ယုဇန ကုမ္ပဏီ ၀န်ထမ်းများကို စစ်သင်တန်းပေးနေ

E-mail Print
ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းဒေသရှိ ယုဇန ကုမ္ပဏီမှ အရပ်သား ၀န်ထမ်း ၅၀၀ ခန့်ကို နအဖ စစ်အစိုးရက အခြေခံ စစ်သင်တန်းများ ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၃ လခန့်မှ စတင်၍ စစ်သင်တန်းပေးခဲ့ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့က ယင်းသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ သည်ဟု ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ကိုအောင်ဝါက ဧရာဝတီသို့ ပြောသည်။

tyrants-tycoons-and-tigersသင်တန်းဆင်းပွဲတွင် တရုတ်နိုင်ငံထုတ် အမ်(၂၂) အမျိုးအစား လက်နက် ၆၀ ခန့်ကိုလည်း ပေးအပ်ခဲ့ကြောင်း ၎င်းက ဆို သည်။ ယင်း လက်နက်များကို ဒေသကွပ်ကဲရေးမှူး စစ်ဌာနချုပ်(ဒကစ) မှူးတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်အစိုးရက စစ်သင်တန်းပေးခြင်းနှင့် ပတ်သက်၍ စစ်ဖြစ်လာပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တိုက် ခိုက်ရန် အတွက် ဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများက ဆိုသည်။

“ဒါကတော့ ရှင်းရှင်းလေးပဲ KIO နဲ့ ဖြစ်မယ့် ပြည်တွင်းစစ်ကို ၂၀၁၀ ရွေကောက်ပွဲပြီးတဲ့နောက်ပိုင်း အဲဒါကို သူတို့ ပြင်ဆင်တာ၊ အဓိက ရည်ရွယ်ချက်က အဲဒါပါပဲ”ဟု ချင်းမိုင်မြို့ အခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ ကိုလဖိုင်နော်ဒင်းက ပြောသည်။

သို့သော် ယုဇန ကုမ္ပဏီမှ အရပ်သား ၀န်ထမ်းများကို သင်တန်းပေးသည့် အကြောင်း အရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။

ယုဇန ကုမ္ပဏီ ၀န်ထမ်းများကို စစ်သင်တန်းပေးခြင်းသည် လတ်တလော အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့ဝင်များကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် စစ်အစိုးရက ဖိအားပေးနေချိန်နှင့်လည်း တိုက်ဆိုင်နေ သည်။

ယခုနှစ်အတွင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်မှ ထုတ်ပြန်သည့် “Tyrants, Tycoons and Tigers” အစီရင်ခံစာအရ
ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေမှ မြေဧက နှစ်သိန်းကို ၂၀၀၆ ခုနှစ်တွင် ဦးဌေးမြင့်က ပိုင်ဆိုင်ထားပြီး ယုဇန ကုမ္ပဏီက ကြံနှင့် ဇီဝ လောင်စာဆီ အတွက် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရရှိခဲ့ကြောင်း သိရသည်။

ယုဇန ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူတဦးဖြစ်နေသောကြောင့် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့မှ စီးပွားရေး ပိတ်ဆို့ အရေးယူထားသူများတွင် တဦး အပါအဝင်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်း အစီရင်ခံစာတွင် ယုဇန ကုမ္ပဏီ၏ စိုက်ပျိုးရေး စီမံကိန်းများကြောင့် အတင်းအကျပ်ရွှေ့ပြောင်း ပေးရသည့် ဒေသခံ များ အကြောင်း၊ ဘူဒိုဇာများနှင့် မြေတူးစက်များ အသုံးပြု သောကြောင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးရခြင်း အကြောင်း နှင့် စိုက်ပျိုးရေး စီမံကိန်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို တင်ပြထားသည်။

ဟူးကောင်းဒေသမှ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုများနှင့် အဓမ္မ ရွှေ့ပြောင်းစေမှုများအတွက် လယ်သမား ၁၄၈ ဦးတို့မှ ယုဇန ကုမ္ပဏီကို မြစ်ကြီးနားတွင် အမှုဖွင့် တရားစွဲခဲ့ပြီး ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)ကို စုံစမ်းဖော် ထုတ်ပေးရန် ယခုနှစ် ဇူလိုင်လအတွင်းက တောင်းဆိုခဲ့သည်။

ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)အနေဖြင့် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြောင်း ငြင်းဆိုထားသည်။ တချိန်တည်းတွင်ပင် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေအတွင်း နအဖတပ်များ ကျူးကျော်လာ ပါက ပစ်မိန့်ပေးထားကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရန် အတွက် ဖိအားပေးနေသော်လည်း KIO အပါအ၀င် SSA-N နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့များက လက်မခံသဖြင့် စစ်ရေးအရ တင်းမာမှုများ ရှိနေကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်