လူ့အခွင့်အရေး ညီလာခံတွင် နိုင်ငံရေး အကျဉ်းသားအရေး အဓိက ဆွေးနွေး

E-mail Print
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသော လူ့အခွင့်အရေး ညီလာခံတွင် မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ၏ အခွင့်အရေး ဆုံးရှုံးမှုများကိုလည်း အဓိက ဆွေးနွေးကြကြောင်းသိရသည်။

“အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စာတမ်းတစောင် တင်ခဲ့ပါတယ်။ အဓိက တင်ပြထားတာက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စနစ်တကျ နှိပ်စက်ခံနေရတာ၊ တရားစီရင်ရေးစနစ် မမျှတတာတွေ ပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကိုဘိုကြည်က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ နှစ် ကာလအတွင်း စစ်အစိုးရ၏ စနစ်တကျ ညှဉ်းပမ်းနှိပ်စက်မှုများအပြင် မြန်မာနိုင်ငံ၏ အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်းလည်း ဦးဘိုကြည်က ဆိုသည်။

အရှေ့တောင်အာရှ လူ့အခွင့်အရေးဆိုင်ရာ ပထမအကြိမ် နိုင်ငံတကာ ညီလာခံ (First International Conference on Human Rights in Southeast Aisa) တွင်ကို အောက်တိုဘာလ ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် ပြုလုပ်ခဲ့ပြီး အာဆီယံနိုင်ငံများမှ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား နိုင်ငံများအပြင် ဥရောပနိုင်ငံများ၊ ထိုင်းနိုင်ငံတွင် လာရောက် ပညာသင်ကြားနေသူများနှင့် နိုင်ငံတကာမှ ပညာရှင်များ စသည်ဖြင့် လူပေါင်း ၃၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ စူရင်ပစ်ဆူဝမ်လည်း တက်ရောက်၍  အာဆီယံနိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေများနှင့် လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပဋိညာဉ် စာတမ်းတခု အမြန် ပေါ်ပေါက်လာရေးတို့ကို ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

ယခုအစည်းအဝေး၌ မြန်မာ့ နိုင်ငံအရေးနှင့် ပတ်သက်၍ ထူးထူးခြားခြား ဆွေးနွေးပြောဆိုမှုများ မရှိခဲ့သော်လည်း အမြင်ဖလှယ်ခြင်းများရှိကြောင်း၊ တက်ရောက်လာသူများသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲ၌ အာဆီယံနိုင်ငံများမှ အကူအညီ ပေးနိုင်မည့် အခြေအနေများကိုလည်း မေးမြန်းမှုများရှိကြောင်း ကိုဘိုကြည်က ပြောသည်။

အောက်တိုဘာလ ၁၂ နေ့တွင် ဆွစ်ဇာလန်၊ နယ်သာလန်၊ နော်ဝေနိုင်ငံ သံရုံးများမှ တာဝန်ရှိသူများနှင့် မြန်မာ့အရေးကို ဆွေးနွေးခဲ့သည့် ဦးဘိုကြည်က “နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘဲနဲ့ ရွေးကောက်ပွဲ လုပ်မယ့် အခြေအနေတွေ၊ ဖြစ်နိုင်မယ်ဆိုရင် သူတို့နိုင်ငံတွေ အနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ ဆွေးနွေးပါတယ်။ ဆွစ်ဇာလန်က သဘောတူပေမယ့် နော်ဝေနဲ့ နယ်သာလန်ကတော့ သဘောတူညီမှု မရသေးပါဘူး” ဟု ဆိုသည်။

AAPP အဖွဲ့မှ ဦးအောင်ခိုင်မင်းသည်လည်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် နယူးဇီလန်ပါလီမန်၌ နိုင်ငံရေးပါတီပေါင်းစုံမှ
လွှတ်တော်အမတ်များ ပါဝင်သော Cross Parties Parliamentary Group on Burma အဖွဲ့မှ အမတ်များနှင့် နိုင်ငံရေး အကျဉ်းသားများ၏ လူ့အခွင့်အရေးများ ဆုံးရှုံးနေရသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲအပြီးတွင် နယူးဇီလန် ပါလီမန်အမတ်များက နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန် မြန်မာအစိုးရအား
တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲ မတိုင်မီ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်သော မြန်မာ့ မိတ်ဆွေနိုင်ငံများက စက်တင်ဘာလ  ၂၉  ရက်နေ့တွင် တောင်းဆိုခဲ့သေးသည်။

ရွေးကောက်ပွဲ မတိုင်မီ အကျဉ်းသားများ လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အဓိကကျသော နိုင်ငံရေးအကျဉ်းသားများ ပါဝင်မည်မဟုတ်ကြောင်း AAPP မှ ဦးတိတ်နိုင်က ပြောသည်။

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များတွင်  နိုင်ငံရေးအကျဉ်းသား ၂၁၈၃ ဦး ခန့်ရှိကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း အကျဉ်းထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦး ရှိကြောင်း AAPP ကထုတ်ပြန်သည့် စာရင်းများ အရသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်