း စာတင်ထားပါတယ်။ ဘာပြန်ကြားမှုမှ တော့ မရှိသေးဘူး။  ကျနော်တို့ကတော့ ဥပဒေကြောင်းအရ ဆောင်ရွက်သင့်တာတွေကို ဆက်လုပ်သွားမှာပါပဲ”  ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံ မတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ တွင် ဆုံးဖြတ်ချက် ချခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်