DKBA တပ်မှူးကို နယ်ခြားစောင့်ဖွဲ့ရန် မြိုင်ကြီးငူ ဆရာတော် တိုက်တွန်း

E-mail Print
မြိုင်ကြီးငူ ဆရာတော် ဦးသုဇနက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်နှင့် ပတ်သက်၍ တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးထံ သွားရောက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

notekhanmhweဆရာတော် ဦးသုဇနသည် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး နေထိုင်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) နှုတ်ခမ်းမွေး တပ်ဖွဲ့အား နအဖ က တိုက်ခိုက်ချေမှုန်း လာမည်ကို စိုးရိမ်ပူပန်သောကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်ခံရန် ဆရာတော်က သွားရောက် တိုက်တွန်းခြင်းဖြစ်သည်ဟု နှုတ်ခမ်းမွေး နှင့် နီးစပ်သူ တဦးကို ကိုးကား၍ ကရင်သတင်းစဉ်(KIC) အယ်ဒီတာ နန်းဖောဂေ က ပြောသည်။

သို့သော် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး က ဆရာတော်၏ တိုက်တွန်းချက်ကို လက်ခံ၊ မလက်ခံကိုမူ ပြန်မပြောခဲ့ကြောင်း သိရသည်။ 

တခြားသော DKBA နှင့် နီးစပ်သူ တဦးက မြိုင်ကြီးငူ ဆရာတော်က အဆင်ပြေစေရန် သွားရောက် ပြောကြားခဲ့ သော်လည်း လက်မခံကြောင်း ကြားသိရသည်ဟု ပြောဆိုသည်။

ဆရာတော် ဦးသုဇနသည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသတွင် သီတင်းသုံးနေပြီး DKBAကို ဦးဆောင်ခဲ့သူ အဖြစ် ထင်ရှား သည်။ DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ကာ တဖြည်းဖြည်း အင် အား ကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

မကြာခင်ရက်ပိုင်းတွင်လည်း ကစထ (၄) မှူး မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ အရှေ့တောင် တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် သက်နိုင်ဝင်း က နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆိုထားသော တပ်ဖွဲ့ဝင်တချို့ကို ဆွေးနွေး ရန် မြ၀တီမြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့နှင့် ဗိုလ်ချုပ် စောထိန်မောင် ဦးစီး သော ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA) အဖွဲ့တို့ကို ဆွေးနွေးရန် ရှိကြောင်း သိရသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက လက်ခံခဲ့ ကြသော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် DKBA တပ်မှ ခွဲထွက်ခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောမတူသဖြင့် ခွဲထွက်သွားသော ၎င်း တပ်ဖွဲ့များနှင့် စစ် အစိုးရ အကြား နှစ်ဘက် တင်းမာခဲ့ကြသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်