ကြံ့ဖွံ့ပါတီဝင် အိမ်ဟု ပိုစတာများ ကြံ့ဖွံ့လိုက်ကပ်နေ

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရန်ကုန်တိုင်း မြို့နယ်တချို့ရှိ နေအိမ်များကို ၎င်းတို့ကြံ့ဖွံ့ ပါတီဝင် အိမ်များဖြစ်သည်ဟု နံရံကပ်ပိုစတာ စာရွက်များ လိုက်လံ ကပ်နေကြောင်း သိရသည်။

“ဤအိမ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် အိမ်ဖြစ်သည် ဆိုပြီးတော့ တောင်ဒဂုံနဲ့သာကေတ မြို့နယ်တွေမှာ
လိုက်လံ စာကပ် နေတာပါ”ဟု ဒီမိုကရက်တစ် ပါတီ(မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောသည်။

Union-Solidarity-and-Development-Party-(USDP)-campaignsယခု ရက်ပိုင်း အတွင်း ကြံ့ဖွံ့ပါတီက ယင်းသို့ လုပ်ဆောင် နေခြင်းနှင့် ပတ်သက်၍ အထောက် အထားများ၊ မှတ်တမ်း ဓာတ်ပုံများဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်း ကြားထား ကြောင်းလည်း ဦးသုဝေက ပြောဆိုသည်။

“ဒီလိုလုပ်တာဟာ တခြားပါတီတွေ မလာရဲအောင်၊ စည်းရုံးလို့ မရတော့အောင် လုပ်တာပါ၊ ဥပဒေ နဲ့ ညီတဲ့လုပ်ရပ် မဟုတ်လို့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ တားဆီးပေးဖို့ တိုင်ထားပါတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ တောင်ဒဂုံက ရပ်ကွက်တချို့က အိမ်တွေမှာ ကြံ့ဖွံ့ပါတီက စာကပ်တာ၊ ပါတီဝင်လုပ်ဖို့ အတင်းစည်းရုံးတာတွေ ဆက်တိုက်လုပ်နေပါတယ်၊ သူတို့စာကပ်တဲ့ အိမ်တွေက ပါတီဝင်ထားတဲ့ အိမ်တွေလည်း မဟုတ်ပါဘူး၊ စာကပ်ဖို့ခွင့်တောင်း
တာလည်း မရှိဘူး၊ ရယက တွေ၊ ကြံ့ဖွံ့တွေ လာကပ်တာပါ၊ တချို့တော့ ချက်ချင်းခွာပစ်လိုက်တယ်၊ တချို့ကတော့ ကြောက်
တော့ ဒီအတိုင်းပဲ ထားတယ်”ဟု တောင်ဒဂုံ ၆၅ ရပ်ကွက် ဒေသခံ တဦးက ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား ယခုလလယ်မှ စတင်ကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင် နေ ကြောင်း မင်္ဂလာတောင်ညွှန့် မြို့နယ် ကြံ့ဖွံ့ပါတီဝင် တဦးက ပြောပြသည်။

“မြို့နယ်အလိုက် ကြံ့ဖွံ့ပါတီကနေ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဥပမာ ၄ ယောက်ရှိတယ်ဆို အဲဒီ ၄ ယောက် ပုံ ၊ ကိုယ် ရေး အကျဉ်းနဲ့ ကြံ့ဖွံ့ပါတီရဲ့ မူဝါဒ သဘောထားတွေပါတဲ့ လက်ကမ်း စာစောင်တွေ ရိုက်ထားပြီး မြို့နယ် ရုံးတွေ ပို့ထား ပေးပြီးပြီး။ မဝေရသေးဘူး”ဟု သူက ဆိုသည်။

အဆိုပါ လက်ကမ်းစာစောင်များနှင့် ရွေးကောက်ပွဲဝင်ရောက်မည့် ၀န်ကြီးများ စည်းရုံးရေးဆင်းရာတွင် ပြောဆိုမည့် စကား များ အား အဆင်သင့် ရေးသားပြင်ဆင်ထားပြီး ယခုလအတွင်းပြုလုပ်မည့် ပြည်နယ်နှင့် တိုင်း အသီးသီးရှိ ကြံ့ဖွံ့ပါတီ အစည်းအဝေး အပြီးတွင် စတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

ကြံ့ဖွံ့ပါတီ၏ ၀ါဒ ဖြန့်ချိရေး အပတ်စဉ် သတင်းလွှာကိုလည်း ပြီးခဲ့သည့် လဆန်းပိုင်းတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။

“လသာနဲ့ မင်္ဂလာတောင်ညွှန့် မြို့နယ်မှာ ရှိတဲ့ ကြံ့ဖွံ့ရုံးတွေမှာ ဗနိုင်းတွေ မနေ့က စချိတ်တယ်။ မင်္ဂလာတောင်ညွှန့် ရုံးဆို ဦးအောင်ကြည် ပုံရယ် သူ့ ကိုယ်ရေးအကျဉ်းရယ်ပါတယ်။ မြို့နယ်အလိုက် ရုံးတွေမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးချိတ်သွားဖို့ လုပ်နေတယ်”ဟု လသာမြို့နယ် မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီဝင် စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

မြို့နယ်ရုံးများတွင် ယင်းကဲ့သို့ ဗနိုင်းများထုတ်ကာ ချိတ်ဆွဲထားခြင်းများပြုလုပ်သကဲ့သို့ ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ်ကြီးများအား တိုင်း အလိုက်၊ ခရိုင် အလိုက် စိုက်ထူသွားရန် ရှိကြောင်း သူက ပြောပြသည်။


“ရွေးကောက်ပွဲ ကာလက တဖြည်းဖြည်း နီးလာတော့ ပါတီတွေ အပြိုင်အဆိုင် စည်းရုံးရေးဆင်းကြတာမျိုး။ ကြံ့ဖွံ့မှာ ၀င် ပြိုင် မယ့် ၀န်ကြီးတချို့က နဂိုကတည်းက နယ်တွေဆင်းပြီး စည်းရုံးရေးလုပ်နေခဲ့တာပဲ။ အခုကတော့ ရွေးကောက်ပွဲဝင်မယ့်ဝန်ကြီး တွေ၊ ဌာနမှူးတွေ အကုန်လုံး သက်ဆိုင်ရာသတ်မှတ်ပေးထားတဲ့ နယ်တွေသွားပြီး အရှိန်မြှင့် စည်းရုံးရေးလုပ်ကြရမယ့် သဘော ပါပဲ”ဟု နေပြည်တော် မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ဆိုသည်။

ကြံ့ဖွံ့ ပါတီသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အတင်းအကျပ်ပါတီဝင် ခိုင်းသည့်လုပ်ရပ်များအပြင် ဥပဒေ ချိုးဖောက်၍ နိုင်ငံပိုင် အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများကိုပါ မဲဆွယ်စည်းရုံးရေး အတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။

မဲဆွယ်စည်းရုံးမှုအတွက် ဘာသာရေး အဆောက်အအုံများကို အဓမ္မအသုံးပြုခြင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်း တချို့က အသုံးပြုခွင့် မပြုတော့ကြောင်းသိရသည်။

“ကျနော်တို့ စစ်တွေမြို့က မကျဉ်းမြိုင်ဘုန်းကြီးက အရင်နှင်ထုတ်တာပါ၊ အခုတော့ လရောင်ဝင်းကျောင်းတို့၊ ဆင်ထိန်း ကျောင်း တို့လည်း ကြံ့ဖွံ့ပါတီက ကိုယ်စားလှယ်တွေကို အ၀င်မခံတော့ဘူးလို့ ကြားရပါတယ်”ဟု စစ်တွေမြို့ခံ တဦးက ပြော သည်။

ဘုန်းတော်ကြီးကျောင်းများ၌ စည်းရုံးခွင့် မပြုတော့ခြင်းမှာ ကြံ့ဖွံ့ပါတီသည် တခြားနိုင်ငံရေးပါတီများ လုပ်ခွင့်မရသော အရာများ
ကို အာဏာသုံး၍ လုပ်ဆောင်သည့်အပြင် ရွေးကောက်ပွဲ ဥပဒေကိုပါ ချိုးဖောက်နေခြင်းကြောင့် ဆရာတော်များက ခွင့်မပြု တော့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီမှ အရွေးခံမည့် ကိုယ်စားလှယ်လောင်းများသည် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးသည့်အပြင် ယခုအခါ ငွေပေး စည်းရုံးခြင်းကိုပါ လုပ်ဆောင်နေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီမှ အရွေးခံမည့် စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေသည်လည်း ၎င်း၏ စည်းရုံးရေး ခရီးစဉ်တွင်လာရောက် အားပေးသူများကို ငွေကျပ် ၅ ထောင်စီပေးကြောင်း ကော့မှူး ဒေသခံများက ပြောဆိုသည်။

ဦးခင်ရွှေသည် စည်းရုံးရေးသွားရာတွင် အနုပညာရှင်များကိုပါ ခေါ်ယူ၍ ၎င်းအရွေးခံမည့် ဒေသများကို လိုက်လံ စည်းရုံးလျက်
ရှိကြောင်းလည်း သိရသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ဦးရေ အများဆုံးဖြစ်နေခြင်းကြောင့် အစိုးရဖွဲ့ရန် သေချာနေပြီဖြစ်
သည့်အပြင် လွှတ်တော်ထဲသို့ အမတ်ဦးရေ ၃၈ ဦးမှာ ပြိုင်ဘက်မရှိရောက်ရှိနေပြီး ဖြစ်ကြောင်းလည်း ဦးခင်ရွှေ က ဧရာဝတီ ကို ပြောသည်။

ခင်ဦးသာနှင့် နရီလင်းလက် ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်