တရုတ်-မြန်မာ နယ်စပ် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ်ကျဆင်း

E-mail Print
ကမ္ဘာ့ငွေကြေး အကြပ်အတည်း ပြဿနာ ရိုက်ခတ်မှု ကြောင့် တရုတ်-မြန်မာ နယ်စပ် ကျောက်စိမ်း ဈေးကွက် အရောင်းအ၀ယ် ကျဆင်းလျက် ရှိကြောင်း သိရသည်။

ထိုင်ဝမ်၊ ဟောင်ကောင်နှင့် တရုတ်ပြည် ဘေဂျင်းတို့မှ ပုံမှန် လာရောက်ဝယ်ယူနေသည့် ကျောက်စိမ်းကုန်သည် များသည် ပြီးခဲ့သည့်လ ကမ္ဘာ့ငွေကြေး အကြပ်အတည်း ပြဿနာ စဖြစ်ကတည်းက မလာရောက်နိုင် ကြတော့ကြောင်း တရုတ်ပြည် ရွှေလီမြို့မှ ကျောက်စိမ်း အရောင်းအ၀ယ်သမား တဦးက ပြောသည်။

ယခင်လက ယွမ် ၁၅၀၀၀ ခန့်ဖြင့် ရောင်းချရသည့် ကျောက်စိမ်းသည် ယခု ယွမ် ၅၀၀၀ ခန့်ဖြင့် ရောင်းချရန်ပင်  မလွယ်ကူကြောင်း ၎င်းက ပြောသည်။

“အရင်တုန်းက ကြယ်ဂေါင်ဘက်က ၀ယ်လာတဲ့ ကျောက်က ရွှေလီမှာ အရောင်းအ၀ယ်က ကြာရင် ၁၀ ရက် တပတ်ဆို အရောင်းအ၀ယ်ဖြစ်တာပဲ၊ အခုက ရောင်းလို့ကို မရဘူးဖြစ်နေတာ၊ ၅ လပိုင်းလောက်က ၀ယ်ထားတဲ့ ကျောက်တွေ အခုအချိန်အထိ ရောင်းမထွက်သေးဘူး၊ အဲဒီလိုဖြစ်နေတယ်၊ ရောင်းရင်လည်း အနည်းဆုံး ခေါက်ချိုးပြတ် ရှုံးမယ်၊ အဲဒါ အရောင်းအ၀ယ် လုပ်တဲ့သူတွေက ဖြစ်သလို ရပ်တည်နေကြရတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာပြည်တွင်းမှ နယ်စပ်သို့ လာရောက်၍ ကျောက်အရောင်းအ၀ယ် ပြုလုပ်သူ အများစုသည် လက်ရှိအခြေ အနေကြောင့် မြန်မာပြည်သို့ ပြန်သွားကြရသူများရှိပြီး တရက်လျှင် ယွမ်ငွေ ၃၀-၄၀-၅၀ ရရှိသော တခြား အလုပ်များကို လုပ်ကိုင်ရပ်တည် နေကြရသည်ဟုလည်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့မှ ကျောက်စိမ်းကုန်သည် အမျိုးသမီး တဦးကလည်း တရုတ်-မြန်မာ နယ်စပ်ရှိ တရုတ် ကျောက်စိမ်း ကုန်သည်များက ယခင် ကျပ် ၁၀ သန်းခန့် ၀ယ်နေရာမှ မကြာသေးခင်က ကျပ် ၄ သိန်း ဖိုးခန့်သာ အရောင်းအ၀ယ် ဖြစ်တော့ကြောင်း ပြောသည်။

ဖားကန့်ရှိ ကျောက်စိမ်း ဖက်စပ် ကုမ္ပဏီတချို့သည် ကမ္ဘာ့ငွေကြေး အကြပ်အတည်း ပြဿနာရိုက်ခတ်မှုကြောင့် မကြာသေးခင်က ကုမ္ပဏီများ ရပ်ဆိုင်းခဲ့ကြရပြီး အလုပ်သမားများကိုလည်း လုပ်အားခမပေး စားသောက် စရိတ်မျှသာ ပေးနိုင်ကြောင်း အထက်ပါ ကျောက်စိမ်း ကုန်သည် အမျိုးသမီးက ပြောဆိုသည်။

အလုပ်သမား အများစုမှာ ဘာကြောင့် ကုမ္ပဏီ ရပ်ဆိုင်းရသည်ကို မသိရှိကြကြောင်း၊ တချို့မှာ စိတ်ဓာတ်ကျပြီး မူးယစ်ဆေးဝါး အသုံးပြုမှုများပင် ရှိကြောင်းလည်း သိရသည်။ ယင်း ကျောက်တွင်း အလုပ်သမားများမှာ လုပ်အား ခ တရက်လျင် ကျပ် ၂၀၀၀ ခန့်သာ ရရှိသည်ဟု ဆိုသည်။

နယ်စပ်ဒေသ ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသော ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့(AKSYU) မှ အကြံပေးအဖွဲ့ဝင် ကိုအောင်ဝါက ကျောက်စိမ်း ရောင်းချမှု ၇၅ ရာခိုင်နှုန်း ကျဆင်းကြောင်း ပြောသည်။

၎င်းတို့အဖွဲ့မှ ထုတ်ပြန်ခဲ့သော “Blood Jade: Burmese & the Beijing Games” အစီရင်ခံစာတွင်လည်း မြန်မာ နိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းခန့်ကို စစ်အစိုးရက တရုတ်နိုင်ငံသို့ ရောင်းချခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

စစ်အစိုးရက ရရှိသော နိုင်ငံခြားဝင်ငွေများတွင် ကျောက်စိမ်း ရောင်းချခြင်းမှ ရရှိသောဝင်ငွေသည် တတိယ အများဆုံးဖြစ်ပြီး တနှစ်လျှင် ဒေါ်လာသန်း ၃၀၀ ခန့် ရရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်